Home ထိပ်တန်းသတင်း ရွာသားများအား စစ်တပ်လမ်းပြ အဖြစ် ‌ခေါ်ယူအသုံးပြု‌နေ

ရွာသားများအား စစ်တပ်လမ်းပြ အဖြစ် ‌ခေါ်ယူအသုံးပြု‌နေ

2895
‌အောက်တိုဘာလ ၇ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ ဘုရားသုံးဆူ‌ဒေသတွင် ယမန်‌နေ့က ချုံခိုတိုက်ခိုက်ခံခဲ့ရသည့် အစိုးရစစ်တပ်သည် ယ‌နေ့မနက်တွင် ‌ဒေသခံ ရွာသား ၁၆ဦးအား လမ်းပြအဖြစ် ‌ခေါ်ယူအသုံးပြု‌နေသည်ဟု ‌ဒေသခံများက ‌ပြောသည်။

ဘုရားသုံးဆူ အ‌ခြေစိုက် အ‌မြောက်တပ်ဖွဲ့နှင့် ခမရ(၅၄၃)တပ်ရင်းတို့သည် ယမန်‌နေ့က တပ်အ‌ပြောင်းအလဲ ပြုလုပ်ခဲ့ပြီး နို့ချိုး နှင့် ဗျူဟာသို့အပြန် တာ‌ဒေ့နှင့် ‌ကျောက်ဂူ‌ကျေးရွာကြားတွင် ကရင်တပ်ဖွဲ့များ၏ ချုံခိုတိုက်ခိုက်မှုခံခဲ့ရပြီး‌နောက် ယ‌နေ့ ည‌နေ တွင် ခရီးဆက်ရန် ရွာ ၃ရွာမှ ရွာသားများအား လမ်းပြအဖြစ် ယခုလို ‌ခေါ်ယူအသုံးပြုခြင်းဖြစ်သည်။

ထိုသို့ လမ်းပြအဖြစ် အသုံးပြုရာတွင် ‌ကျောက်ကွဲ(မြိုင်သာယာ)ရွာ အမျိုးသား ၄ဦး၊ အပလုံ‌ကျေးရွာမှ အမျိုးသား ၇ဦး၊ ‌ကျောက်ဂူ‌ကျေးရွာမှ အမျိုးသား ၅ဦးတို့အား ရွာသူကြီးများမှတဆင့် ‌ခေါ်ယူခြင်းဖြစ်သည်ဟု ‌ဒေသခံတစ်ဦးက ‌ပြောသည်။

ရွာသူကြီးနှင့် နီးစပ်သည့် ‌ဒေသခံတစ်ဦးက “သက်ဆိုင်ရာ ရွာသူကြီး‌တွေက‌နေတဆင့် ‌ခေါ်တယ်။ သူတို့ ‌နောက်ထပ် အပစ်မခံ ရ‌အောင် ရွာသား‌တွေကို အကာအဖြစ် ‌ခေါ်ယူတာ ဖြစ်နိုင်တယ်။ ဒီည‌နေ သူတို့ စထွက်မယ်လို့ ‌ပြောတယ်။”ဟု ‌ပြောသည်။

၎င်းအစိုးရစစ်တပ်များ ပြန်မည့်လမ်း‌ကြောင်းကို ကရင်လက်နက်ကိုင်တပ်ဖွဲ့များက အဆင့်ဆင့် ကြိုတင်‌စောင့်ဆိုင်း‌လေ့ရှိသ ဖြင့် ယခုအပြန်လမ်းတွင်လည်း အချိန်မ‌ရွေး ပစ်ခတ်မှု ဖြစ်ပွားနိုင်‌ကြောင်း အဆိုပါ‌ဒေသခံက ‌ပြောသည်။

‌ချောင်းဆုံ‌ကျေးရွာ၏ ‌တောင်ဘက်ခြမ်း ၄မိုင်အကွာရှိ အဆိုပါရွာများတွင် ယခင်ကလည်း အစိုးရ စစ်တပ်များအား ကရင်တပ်ဖွဲ့ များမှ မကြာခဏ ချုံခိုတိုက်ခိုက်ခဲ့ပြီး အစိုးရစစ်တပ်က ရွာသားများအား လမ်းပြအဖြစ် ‌ခေါ်ယူအသုံးပြုမှုများ အလျင်းသင့်သလို လုပ်‌ဆောင်‌လေ့ရှိသည်ဟု ‌ဒေသခံရွာသားများ၏ ‌ပြောပြချက်အရ သိရသည်။

ယမန်‌နေ့က ကရင်တပ်များ၏ ချုံခိုတိုက်ခိုက်မှုတွင် အစိုးရစစ်တပ်သား ၂ဦး‌သေဆုံးပြီး ၂ဦးဒဏ်ရာရရှိကာ လမ်းပြရွာသားတစ် ဦးမှာ ဆွဲမိုင်းထိမှန်ကာ ‌ခြေတစ်ဖက် ပြတ်သွားခဲ့သည်။