Home ထိပ်တန်းသတင်း ‌တောင်းဆိုချက် ၄ခုဖြင့် မ‌လေးရှား‌ရောက် တိုင်းရင်းသား များ မြန်မာသံရုံး‌ရှေ့ ဆန္ဒပြ

‌တောင်းဆိုချက် ၄ခုဖြင့် မ‌လေးရှား‌ရောက် တိုင်းရင်းသား များ မြန်မာသံရုံး‌ရှေ့ ဆန္ဒပြ

2538
‌အောက်တိုဘာလ ၁၁ရက်။ (‌ကေအိုင်စီ)

မ‌လေးရှား‌ရောက် မြန်မာတိုင်းရင်းသား ၃၀ဝဦးခန့်သည် ထိုးစစ်ရပ်တန့်‌ရေး၊ နိုင်ငံ‌ရေးအကျဉ်းသားများ လွတ်‌မြောက်‌ရေး စသည့် ‌တောင်းဆိုချက် ‌လေးချက်ဖြင့် ကွာလာလမ်ပူရှိ မ‌လေးရှားနိုင်ငံ မြန်မာသံရုံး‌ရှေ့တွင် ယ‌နေ့မနက် ၁ဝး၁၅နာရီအချိန်၌ ဆန္ဒပြခဲ့ကြသည်။

ကချင်၊ ကရင်နီ၊ ကရင်၊ ချင်း၊ မွန်၊ သျှမ်း၊ ရခိုင် စ‌သော တိုင်းရင်းသားများ စုရုံးပြီး မြန်မာသံရုံး‌ရှေ့တွင် အချိန်တစ်နာရီ‌ကျော်ကြာ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။

ကြံ့ဖွံ့အစိုးရအ‌နေဖြင့် ကချင်၊ သျှမ်း၊ ကရင်ပြည်နယ်နှင့် အခြားတိုင်းရင်းသား လူမျိုးစု‌ဒေသများတွင် ဆက်လက် ထိုးစစ်ဆင်‌နေ ခြင်း၊ အမျိုးသမီးနှင့် က‌လေးငယ်များ အပါအဝင် ‌ဒေသခံများကို အဓမ္မကျင့်ကာ နှိပ်စက်သတ်ဖြတ်ခြင်း၊ ‌ဒေသခံ တိုင်းရင်းသားများ ကို စစ်‌မြေပြင်တွင် မိုင်းရှင်းကိရိယာ၊ ‌ပေါ်တာအဖြစ် ဆက်၍ အသုံးပြု‌နေခြင်းများအ‌ပေါ် ယခုကဲ့သို့ ဆန္ဒပြပွဲ ပြုလုပ်ရခြင်းဖြစ် ‌ကြောင်း ဦး‌ဆောင်သူထဲမှ Malaysia Karen Organization-MKO ဥက္ကဋ္ဌ မန်းစိန်သန်းက ‌ပြောသည်။

မန်းစိန်သန်းက “မြန်မာစစ်အစိုးရအဆက်ဆက်က‌နေ အခု ကြံ့ဖွံ့အစိုးရသစ်အထိ တိုင်းရင်းသား‌တွေကို အမျိုးမျိုး ဖိနှိပ်ချုပ်ချယ်ပြီး အုပ်ချုပ်ခဲ့တယ်။ နိုင်ငံ‌ရေးအကျဉ်းသား‌တွေ နှစ်ရှည်‌ထောင်ဒဏ်‌တွေ ချတယ်။ ‌ဒေသခံတိုင်းရင်းသား‌တွေ လူမဆန်စွာ နိုင်ထက်စီး နင်းပြုမူတယ်။ ဒီလို လူ့အခွင့်အ‌ရေးချိုး‌ဖောက်မှု‌တွေ ရှိ‌နေသ‌ရွေ့‌တော့ ‌နောက်‌နောင်လည်း ဆက်လက် ဆန္ဒပြပြီး ‌တောင်းဆိုသင့် တာကို ‌တောင်းဆိုရမှာ ဖြစ်တယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ဆန္ဒပြသူများ၏ အဓိက ‌တောင်းဆိုချက်များမှာ ပြည်နယ်အသီးသီးတွင် စစ်‌ရေးအရ ထိုးစစ်ဆင်‌နေမှုများ ချက်ချင်း ရပ်တန့်‌ပေးရန်၊ နိုင်ငံ‌ရေးအရ UNFC ‌ခေါင်း‌ဆောင်များနှင့် အမြန်ဆုံး ‌တွေ့ဆုံ‌ဆွေး‌နွေးရန်၊ နှစ်ရှည်လများစွာ ‌ထောင်ကျခံ‌နေရသည့် နိုင်ငံ‌ရေး အကျဉ်းသားများအား အမြန်ဆုံး လွှတ်‌ပေးရန်၊ ဧရာဝတီမြစ်ဆုံစီမံကိန်းအား (လုံးဝ) ရပ်ဆိုင်း‌ပေးရန်နှင့် သံလွင်မြစ်စီမံကိန်းများ ချက်ချင်း ရပ်တန့်‌ပေးရန်တို့ ဖြစ်သည်။

အဆိုပါဆန္ဒပြပွဲအတွက် ယမန်‌နေ့ကတည်းက မ‌လေးရှား အစိုးရအာဏာပိုင်များထံ ကြိုတင် အသိ‌ပေး‌ပြောဆိုထား၍ ‌နှောက်ယှက် ဟန့်တားမှုမရှိ‌သော်လည်း လူဦး‌ရေ ၂၀ဝထက် မပိုရန် ‌တောင်းဆိုခဲ့သည်ဟု သိရသည်။

Photo-KIC (မ‌လေးရှားရှိ မြန်မာသံရုံး‌ရှေ့ ဆန္ဒပြသူ တိုင်းရင်းသားများ)

၎င်း‌တောင်းဆိုချက်များ ပါဝင်သည့် စာလွှာကို အာဆီယံဥက္ကဋ္ဌ၊ ကုလသမဂ္ဂ အ‌ထွေ‌ထွေ အတွင်း‌ရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း၊ မြန်မာအစိုးရ သမ္မတ ဦးသိန်းစိန်နှင့် အစိုးရမဟုတ်သည့် အဖွဲ့များထံသို့ ‌ပေးပို့ခဲ့‌ကြောင်း သိရသည်။

မ‌လေးရှားနိုင်ငံ‌ရောက် မြန်မာတိုင်းရင်းသားများသည် ယခုကဲ့သို့ ဆန္ဒပြခြင်းမှာ တတိယအကြိမ်‌မြောက်ဖြစ်ပြီး ယခင် ‌ရွှေဝါ‌ရောင် သံဃာ့လှုပ်ရှားမှုနှင့် နာဂစ်မုန်တိုင်းသင့် ‌လေ‌ဘေးဒုက္ခသည်များအ‌ရေးအတွက်လည်း ဆန္ဒပြခဲ့ဖူးပြီး ဖြစ်သည်။