Home ထိပ်တန်းသတင်း စစ်ပွဲကာလ လူ့အခွင့်အ‌ရေး ချိုး‌ဖောက်မှုများလာ‌ကြောင်း KWAT ‌ထောက်ပြ

စစ်ပွဲကာလ လူ့အခွင့်အ‌ရေး ချိုး‌ဖောက်မှုများလာ‌ကြောင်း KWAT ‌ထောက်ပြ

1699
‌အောက်တိုဘာ ၈ ရက်။ နန်းသူး‌လေ (‌ကေအိုင်စီ)

ကချင်ပြည်နယ်တွင် ကချင်လွတ်‌မြောက်‌ရေး တပ်မ‌တော်(KIA)နှင့် မြန်မာအစိုးရတပ်များကြား ‌လေးလတာ တိုက်ပွဲ များဖြစ်ပွား ပြီး‌နောက် အစိုးရတပ်ဘက်မှ လူ့အခွင့်အ‌ရေးချိုး‌ဖောက်မှုများလာ‌ကြောင်း ကချင်အမျိုးသမီးအစည်းအရုံး-ထိုင်းနိုင်ငံ(KWAT)မှ ယမန်‌နေ့က အစီရင်ခံတစ်‌စောင် ထုတ်ပြန်ခဲ့သည်။

‌ရွေး‌ကောက်ပွဲအပြီး မြန်မာအစိုးရသည် တိုင်းရင်းသား‌ဒေသသို့ စစ်ပွဲများဆင်နွှဲကာ စစ်ပွဲတွင် အရပ်ပြည်သူများအား သတ်ဖြတ်‌နေခြင်း၊ ‌ပေါ်တာဖမ်းဆီးခြင်းနှင့် အမျိုးသမီးများအ‌ပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု စသည့်တို့ကို အစိုးရ တပ်က ကျူးလွန်မှုများပြားလာ‌ကြောင်းကို အစီခံစာတွင် ‌ဖော်ပြထားသည်။

ပြီးခဲ့သည့်လ ၂၄ရက်‌နေ့က မြန်မာအစိုးရတပ်သည် သျှမ်းပြည်‌မြောက်ပိုင်းရှိ ကချင်တပ်မဟာ(၄)ခံစစ်စခန်းများကို ထိုး စစ်ဆင်သည့်ကာလအတွင်း မူဆယ်နှင့် ကွတ်ဆိုင်မြို့နယ်တွင် အသက် ၁၄ နှစ်နှင့် ၁၇ နှစ်အရွယ် မိန်းက‌လေးငယ် နှစ်ဦးအပါအဝင် အသက် ၄ဝ အရွယ် အမျိုးသမီး တဦးကို အဓမ္မပြုကျင့်ခံခဲ့သည်ဟု KWAT က ‌ပြောသည်။

KWAT ၏ ‌ပြော‌ရေးဆိုခွင့်ရှိသူ ‌ဒေါ်ဆိုင်းလီဆိုင်းက “လက်ရှိ အ‌ခြေအ‌နေ ကချင်ပြည်နယ်မှာ အမျိုးသမီး‌တွေဟာ ဘဝ လုံခြုံ‌ရေးအတွက် တစုံတရာမျှ မရှိဘူး။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အစိုးရဘက်မှ ထိုးစစ်ဆင် တိုက်ခိုက်‌နေသည့် စစ်ပွဲများ ရပ်စဲကာ လူ့အခွင့်အ‌ရေးချိုး‌ဖောက်‌နေမှုနှင့် ကချင်အမျိုးသမီး များအ‌ပေါ် အဓမ္မပြုကျင့်‌နေမှုများအား ရပ်တန့်‌ပေးရန်နှင့် စစ်‌ပြေးဒုက္ခသည်များအား လူသားချင်း စာနာ‌ထောက်ထား ပြီး အကူအညီများ ‌ပေးနိုင်ရန်အတွက်လည်း ၎င်းက တိုက်တွန်း‌ပြောဆိုသည်။

ထို့အပြင် ကချင်‌ဒေသခံ ၂၅,၀၀ဝ ‌ကျော်သည် စစ်ပွဲ‌ကြောင့် ‌နေရပ်စွန့်ခွါကာ အိုးမဲ့အိမ်မဲ့ ဖြစ်သွားခဲ့ရပြီး က‌လေးငယ် ၂၀၀ဝခန့် သည်လည်း ‌ကျောင်းမတက်နိုင်‌ကြောင်း KWAT အစီရင်ခံစာတွင် ‌ထောက်ပြထားသည်။

‌နေအိမ်စွန့်ခွါ ထွက်‌ပြေး‌နေရသည့် ဒုက္ခသည်များကို ပြည်ပရှိ ကချင်ပြည်သူလူထုနှင့် ကချင်လွတ်‌မြောက်‌ရေးအဖွဲ့ (KIO)တို့က တတ်နိုင်သမျှ စားနပ်ရိက္ခာနှင့် ‌ဆေးဝါးနှင့် ကုသမှုများ ကူညီပံ့ပိုး‌ပေးလျှက်ရှိသည်။

မြန်မာအစိုးရသည် ပြည်တွင်းရှိ အစိုးရမဟုတ်သည့် အဖွဲ့အစည်း(NGO)s များမှ စစ်‌ပြေးဒုက္ခသည်များကို ကူညီမှုများ ကို တားမြစ်ထားခဲ့သဖြင့် ဒုက္ခသည်များသည် အကူအညီမရဘဲဖြစ်ကာ အခက်အခဲများနှင့် ရင်ဆိုင်‌နေရသည်ဟု KWAT က ‌ပြောသည်။

“အဓိက‌တော့ အစားအစာ မလုံ‌လောက်တဲ့ အခက်အခဲပါပဲ။ အခုလိုမိုးရာသီမှာဆို ‌နေမ‌ကောင်းဖြစ်ကြတာ များတယ် ဒါ‌ပေမယ့် ‌ဆေးဝါးလည်း မ‌လောက်ငှပါဘူး။” ဟု ‌ဒေါ်ရှယ်လီဆိုင်းက ဆိုသည်။

KIA နှင့် မြန်မာစစ်တပ်တို့အကြား ၁၇ နှစ်ကြာ အပစ်ခတ်ရပ်စဲ‌ရေးပြီး‌နောက် ၂၀၁၁ ဇွန်လ ၉ ရက်‌နေ့တွင် ငြိမ်းချမ်း‌ရေး ပျက်ပြယ်ပြီး တိုက်ပွဲများပြန်လည်ဖြစ်ပွားခဲ့ချိန်မှစ၍ မြန်မာစစ်တပ်ဘက်မှ လူ့အခွင့်အ‌ရေးချိုး‌ဖောက်မှု များပြား လာခဲ့သည်ဟု KWAT ၏ အစီရင်ခံစာ၌် ‌ဖော်ပြပါရှိသည်။

နှစ်ဦးနှစ်ဖက် တိုက်ပွဲပြန်လည်ဖြစ်ပွားပြီး ပထမနှစ်လအတွင်းတွင် ကချင်‌ဒေသရှိ အမျိုးသမီးနှင့် မိန်းက‌လေးငယ် ၃၇ ဦး အဓမ္မပြုကျင့်ခံရကာ ထိုအထဲမှ ၁၅ ဦး အသတ်ခံခဲ့‌ကြောင်းလည်း အစီရင်ခံစာတွင် ‌ထောက်ပြထားသည်။

KWAT သည် ၁၉၉၉ခုနှစ်၊ စက်တင်ဘာလ ၉ရက်‌နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၀၅-၂၀၀၈ ခုနှစ်များတွင် လူကုန်ကူး မှုအစီရင်ခံစာ ၂‌စောင်နှင့် ယမန်‌နေ့က လူအခွင့်အ‌ရေးချိုး‌ဖောက်မှု အစီရင်ခံစာ အပါအဝင် စုစု‌ပေါင်း ၃ ‌စောင် ထုတ် ပြန်ခဲ့ပြီ ဖြစ်သည်။