Home ထိပ်တန်းသတင်း ‌ရွှေဂက်(စ်)ကိုလည်း ဧရာဝတီလို ရပ်တန့်‌ပေးရန် ‌တောင်းဆို

‌ရွှေဂက်(စ်)ကိုလည်း ဧရာဝတီလို ရပ်တန့်‌ပေးရန် ‌တောင်းဆို

1610
‌အောက်တိုဘာလ ၆ရက်။ (‌ကေအိုင်စီ)

ဧရာဝတီမြစ်ဆုံ စီမံကိန်း ရပ်တန့်ထားမည်ဟု သမ္မတကြီး၏ ‌ကြေညာချက် ထွက်‌ပေါ်လာ ပြီး‌နောက် ‌ရွှေဂက်စ် ‌ရေနံနှင့် သဘာ ဝဓာတ်‌ငွေ့ပိုက်လိုင်း စီမံကိန်းကိုလည်း ရပ်တန့်‌ပေးရန် ‌ရွှေဂတ်(စ်)လှုပ်ရှားမှုအဖွဲ့က ‌တောင်း ဆိုသည့် ‌ကြေညာချက် ယ‌နေ့ ထုတ်ပြန်လိုက်သည်။

‌ရွှေဂက်စ် လှုပ်ရှားမှုအဖွဲ့မှ ကိုဝင်း‌အောင်က “ပြည်သူ‌တွေက ဒီမြစ်ဆုံစီမံကိန်းကို ဘာ‌ကြောင့် ဆန့်ကျင်ကြလဲဆို‌တော့ သူတို့ရဲ့ သဘာဝ သယံဇာတ‌တွေဟာ ဆိုးဝါး‌နေတဲ့ ပြဿနာကြားထဲက စစ်အုပ်စုနဲ့ ကုမ္ပဏီ‌တွေ ‌ကောင်းကျိုးအတွက်သာ ဖြစ်တယ်။ ‌ဒေသခံပြည်သူ‌တွေက‌တော့ ဆုံးရှုံးနစ်နာသွားကြတာပဲ ရှိတယ်။ ‌ရွှေဂက်စ်ကိုလည်း ဧရာဝတီ ‌ရေကာတာလိုပဲ ရပ်ကိုရပ်တန့်ရ မယ်။ ဘာလို့လဲဆို‌တော့ ဒီစီမံကိန်း‌ကြောင့် လူမှု၊ စီးပွား‌တွေ အများကြီး ဆုံးရှုံးသွားမယ့် အ‌ခြေအ‌နေ ရှိတယ်။”ဟု ‌ပြောသည်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နှင့် မြန်မာစစ်တပ်များကြား ဖြစ်ပွား‌နေသည့် စစ်ပဋိပက္ခများကြားက တည်‌ဆောက်‌နေသည့် မြစ်ဆုံ‌ရေကာတာစီမံကိန်းကဲ့သို့ပင် ‌ရွှေဂက်စ် စီမံကိန်းသည်လည်း စစ်ဖြစ်ပွားရာ ‌နေရာ‌ဒေသကို ဖြတ်သန်းပြီး တည်‌ဆောက် ‌နေခြင်း ဖြစ်သည်။

ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်‌မြောက်ပိုင်းရှိ သဘာဝသယံဇာတ ‌ပေါကြွယ်ဝ‌သော‌ဒေသများမှ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများကို ဖယ်ရှားရှင်းလင်းရန်အတွက် အစိုးရတပ်က ၂၀၁၁ခုနှစ်၊ မတ်လကတည်းကပင် ထိုးစစ်ကြီး ဆင်နွဲခဲ့သည်ဟု ‌ကြေညာချက်တွင် ‌ဖော်ပြထားသည်။

ထို့အပြင် သဘာဝဓာတ်‌ငွေ့ပိုက်လိုင်း တည်‌ဆောက်ရာ လမ်းတ‌လျှောက်တွင် ‌ဒေသခံပြည်သူတို့၏ လယ်ယာ‌မြေ သိမ်းဆည်းမှု ဖြစ်ပွားခဲ့သည့်အတွက် ပြည်သူများ လယ်မဲ့ယာမဲ့၊ အလုပ်လက်မဲ့ဘဝသို့ ‌ရောက်ရှိကြသည်သာမက ‌ရွှေဂက်စ် စီမံကိန်း‌ကြောင့် လူ့အခွင့်အ‌ရေး ချိုး‌ဖောက်မှု အန္တရာယ်များနှင့် မတရား ‌ခေါင်းပုံဖြတ် နှိပ်ကွပ်မှုတို့ကိုလည်း ‌ဒေသခံများ ရင်ဆိုင်‌နေရသည်။ ‌ရွှေဂက်စ် စီမံကိန်းတွင် ကီလိုမီတာ ၂၈၀ဝ ရှည်လျားသည့် ‌ရေနံနှင့် သဘာဝဓာတ် ‌ငွေ့ပိုက်လိုင်း သွယ်တန်းတည်‌ဆောက်‌ရေး စီမံကိန်းတို့ ပါဝင်သည်။

ပိုက်လိုင်းမှတဆင့် မြန်မာပြည်အ‌နောက်ဘက် ကမ်းရိုးတန်းရှိ ကမ်းလွန်သဘာဝ ဓာတ်‌ငွေ့နှင့် အ‌ရှေ့အလယ်ပိုင်း‌ဒေသမှ တင် သွင်းလာသည့် ‌ရေနံတို့ကို မြန်မာပြည်အလယ်ပိုင်းကို ဖြတ်ပြီး တရုတ်ပြည် အ‌နောက်‌တောင်‌ဒေသသို့ တင်ပို့မည်ဖြစ်သည်။

“သမ္မတဟာ ဒီမိုက‌ရေစီ အစိုးရဖြစ်မယ်ဆိုရင် ဒီမိုက‌ရေစီ စံနှုန်းစံညွှန်းနဲ့ ထိုက်သင့်တဲ့စနစ်‌တွေ သုံးဖို့လိုတယ်။ ပြည်သူ‌တွေ အပါအဝင် လွှတ်‌တော်အမတ်‌တွေရဲ့ အသံ‌တွေကိုလည်း ထည့်သွင်းစဉ်းစားဖို့လိုတယ်။ အဲဒီအတွက် ကျ‌နော်တို့ လက်ရှိ သမ္မတ အပါအဝင် လွှတ်‌တော်အမတ်‌တွေ ပြီး‌တော့ ပြည်သူလူထု‌တွေ ပြန်လည်သုံးသပ်ပြီး‌တော့ ဒီဟာ‌တွေကို ရပ်တန့်‌ပေး မယ်လို့ ခံယူပါတယ်။”ဟု ကိုဝင်း‌အောင်က ဆိုသည်။

မြန်မာအစိုးရက သဘာဝဓာတ်‌ငွေ့ ‌ရောင်းချခြင်းမှ ခန့်မှန်း‌ခြေပမာဏ အ‌မေရိကန်‌ဒေါ်လာ ၂၉ဘီလီလံခန့် ရှိသွားမည်ဖြစ်‌သော် လည်း ထိုဘဏ္ဍာ‌ငွေ‌ကြေးကို လူမှုဖွံ့ဖြိုးတိုးတက်‌ရေးအတွက် အသုံးပြုလိမ့်မည်မဟုတ်ဟု ‌ကြေညာချက်၌ ပါရှိသည်။

သဘာဝဓာတ်‌ငွေ့ ပိုက်လိုင်း စီမံကိန်းကို တရုတ်အမျိုးသား ‌ရေနံ‌ကော်ပို‌ရေးရှင်း ကုမ္ပဏီနှင့် ‌တောင်ကိုးရီးယားနိုင်ငံမှ ‌ဒေဝူးအင် တာ‌နေရှင်နယ်ကုမ္ပဏီကြီးတို့က အဓိက ပါဝင်‌နေသည်။ မြန်မာ-တရုတ် ‌ရေနံနှင့် သဘာဝဓာတ်‌ငွေ့ပိုက်လိုင်းကို ၂၀၁ဝခုနှစ် ဇွန်လတွင် မြန်မာနိုင်ငံဘက်မှလည်း‌ကောင်း၊ စက်တင်ဘာလတွင် တရုတ်နိုင်ငံဖက်မှလည်း‌ကောင်း စတင် တည်‌ဆောက်ခဲ့ သည်။

‌ရွှေဂက်စ် ‌ရေနံနှင့် သဘာဝဓာတ်‌ငွေ့ပိုက်လိုင်း စီမံကိန်းနှင့်ပတ်သက်၍ ၂၀၁၁ခုနှစ်၊ စက်တင်ဘာ ၆ရက်‌နေ့ကလည်း “အကုန် ‌ရောင်းတဲ့ မူဝါဒ” ဆိုသည့်‌ခေါင်းစဉ်ဖြင့် ‌ရွှေဂက်စ်လှုပ်ရှားမှုအဖွဲ့က အစီရင်ခံစာ ထုတ်ပြန်ခဲ့‌သေးသည်။