Home ထိပ်တန်းသတင်း ၁၃နှစ် က‌လေးတစ်ဦးအား စစ်သားနှင့် ရဲများက ဝိုင်းရိုက်နှက်

၁၃နှစ် က‌လေးတစ်ဦးအား စစ်သားနှင့် ရဲများက ဝိုင်းရိုက်နှက်

1458
‌အောက်တိုဘာလ ၁၁ရက်။ ‌နော်ဆဲကလယ် (‌ကေအိုင်စီ)

ရှမ်းပြည်နယ်‌မြောက်ပိုင်း မူဆယ်မြို့နယ် မုံးရူး‌ဒေသတွင် အသက် ၁၃နှစ်အရွယ် က‌လေးတစ်ဦးအား ပြီးခဲ့သည့် ‌အောက်တိုဘာ ၂ ရက်‌နေ့တွင် ရဲနှင့် စစ်သားများက သူလျှိုဟု စွပ်စွဲကာ ဝိုင်းဝန်းရိုက်နှက်ခဲ့ခြင်း‌ကြောင့် ယခုအချိန်တွင် ‌ဆေးမကုသနိုင်ဘဲ ဖြစ်‌နေရ သည်ဟု ‌ဒေသခံရွာသားတစ်ဦးက ‌ပြောသည်။

၎င်းက “‌ကောင်‌လေးက နွား‌ကျောင်းသား‌လေးပါ။ နွား‌ကျောင်းပြီး ပြန်လာချိန် စစ်ကား‌တွေ သူ့‌ဘေးက ဖြတ်လာတယ်။ ခန‌နေ ‌တော့ ကား‌ပေါ်က စစ်သားနဲ့ ရဲ‌တွေ ဆင်းလာပြီး ဝိုင်းရိုက်ကြတာပဲ။ ၁၀‌ယောက်‌လောက်ရှိမယ်။ KIA ကို သတင်း‌ပေးတဲ့သူ ဆိုပြီး ‌တော့‌ပေါ့။ ပန်ဆိုင်းသွားတဲ့ ကားလမ်း‌ပေါ်မှာ ဖြစ်တာပါ၊”ဟု ‌ပြောသည်။

အခင်းဖြစ်သည့်အချိန်မှာ ‌နေ့လည်ပိုင်းဖြစ်ပြီး ရွာသူကြီးနှင့် မိဘများက ဝင်‌ရောက်ရှင်းပြ တားဆီး‌သော်လည်း မရခဲ့‌ပေ။ လက်ရှိအ ချိန်တွင် က‌လေးငယ်မှာ အရိုက်ခံရသည့်ဒဏ်‌ကြောင့် အိပ်ယာထဲမှ မထနိုင်ဘဲ ၎င်း၏မိဘများမှာ ဆင်းရဲ၍ ‌ဆေးမကုနိုင် ဖြစ်‌နေရ သည်ဟု ရွာသားတစ်ဦးက ‌ပြောသည်။

ယင်းသို့ က‌လေးငယ်အား ရိုက်နှက်ခဲ့သည့် အစိုးရ တပ်သားများမှာ မုန်ကိုး‌ဒေသ ထိုးစစ်အတွက် စစ်‌ကြောင်းဆင်းလာသည့် ခလရ (၂၉၀) တပ်ဖွဲ့ဝင်များဖြစ်ပြီး ရဲများမှာ လုံခြုံ‌ရေးအတွက် လိုက်ပါလာသူများဖြစ်သည်။

ထိုင်းနိုင်ငံ အ‌ခြေစိုက် လူ့အခွင့်အ‌ရေး ပညာ‌ပေးအဖွဲ့၏ ဒါရိုက်တာ ဦး‌အောင်မျိုးမင်းက ယခု အဖြစ်အပျက်မှာ က‌လေးသူငယ်များ အခွင့်အ‌ရေးဆိုင်ရာ သ‌ဘောတူစာချုပ်- CRC ကို ချိုး‌ဖောက်ရုံမက လုံခြုံ‌ရေး‌ကောင်စီမှ ချမှတ်ထားသည့် ဆုံးဖြတ်ချက်အမှတ် ၁၆/၁၂ကိုလည်း ချိုး‌ဖောက်ပြီးသား ဖြစ်‌နေသည်ဟု ဆိုသည်။

“ခုဖြစ်တာဟာ လက်နက်ကိုင် ပဋိပက္ခအတွင်းမှာ ဖြစ်လို့ပိုပြီး ဆိုးပါတယ်။ လက်နက်ကိုင် ပဋိပက္ခဖြစ်လို့ ဒုက္ခ‌ရောက်ရင် အဆိုးဆုံး က အမျိုးသမီးနဲ့ က‌လေး‌တွေပါ။ ကာကွယ်‌ပေးရမယ့် ပထမဆုံးတာဝန်ရှိသူက‌တော့ အစိုးရပဲ ဖြစ်ပါတယ်။”ဟု ဦး‌အောင်မျိုးမင်းက ‌ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်မှစ၍ အစိုးရတပ်နှင့် KIA သည့် တိုက်ပွဲများ ဖြစ်ပွား‌နေခဲ့ပြီး မုံးရူးသည် ဆက်သွယ်‌ရေးအတွက် အချက်အချာကျ ‌သောလမ်းတွင် တည်ရှိသည်။