Home အယ်ဒီတာ့အာဘော် လူထုဆန္ဒ အ‌လေးထားက ‌ကောင်းကျိုးချမ်းသာရမည်သာ

လူထုဆန္ဒ အ‌လေးထားက ‌ကောင်းကျိုးချမ်းသာရမည်သာ

1675
အယ်ဒီတာ့အာ‌ဘော်

ဒုတိယအကြိမ် လွှတ်‌တော်အစည်းအ‌ဝေး ကာလအတွင်း လူထုဘက်မှ ‌တောင်းဆိုသည့် လွှတ်‌တော်ကိုယ်စား လှယ်များ‌ကြောင့် ‌ပြေ‌လျော့သည့် ‌ပြောင်းလဲမှုအချို့ကို ‌တွေ့မြင်ရသည်။ အလုပ်သမား အဖွဲ့အစည်းဆိုင်ရာ ဥပ‌ဒေမူကြမ်း အတည်ပြုမှု၊ ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်းရပ်ဆိုင်းရန် သမ္မတ ဦးသိန်းစိန်က လွှတ်‌တော်သို့ သဝဏ်လွှာ‌ပေးပို့မှု စသည်တို့ပင် ဖြစ်သည်။

အစိုးရသစ် တက်လာပြီး‌နောက်ပိုင်း ‌ဒေါ်‌အောင်ဆန်းစုကြည်နှင့် ဦး‌အောင်ကြည်တို့ တတိယအကြိမ်အဖြစ် ရန်ကုန်မြို့၊ စိမ်းလဲ့ ကန်သာ အစိုးရဧည့်‌ဂေဟာတွင် စက်တင်ဘာလ ၃ဝရက်‌နေ့က ‌တွေ့ဆုံခဲ့သည်။ ထို‌တွေ့ဆုံမှုအပြီး ‌ဒေါ်‌အောင်ဆန်းစုကြည်က သမ္မတ၏ မြစ်ဆုံဆည်စီမံကိန်းရပ်ဆိုင်းမှုမှာ ပြည်သူ့အသံကို နား‌ထောင်သည့် အစိုးရတစ်ရပ်၏ လုပ်ရပ်ဖြစ်၍ ကြိုဆို‌ကြောင်း သတင်းစာဆရာများကို ‌ပြောဆိုခဲ့သည်။

ပြည်မဘက်က တိုးတက်မှု အ‌ခြေအ‌နေ အနည်းငယ်ကို မြင်‌တွေ့လာရ‌သော်လည်း ပြည်နယ်‌ဒေသများဖြစ်သည့် ကချင်၊ ရှမ်း ‌ဒေသများတွင်မူ ယခုလအတွင်း အစိုးရတပ်များက ထိုးစစ်ဆင် တိုက်ခိုက်မှုများ ဆင်နွဲ‌နေဆဲဖြစ်သလို တနသင်္ာရီတိုင်းရှိ ထား ဝယ်‌ရေနက်ဆိပ်ကမ်း စီမံကိန်းမှာလည်း သက်ရှင်ရပ်တည်‌နေဆဲပင်ဖြစ်သည်။ ၎င်းစစ်‌ရေး၊ ဖွံ့ဖြိုးတိုးတက်‌ရေး စီမံကိန်းများ ‌ကြောင့် ထို‌ဒေသများရှိ ‌ကျေးလက်လူထုမှာ ထွက်‌ပြေးတိမ်း‌ရှောင်‌နေရခြင်း၊ ရပ်ရွာ‌ပြောင်း‌ရွှေ့ရခြင်း ဒုက္ခများနှင့် ‌သောကပင် လယ် ‌ဝေ‌နေရသည်။

တစ်ဖက်တွင်လည်း ကရင်၊ မွန်၊ ရှမ်း၊ ကချင် စသည့်ပြည်နယ်အစိုးရများက သက်ဆိုင်ရာ လက်နက်ကိုင် အဖွဲ့အစည်းများအား ငြိမ်းချမ်း‌ရေးကမ်းလှမ်းချက် ‌ခေါင်းစဉ်ဖြင့် ချဉ်းကပ်ဆက်သွယ်မှုများကို ‌ဒေသအလိုက် လုပ်‌ဆောင်ခဲ့ကြ၊ လုပ်‌ဆောင်ရန် ကြိုး ပမ်း‌နေကြသည်။ မြန်မာပြည်၏ နိုင်ငံ‌ရေး အစဉ်အလာအရ ငြိမ်းချမ်း‌ရေးကို ဦးတည်လုပ်‌ဆောင်လာခဲ့သည့် သက်တမ်းတစ် ‌လျှောက်တွင် လူထုအကျိုးကို ‌မျှော်ကိုးကာ စု‌ပေါင်း‌တွေ့ဆုံခြင်းမရှိခဲ့။ တ‌ဒေသစီ၊ တဖွဲ့စီ ‌တွေ့ဆုံကာ တမျိုးစီ‌သော ‌ဆွေး‌နွေး မှုများဖြင့် လုပ်‌ဆောင်လာမှုများ‌ကြောင့် အချည်းနှီး‌သော ရလဒ်များနှင့် အမျိုးသားစည်းလုံးညီညွှတ်မှုသာ ပြိုကွဲခဲ့ရသည့် သမိုင်း သာဓကများစွာ ရှိခဲ့သည်။

ဦးသိန်းစိန်အစိုးရသည် ဒီမိုက‌ရေစီစနစ်ဆန်‌သော ‌ရွေး‌ကောက်ပွဲနှင့် တက်လာသည်ဖြစ်၍ ယခင် စစ်အစိုးရလက်ထက်က ပျက်စီးယိုယွင်း‌နေသည့် နိုင်ငံ့အ‌ခြေအ‌နေနှင့် အဖက်ဖက်က ချို့တဲ့‌နေသည့် ပြည်သူလူထု၏ အ‌ရေးအရာများကို တဖြည်းဖြည်း ချင်း ပြုပြင်သွားရင်း လူထုဆန္ဒ၊ လူထုအကျိုးစီးပွားကို အ‌လေးထား ဖြည့်ဆည်းသွားလိမ့်မည်ဟု ‌မျှော်လင့်မိသည်။ နိုင်ငံ‌တော် အတွက် အသုံးချခံမည်ဆိုသည်ထက် နိုင်ငံအတွင်း မှီတင်း‌နေထိုင်ကြသူ တိုင်းရင်းသား ပြည်သူလူထု၏ ‌ကောင်းရာ‌ကောင်း ကျိုးကို ‌ရှေးရှုခြင်းက ‌ကောင်းမွန်‌သော အစိုးရတစ်ရပ်၏ လုပ်ရပ်ပင် ဖြစ်သည်။

တိမ်မ‌ယောင်နှင့်နက်ကာ ရှုတ်‌ထွေး‌ပွေလီလှသည့် မြန်မာ့နိုင်ငံ‌ရေးကို သိမ်‌မွေ့ညင်သာ‌သော ပရိယာယ်များဖြင့် ကိုင်တွယ်‌ဖြေ ရှင်း လုပ်‌ဆောင်တတ်ရ‌ပေမည်။ အစိုးရအ‌နေနှင့် ‌ကောင်းမွန်‌သော အုပ်ချုပ်‌ရေး၊ သန့်ရှင်း‌သော အစိုးရအဖြစ် သက်‌သေပြနိုင် ရန်အတွက် ပြည်သူများ၏ စိုးရိမ်ပူပန်မှုကိုသာ ‌နောက်မဆုတ်တမ်း ကြိုးပမ်း‌ဆောင်ရွက်သွားမှသာလျှင် အစိုးရနှင့်လူထု၏ ‌ကောင်းကျိုးချမ်းသာကို ရရှိမည်ဖြစ်‌ကြောင်း ဆန္ဒ‌ဖော်ပြလိုက်ရ‌ပေသည်။