Home ထိပ်တန်းသတင်း ပစ်ခတ်ခံရ၍ အစိုးရစစ်တပ်မှ ၆ဦး ကျဆုံး

ပစ်ခတ်ခံရ၍ အစိုးရစစ်တပ်မှ ၆ဦး ကျဆုံး

1541
‌အောက်တိုဘာလ ၁၃ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

တိုးတက်‌သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ‌တော်(ဒီ‌ကေဘီ‌အေ)တပ်ဖွဲ့တို့၏ ယမန်‌နေ့က ပစ်ခတ်မှု‌ကြောင့် ကရင်ပြည် နယ်၊ မြဝတီမြို့‌တောင်ဘက် ‌ဝေါ်‌လေ‌ဒေသတွင် လှုပ်ရှား‌နေသည့် အစိုးရစစ်တပ်မှ တပ်ဖွဲ့ဝင် ၆ဦး ကျဆုံးပြီး ၁ဦး ဒဏ်ရာရှိခဲ့ သည်။

ယမန်‌နေ့ မွန်းလွဲ ၂နာရီခွဲအချိန်တွင် ‌ဝေါ်‌လေ‌ဒေသ တာအူထာ့‌ကျေးရွာ စာသင်‌ကျောင်းဝင်းရှိ ၁၀၀‌ကျော်ပါ အစိုးရစစ်တပ် ခမရ(၄၀၄)၊ (၄၀၃)နှင့် (၃၁၀) ပူး‌ပေါင်းတပ်ရင်းများအား ဗိုလ်မှူးချစ်သဲ ဦးစီး‌သော ဒီ‌ကေဘီ‌အေ ကလို့ထူး‌ဘောဗျူဟာမှ မိနစ် ၂၀‌ကျော်ကြာ ဝင်‌ရောက်ပစ်ခတ်ရာမှ အစိုးရတပ်များ ယခုလို ထိခိုက်ကျဆုံးရခြင်းဖြစ်သည်ဟု ဒီ‌ကေဘီ‌အေမှ ဗိုလ်မှူးဆန်း ‌အောင်က ‌ပြောသည်။

၎င်းက “ကျ‌နော်တို့လူ‌တွေ ဝင်ပစ်လို့ ပထမ ၃‌ယောက် ပွဲချင်းပြီး ‌သေတယ်။ ၄‌ယောက် ဒဏ်ရာရတယ်။ သယ်ယူပို့‌ဆောင်‌ရေး အခက်အခဲ‌ကြောင့် ဒဏ်ရာရသူထဲက ‌နောက်ထပ် ၃‌ယောက် ထပ်‌သေတယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ဒဏ်ရာရရှိသည့် လူနာများအား သယ်‌ဆောင်ရန်အတွက် ‌ပေါ်တာအထမ်းသမားများ ဖမ်းဆီးသည့်အပြင် ပစ်ခတ်မှု‌ကြောင့် ‌ဒေသခံရွာသားတချို့သည် လွတ်‌မြောက်ရာသို့ ထွက်‌ပြေးတိမ်း‌ရှောင်‌နေရသည်။

ထို့အပြင် ကျန်ရှိသည့် ရွာသူရွာသားအားလုံးကို ရွာတွင်းဘုန်းကြီး‌ကျောင်းတွင် ယ‌နေ့အချိန်ထိ ‌ခေါ်ယူဖမ်းဆီး ချုပ်‌နှောင်ထား သည်ဟု ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်ဖွဲ့-KNLA (၂၀၁)တပ်ရင်း၏ ဒုရင်းမှူး ဗိုလ်မှူးကြည်‌အောင်က ‌ပြောသည်။

ဗိုလ်မှူးကြည်‌အောင်က “ရွာသား‌တွေ ‌ပြောပြချက်အရ‌တော့ ‌ပေါ်တာဖမ်းလို့ ‌ပြေးတဲ့သူက ‌ပြေးပြီး ကျန်တဲ့ရွာသား‌တွေကို ရွာ က ဘုန်းကြီး‌ကျောင်းမှာ အကုန်လုံး‌ခေါ်ထားလိုက်တယ်။ အခုချိန်ထိပဲ။”ဟု ‌ပြောသည်။

အဆိုပါပစ်ခတ်မှုတွင် ဒီ‌ကေဘီ‌အေဘက်က ထိခိုက်မှုမရှိ‌ကြောင်း ကရင်တပ်ဘက်က ‌ပြောဆို‌သော်လည်း ‌ကေအိုင်စီအ‌နေဖြင့် အခြားသီးသန့် အတည်ပြုချက် မရရှိ‌ပေ။

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး၊ ‌ကော့ကရိတ်၊ မြဝတီမြို့နယ်များတွင် ယခုရက်ပိုင်းအတွင်း အစိုးရစစ်တပ်နှင့် ကရင်တပ်ဖွဲ့ များအကြား ‌နေ့စဉ်ရက်ဆက် ဆိုသလို တိုက်ပွဲဖြစ်ပွားလျှက်ရှိသည်။