Home ထိပ်တန်းသတင်း မယ်လဒုက္ခသည်စခန်း ကမ္ဘာ့ဆရာများ‌နေ့သို့ လူ‌ပေါင်း‌သောင်းချီ တက်‌ရောက်ခဲ့

မယ်လဒုက္ခသည်စခန်း ကမ္ဘာ့ဆရာများ‌နေ့သို့ လူ‌ပေါင်း‌သောင်းချီ တက်‌ရောက်ခဲ့

1840
‌အောက်တိုဘာလ ၅ရက်။ နန်းသူး‌လေ (‌ကေအိုင်စီ)

ယ‌နေ့ ကျ‌ရောက်သည့် ၁၇ကြိမ်‌မြောက် ကမ္ဘာ့ဆရာများ‌နေ့ကို ထိုင်း- မြန်မာနယ်စပ်ရှိ မယ်လဒုက္ခသည်စခန်းတွင် ဒုက္ခသည် ဆရာ၊ဆရာမများအား ဂုဏ်ပြုသည့် အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ စခန်းတွင်းရှိ ‌ကျောင်းသား‌ကျောင်းသူများနှင့် ဆရာ ဆရာမ အပါအဝင် လူပရိဿတ် တစ်‌သောင်း‌ကျော် တက်‌ရောက်ခဲ့ကြသည်။

မယ်လစခန်းရှိ (Office of Camp Education Entity-OCEE)၊ စခန်းတာဝန်ရှိသူများ၊ ကရင်အမျိုးသမီးနှင့် ကရင်လူငယ်အ စည်းအရုံးတို့မှ စု‌ပေါင်းကာ ဆရာ၊ဆရာမများအား စိတ်ဓါတ်မြှင့်တင်‌ပေးသည့်အ‌နေဖြင့် ကျင်းပပြုလုပ်ခဲ့ကြခြင်းဖြစ်သည်ဟု မယ်လစခန်းမှ ပညာ‌ရေးတာဝန်ခံ ‌စော‌စေးဖာထူးက ‌ကေအိုင်စီကို ‌ပြောသည်။

“ဒီကမ္ဘာ့ဆရာများ‌နေ့ကို ကျင်းပရခြင်းရဲ့ ရည်ရွက်ချက်က‌တော့ စခန်းထဲမှာရှိတဲ့ ‌ကျောင်းဆရာ၊ဆရာမ‌တွေရဲ့ ကိုယ်ကျိုးမ ကြည့်ဘဲ အနစ်နာခံပြီး က‌လေးငယ်‌တွေကို စာသင်ကြား‌ပေး‌နေတာကို ဂုဏ်ပြုတာရယ်၊ စိတ်ဓါတ်မကျဘဲ ဆက်လက် သင် ကြား‌ပေးနိုင်ဖို့အတွက် သူတို့ရဲ့စိတ်ဓါတ်ခွန်အားကို မြှင့်တင်‌ပေးတဲ့အ‌နေနဲ့ အခုလို ကျင်းပလိုက်တာပါ။”ဟု ‌ပြောသည်။

အစီအစဉ်အရ မနက် ၈နာရီတွင် အခမ်းအနားကို စတင်ခဲ့ပြီး စခန်းပညာ‌ရေးတာဝန်ခံ၊ ဒုက္ခသည်စခန်းဆိုင်ရာ ထိုင်းအုပ်ချုပ် မှူး(ပလာ)၊ စခန်းဥက္ကဌ မန်းထွန်းထွန်း၊ ဒုဥက္ကဌ ‌စောသာကလယ်နှင့် ကရင်ဒုက္ခသည်‌ကော်မတီ ဒုဥက္ကဌ ‌စောဝင်းကိတ်တို့မှ အမှာစကား‌ပြောကြားခြင်း၊ Karen Refugee committee Education Entity နှင့် ZOA မှ ‌ပေးပို့သည့် သဝဏ်လွှာ ဖတ်ကြား ခြင်း၊ ‌ကျောင်းဆရာ ဆရာမများအား မျက်နှာသုတ်ပဝါ ‌ပေးအပ်ခြင်းများ ပြုလုပ်ခဲ့ကြသည်။

အခမ်းအနား တက်‌ရောက်သူ မယ်လစခန်းမှ အထက်တန်းလွန်‌ကျောင်းမှ ‌စော‌ပျော်ဦးက “ကျ‌နော် မြန်မာပြည်ထဲမှာတုန်းက ဆရာကန်‌ကော့ပွဲပဲ ‌တွေ့ဖူးတာ။ စခန်းထဲ‌ရောက်‌တော့မှ ကမ္ဘာ့ဆရာများ‌နေ့ကို သိတာ။ ဆရာ ဆရာမ အများကြီးကို ‌တွေ့ရ ‌တော့ အံ့ဩတယ်‌လေ။ အရင်တုန်းကဆို ဆရာ့‌ကျေးဇူးကို မသိတတ်ခဲ့ဘူး။ အခု‌တော့ တပည့်‌တွေ တိုးတက်‌အောင်မြင် ထူးချွန်သူ‌တွေဖြစ်‌အောင် လမ်းပြ‌ပေး‌နေတဲ့ ဆရာ၊ဆရာမတို့ရဲ့ ‌ကျေးဇူး‌တွေက ဆပ်လို့မကုန်‌တော့ဘူးဆိုတာ သိလာတယ်။” ဟု ‌ပြောသည်။

အထက်တန်းလွန်‌ကျောင်းသား ‌စောဘူးဒို့က “ဒီ‌နေ့မှာ ကျ‌နော်တို့ ပါဝင်တက်‌ရောက်ခွင့်ရတဲ့အတွက် အရမ်းပဲ ဝမ်းသာပါတယ်။ ကိုယ့်ကျိုးမကြည့်ဘဲ ‌ကျောင်းသူ‌ကျောင်းသား‌တွေအတွက် စွန့်လွတ်အနစ်နာခံပြီး ပညာသင်‌ပေးခဲ့တဲ့ ဆရာ‌တွေရဲ့‌ကျေးဇူးက အင်မတန်မှ ကြီးမားလှပါတယ်။ ဒါ‌ကြောင့် ဆရာ‌တွေဟာ ကျ‌နော်တို့ စာ‌ပေတတ်‌မြောက်‌အောင် သင်ကြား‌ပေးတဲ့ ‌ကျေးဇူးရှင် ‌တွေပါပဲ။”ဟု ဆိုသည်။

မယ်လဒုက္ခသည်စခန်းတွင် မူကြို‌ကျောင်းမှ အထက်တန်းလွန်အထိ ‌ကျောင်း‌ပေါင်း ၅၈‌ကျောင်းနှင့် ‌ကျောင်းသူ‌ကျောင်းသား ‌ပေါင်း ၁၁,၁၆ဝဦးရှိပြီး ကမ္ဘာ့ဆရာများ‌နေ့ကို စခန်းတွင် ၂၀၀၈ခုနှစ်မှ စတင် ကျင်းပခဲ့ရာ ယခုနှစ်သည် ၄ကြိမ်‌မြောက်ဖြစ် သည်။

Photo-ETK (မယ်လစခန်း ကမ္ဘာ့ဆရာများ‌နေ့ အခမ်းအနားမှ ‌ကျောင်းသားလူငယ်‌လေးများ)

၎င်းအပြင် ကမ္ဘာ့ဆရာများ‌နေ့ကို အုန်းဖျန်ဒုက္ခသည်စခန်းတွင်လည်း ကျင်းပခဲ့ကြသလို တာ့ခ်ခရိုင်၊ မဲ‌ဆောက်မြို့ရှိ Children Development Center-CDC အထက်တန်း‌ကျောင်းတွင်လည်း မြန်မာ‌ရွှေ့‌ပြောင်း‌ကျောင်း ၇၄‌ကျောင်းက ကမ္ဘာ့ဆရာများ‌နေ့ နှင့် ဆရာများညီလာခံကို တပြိုင်နက်တည်း ပြုလုပ်ခဲ့ကြသည်။

ကုလသမဂ္ဂ ပညာ‌ရေး၊ သိပ္ပံနှင့် ယဉ်‌ကျေးမှုအဖွဲ့(UNESCO)၏ အဆိုအရ ‌အောက်တိုဘာလ ၅ရက်‌နေ့ကို ကမ္ဘာ့ဆရာများ‌နေ့ အဖြစ် ၁၉၉၄ခုနှစ်ကတည်းက စတင် ကျင်းပခဲ့ပြီး ကမ္ဘာတစ်လွှားရှိ ဆရာ၊ ဆရာမများကို အ‌ထောက်အကူပြု‌ပေးနိုင်ရန်နှင့် အနာဂတ် မျိုးဆက်သစ်များ ဖြစ်ထွန်း‌အောင်မြင်‌ရေးတွင် ဆရာ၊ ဆရာမများ၏ အ‌ရေးပါမှုကို သတိပြုမိ‌စေရန် ရည်ရွယ်ချက် ဖြင့် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။