Home ထိပ်တန်းသတင်း အစိုးရတပ်နှင့် ဒီ‌ကေဘီ‌အေကြား တရက်တည်း တိုက်ပွဲ ၃ကြိမ်ဖြစ်ပွား

အစိုးရတပ်နှင့် ဒီ‌ကေဘီ‌အေကြား တရက်တည်း တိုက်ပွဲ ၃ကြိမ်ဖြစ်ပွား

1571
‌အောက်တိုဘာလ ၁ဝရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ မြဝတီမြို့ ‌တောင်ဘက်ခြမ်းရှိ ‌ဝေါ်‌လေ‌ဒေသတွင် ယမန်‌နေ့က အစိုးရစစ်တပ်နှင့် တိုးတက်‌သောဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မ‌တော်(ဒီ‌ကေဘီ‌အေ)တပ်ဖွဲ့တို့ တိုက်ပွဲငယ် ၃ကြိမ် ဖြစ်ပွားခဲ့သည်။

‌ဝေါ်‌လေ‌ဒေသ တာအူထာ့‌ကျေးရွာ အနီးတဝိုက်တွင် ယမန်‌နေ့က ဒီ‌ကေဘီ‌အေ ကလို့ထူး‌ဘောဗျူဟာ၏ ‌ခေါင်း‌ဆောင် ဗိုလ် ချုပ်‌စောလားပွယ်(နှုတ်ခမ်း‌မွှေး)ကိုယ်တိုင် အနီးကပ် ညွှန်ကြားမှုဖြင့် အစိုးရတပ် ခလရ(၂၀၃)၊ (၂၀၄) ပူး‌ပေါင်းတပ်ရင်းနှင့် ရင် ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု ဒီ‌ကေဘီ‌အေမှ ဗိုလ်မှူးဆန်း‌အောင်က ‌ပြောသည်။

၎င်းက “မနက် ၁၁နာရီခွဲမှာ သွားရင်းနဲ့ တိုးပြီး ပစ်ခတ်မှုဖြစ်တယ်။ တခါ ပြန်ဆုတ်ရင်းနဲ့ တခါပြန်တိုးတယ်။ ‌နေရာတက်ရှင်း တယ်ဆိုပြီး ‌နောက်တခါ ပစ်ခတ်မှု ထပ်ဖြစ်တယ်။ ပစ်လိုက်ရပ်လိုက်နဲ့ ၁၂ခွဲအထိပဲ။ ‌တောင်ကြားမှာ ဖြစ်တယ်ဆို‌တော့ ရန်သူ ရဲ့ ထိခိုက်ကျဆုံးမှု အ‌ခြေအ‌နေကို မသိရ‌သေးဘူး။”ဟု ‌ပြောသည်။

အဆိုပါတိုက်ပွဲများတွင် ဒီ‌ကေဘီ‌အေတပ်ဖွဲ့နှင့်အတူ ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်-KNLA တပ်ရင်း (၁၀၃)၊ ရခိုင်တပ်ဖွဲ့နှင့် ‌ကျောင်းသားတပ်မ‌တော်တို့မှ တပ်ဖွဲ့တချို့ ပူး‌ပေါင်းပါဝင်ခဲ့ပြီး ၎င်းတို့ဘက်မှ ထိခိုက်မှုမရှိဟု ဗိုလ်မှူးဆန်း ‌အောင်က ‌ပြောသည်။

နယ်စပ်သို့ စားနပ်ရိက္ခာ လာ‌ရောက်ဝယ်ယူသည့် တာအူထာ့ရွာသားက “မ‌နေ့က နှစ်‌ခေါက်သုံး‌ခေါက်‌လောက် လက်နက်ကြီး၊ လက်နက်ငယ် အသံ‌တွေ ကြား‌နေရတယ်။ ရွာနဲ့ နည်းနည်း‌တော့ အလှမ်း‌ဝေးတယ်။ ဒီ‌ကေဘီ‌အေနဲ့ ဗမာစစ်တပ်ဖြစ်တယ်လို့ ‌ပြောကြတာပဲ။”ဟု ‌ပြောသည်။

ယခု တိုက်ပွဲဖြစ်ပွားသည့်‌နေရာတွင် အစိုးရစစ်တပ် တပ်မ(၂၂) လက်‌အောက်ခံတပ်ရင်းများဖြစ်ကြသည့် ခလရ(၂၀၃)၊ (၂၀၄)၊ ဒီ‌ကေဘီ‌အေ ကလို့ထူး‌ဘောဗျူဟာ၊ ‌ကေအဲန်အယ်လ်‌အေ တပ်ရင်း(၁၀၃)၊ ရခိုင်တပ်ဖွဲ့နှင့် ‌ကျောင်းသားတပ်မ‌တော်တို့ လှုပ် ရှားလျှက်ရှိသည်။

၎င်းအပြင် ‌ကေအဲန်ယူ တပ်မဟာ(၇)နယ်‌မြေဖြစ်သည့် ပိုင်ကျုံမြို့နယ်၊ ခလယ့်‌ဒေးအ‌ခြေစိုက် အစိုးရတပ် စကခ(၁၂) ခလရ (၂၃၀)၊ (၂၃၁)နှင့် ခမရ(၅၄၆)တပ်များသည်လည်း ယမန်‌နေ့က ‌ကေအဲန်ယူတပ်ဖွဲ့ဝင်များရှိရာဘက်သို့ အနည်းငယ် တိုးလာ သည်ဟု နယ်စပ်သတင်းများအရ သိရသည်။