Home ထိပ်တန်းသတင်း စပါး‌ကောက်ခံစာ နယ်ခြား‌စောင့်တပ် ထုတ်ပြန်ထားခဲ့

စပါး‌ကောက်ခံစာ နယ်ခြား‌စောင့်တပ် ထုတ်ပြန်ထားခဲ့

1835
‌အောက်တိုဘာလ ၁၁ရက်။ ‌စောဖိုးမူး (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ ‌ကော့ကရိတ်မြို့နယ်တ‌နေရာတွင် အ‌ခြေချလှုပ်ရှားသည့် နယ်ခြား‌စောင့်တပ်ဖွဲ့သည် ၎င်းတို့ထိန်းချုပ်ရာ‌ဒေသ အတွင်းရှိ ‌ကျေးရွာများတွင် စပါး‌ကောက်ခံမည်ဟု ‌အောက်တိုဘာလ ၉ရက်‌နေ့က စာတ‌စောင် ထုတ်ပြန်ခဲ့သည်။

‌ကော့ကရိတ်မြို့နယ်၊ နို့လယ်‌နေရာရှိ ဗိုလ်ကြီး‌စော‌ဌေးနိုင် ဦးစီးသည့် နယ်ခြား‌စောင့်တပ်-BGF (၁၀၂၁)တပ်ရင်းမှ တပ်ဖွဲ့ဝင် များသည် ၎င်းတို့ထိန်းချုပ်မှု‌အောက်ရှိ အိမ်‌ခြေများသည့် ‌ကျေးရွာများမှ စပါးတင်း ၁၀ဝနှင့် အိမ်‌ခြေနည်းသည့် ရွာများမှ စပါး တင်း ၅ဝ ‌ပေး‌ဆောင်ရမည်ဟု စာဖြင့် တရားဝင် ထုတ်ပြန်‌ကြေညာခဲ့ခြင်းဖြစ်‌ကြောင်း ‌ဒေသခံတစ်ဦးက ‌ပြောသည်။

၎င်းက “ဒီနှစ်စပါးရိတ်သိမ်းပြီးလို့ ထွက်လာတဲ့စပါး‌တွေကို ဘီဂျီအက်ဖ်နဲ့ သူတို့မိသားစုအတွက် သတ်မှတ်ထားတဲ့အတိုင်း ‌ပေး ‌ဆောင်ရမယ်လို့ တရားဝင်စာနဲ့ ထုတ်ပြန်ထားတယ်။ စပါးဖိုး‌တော့ နည်းနည်းပါးပါး ‌ပေးမလား‌တော့ မသိဘူး။”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

‌ကော့ကရိတ်မြို့နယ် အပါအဝင် ကရင်ပြည်နယ်အတွင်း၌ လယ်ယာစပါးများ ရိတ်သိမ်းချိန်မှာ ဒီဇင်ဘာလဆန်းပိုင်း ဖြစ်‌သော် လည်း နယ်ခြား‌စောင့်တပ်များ ယခုလကတည်းက စပါး‌ကောက်ခံစာ ကြိုတင် ထုတ်ပြန်ထားခြင်း ဖြစ်သည်။

‌ကော့ကရိတ်မြို့နယ်ရှိ ကရူသဲ၊ ဖားကြီး၊ ဖာသိန် စသည့်ရွာကြီးများမှာ အိမ်‌ခြေ ၅၀ဝအိမ်မှ ၁,၀၀၀‌ကျော်အထိရှိပြီး မဲ့က‌ဝေါ့၊ ထီ က‌လေး၊ မူ့ဝါးနှင့် အုန်းတပင် စသည့်ရွာငယ်များမှာ အိမ်‌ခြေ ၁၀၀‌ကျော်သာ ရှိသည်။

အမည်မ‌ဖော်လိုသူ အခြားရွာသားတဦးကလည်း “ဒီနှစ် မိုး‌လေဝသ အ‌ခြေအ‌နေ မ‌ကောင်းတဲ့အ‌ပေါ်မှာ စပါးထွက်နှုန်း ‌လျော့ နည်းမှာဖြစ်တဲ့အတွက် ပိုက်ဆံနဲ့ပဲ ‌ပေးရမယ် ထင်တယ်။ အဘက်ဘက်က အခွန်‌ဆောင်ရတဲ့အခါကျ‌တော့ ကျ‌နော်တို့ ‌တော် ‌တော် ဒုက္ခ‌ရောက်တယ်။ သူတို့လက်နက်ကို ‌ကြောက်တဲ့အတွက် မ‌ပေးချင်လည်း ‌ပေးရမှာ‌ပေါ့။”ဟု ‌ပြောသည်။

နယ်ခြား‌စောင့်တပ်ဖွဲ့ဝင်များသည် ၂၀၁ဝခုနှစ်၊ ဩဂုတ်လ‌နောက်ပိုင်းမှစ၍ မြန်မာစစ်တပ်၏ ထိန်းချုပ်မှု‌အောက် ‌ရောက်ရှိသွား ခဲ့ပြီး ‌အောက်‌ခြေတပ်သားမှ တပ်ရင်းမှူးအထိ လစာနှုန်း ၃၆,၀၀ဝကျပ်မှ ၁သိန်းခွဲ‌ကျော်အထိ ရရှိခဲ့သည်။

Photo-KIC (ကရင်ပြည်နယ်အတွင်းရှိ လယ်စပါးခင်းတခု)

အဆိုပါ‌ကျေးရွာများ၌ နယ်ခြား‌စောင့်တပ်မ‌ပြောင်းခင် တိုးတက်‌သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ‌တော်(ဒီ‌ကေဘီ‌အေ) လက်ထက်ကတည်းက အလားတူ စပါး‌ကောက်ခံမှုများရှိခဲ့ပြီး စပါးတန်ဘိုး၏ ထက်ဝက်‌ဈေးခန့်ကို ရွာသားများ လက်ခံရရှိခဲ့ သည်ဟုလည်း ‌ဒေသခံများ၏ ‌ပြောပြချက်အရ သိရသည်။