Home သတင်း ဖာပွန်-ကမ‌မောင်း ကားလမ်း ‌ကေအဲန်ယူ ပိတ်ပင်ထား

ဖာပွန်-ကမ‌မောင်း ကားလမ်း ‌ကေအဲန်ယူ ပိတ်ပင်ထား

2828
စက်တင်ဘာ ၉ရက်။ ‌ကေအိုင်စီ

ကရင်ပြည်နယ် ဖာပွန်နှင့် ကမ‌မောင်းကားလမ်းကို စက်တင်ဘာလမှစ၍ ကရင်အမျိုးသားအစည်းအရုံး ‌ကေအဲန်ယူက ပိတ်ပင် လိုက်သည်ဟု ထို‌ဒေသတဝိုက်တွင် ‌နေထိုင်သူများက ‌ပြောသည်။

ထို‌ဒေသသည် ‌ကေအဲန်ယူ တပ်မဟာ(၅)၊ ဖာပွန်ခရိုင်အတွင်း တည်ရှိပြီး ယင်းသို့ပိတ်ပင်ရခြင်းအ‌ပေါ် ‌ဒေသဆိုင်ရာ ‌ကေအဲန် အယ်လ်‌အေ တပ်မှူးတဦးက ‌ကေအိုင်စီကို ယခုလို ‌ပြောသည်။

“ဒီ‌ကေဘီ‌အေနဲ့ နအဖတပ်‌တွေက ကျ‌နော်တို့ တပ်မဟာ(၅)ကို ထိုးစစ်ဆင်‌တော့မယ်လို့ သတင်းရထားတဲ့အ‌ပေါ်မှာ စစ်ဆင် ‌ရေးအတွက် စစ်လက်နက်ပစ္စည်း‌တွေ၊ တပ်ရိက္ခာ‌တွေကို ဒီလမ်း‌ကြောင်းက‌နေပဲ သူတို့ သယ်‌ဆောင်ရမယ်။ ‌နောက်တခုက ဟတ်ကြီးဆည်နဲ့ ပတ်သက်ပြီး အ‌ကောင်အထည်‌ဖော်တဲ့အခါ လုံခြုံ‌ရေးအတွက် ဒီကားလမ်းကိုပဲ သူတို့ အသုံးပြုရမှာ ဖြစ် တယ်။ ဒါ‌ကြောင့် သူတို့ အသုံးပြုနိုင်တဲ့ ဒီကားလမ်းကို ပိတ်လိုက်ရတာဖြစ်တယ်”ဟု ဆိုသည်။

ဩဂုတ်လ ၁၇ရက်‌နေ့တွင် ‌ကေအဲန်ယူ တပ်မဟာ(၅)က အ‌ရေး‌ပေါ်အစည်းအ‌ဝေး ‌ခေါ်ယူပြီး ဖာပွန်-ကမ‌မောင်း ကားလမ်းကို စက်တင်ဘာလ ၁ရက်‌နေ့မှစ၍ ကား၊ ဆိုင်ကယ်၊ စက်ဘီး၊ လှည်းနှင့် လူများ မသွားလာကြရန်၊ ၎င်းကားလမ်း‌ဘေးနှစ်ဖက် ကိုက် ၁၀ဝပတ်လည်အတွင်း သွားလာလှုပ်ရှားခြင်းမပြုရန်၊ ၁၉၉၅ခုနှစ်မှစ၍ ကားလမ်း‌ဘေးတွင် လာ‌ရောက်‌နေထိုင်ကြသူ များအ‌နေဖြင့် ယခင် ‌နေရပ်ရင်း ရွာ‌ဟောင်း‌နေရာသို့ ပြန်လည်‌ရွှေ့‌ပြောင်း‌ပေးရန် ဆုံးဖြတ်ညွှန်ကြားခဲ့သည်။

ယခုလို ကားလမ်းပိတ်လိုက်ခြင်း‌ကြောင့် ထိုလမ်းကို အသုံးပြုသွားလာ‌နေသည့် ‌ဒေသခံပြည်သူများမှာ ဩဂုတ်လမကုန်ခင်က တည်းက အ‌ခြေခံစားကုန်များဖြစ်သည့် ဆား၊ ဆီ၊ ငြုပ်သီး၊ ကြက်သွန် စသည့် မီးဖို‌ချောင်စားသုံးကုန်များကို ကြိုတင်ဝယ်ယူစု ‌ဆောင်းထားရပြီး ထို‌ဒေသအတွင်းရှိ စား‌သောက်ကုန်များမှာ ယခင်ကထက် ‌ဈေးနှုန်း ပိုမိုမြင့်တက်လာသည်ဟု ဒွယ်လိုးမြို့ နယ်၊ မဲ‌ဝေရွာသူတဦးက ‌ပြောသည်။

ဖာပွန်မြို့နယ်အတွင်းရှိ ရွာလယ်ကွယ်းတခု၏ မြင်ကွင်း
ဖာပွန်မြို့နယ်အတွင်းရှိ ရွာလယ်ကွင်းတခု၏ မြင်ကွင်း

သူက “ဒီလမ်းကို ပိတ်‌တော့မယ်ဆိုတာ အနီးတဝိုက်မှာရှိတဲ့ လူထု‌တွေကို ‌ကေအဲန်ယူဘက်က ကြိုတင်အသိ‌ပေးထားတာ ‌တော့ ရှိတယ်။ ကျမတို့လည်း လိုအပ်တဲ့ စားသုံးကုန်‌တွေကို ကြိုပြီးဝယ်စုထားရတယ်။ အဲလိုဖြစ်‌တော့ ကုန်‌ဈေးနှုန်း‌တွေက လည်း အဆမတန် တက်တယ်။ ဆားတအိတ်ဆိုရင် ၄၀၀ဝကျပ်က‌နေ ၇၀၀ဝကျပ်အထိ တက်တယ်။ ဒီလိုဝယ်ထား‌တော့ လည်း မ‌တော်တဆ တိုက်ပွဲ‌တွေဖြစ်လို့ ဒါမှမဟုတ် လမ်းပိတ်တုန်းမှာ သွားလာလို့မရ ဖြစ်‌နေရင် စား‌ရေး‌သောက်‌ရေး နည်း နည်းခံသာတာ‌ပေါ့”ဟု ‌ပြောသည်။

ထိုကိစ္စနှင့် ပတ်သက်၍ ဒီ‌ကေဘီ‌အေ (၉၉၉)တပ်မဟာမှ တပ်ရင်းမှူးတဦးကို ဆက်သွယ်‌မေးမြန်းရာ “‌ကေအဲန်ယူ တပ်မဟာ (၆)နဲ့ တပ်မဟာ(၅)ကို ဒီ‌ကေဘီ‌အေက သွားပြီး ထိုးစစ်ဆင်ဖို့ဆိုတာ ကျ‌နော်တို့လည်း အခုထိ ဘာမှမသိရ‌သေးဘူး”ဟု ပြန် လည်‌ဖြေကြားခဲ့သည်။

ပြီးခဲ့သည့် ဩဂုတ်လဆန်းပိုင်းက ‌ကေအဲန်အယ်လ်‌အေတပ်ဖွဲ့ အစည်းအ‌ဝေးပြုလုပ်ခဲ့ပြီး‌နောက် တပ်မဟာ(၅)အ‌နေဖြင့် အ ‌ရေး‌ပေါ် အစည်းအ‌ဝေး‌ခေါ်ယူ ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်ပြီး ၎င်းကားလမ်းကို အနည်းဆုံး နိုဝင်ဘာလအထိ ပိတ်ပင်ထားမည်ဟု ခန့်မှန်းထားကြ‌သော်လည်း အတိအကျကိုမူ ‌ပြောဆိုနိုင်ခြင်းမရှိ‌သေး‌ပေ။