Home ထိပ်တန်းသတင်း ပြည်ပ သီး‌လေးသီးအဖွဲ့ ဇာဂနာနှင့် တိုင်ပင်ပြီး ပြည်‌တော်ပြန်မည်

ပြည်ပ သီး‌လေးသီးအဖွဲ့ ဇာဂနာနှင့် တိုင်ပင်ပြီး ပြည်‌တော်ပြန်မည်

2567
‌အောက်တိုဘာလ ၁၃ရက်။ ‌စောခါးစူး (‌ကေအိုင်စီ)

ထိုင်းနိုင်ငံတွင် ကျန်ရှိ‌နေ‌သေးသည့် သီး‌လေးသီးအဖွဲ့မှ ပန်းသီး၊ ကြယ်သီးနှင့် အငြိမ့်မင်းသမီး မြစပယ်ငုံ(မီးမီး)တို့သည် ‌ထောင်မှ လွတ်‌မြောက်လာပြီဖြစ်သည့် ဟာသ သရုပ်‌ဆောင် ဇာဂနာနှင့် တိုင်ပင်ပြီး ပြန်‌တော်ပြန်မည်ဟု ယ‌နေ့ ‌ပြောကြား လိုက်သည်။

၎င်းတို့၏ ဆရာဇာဂနာ အကျဉ်း‌ထောင်မှ လွတ်‌မြောက်လာမှသာ မြန်မာပြည်ပြန်မည် ဖြစ်‌ကြောင်း သီး‌လေးသီး‌ခေါင်း‌ဆောင် ‌ဂေါ်ဇီလာ အပါအဝင် စိန်သီး၊ ဇီးသီးနှင့် အငြိမ့်မင်းသမီး ‌ချောစုမျိုးတို့ ပြီးခဲ့သည့်လ ၁၁ရက်‌နေ့က ပြန်ပြီး‌နောက် ထိုင်းနိုင်ငံ တွင် ကျန်ခဲ့သူ သီး‌လေးသီးအဖွဲ့ဝင်များက မှတ်ချက်‌ပေးထားခြင်း ဖြစ်သည်။

“ကိုသူရ(ဇာဂနာ) လွှတ်ပြီဆို‌တော့ သူနဲ့ တိုင်ပင်ပြီး ကျ‌နော်တို့‌တွေ မြန်မာပြည်ပြန်မယ်။ မ‌နေ့က စကား‌ပြောဖြစ်‌ပေမယ့် သူ အလုပ်များ‌နေ‌တော့ ပြန်မယ့်ကိစ္စ မတိုင်ပင်ဖြစ်‌သေးဘူး။”ဟု ထိုင်းနိုင်ငံ အ‌ခြေစိုက် လူရွှင်‌တော် ပန်းသီးက ‌ကေအိုင်စီသို့ ‌ပြော သည်။

မြန်မာအစိုးရက လက်တ‌လော မြစ်ဆုံ‌ရေကာတာ စီမံကိန်း ရပ်တန့်‌ရေးကိစ္စကို ဂုဏ်ပြတဲ့အ‌နေဖြင့် ယခုလ ၃ဝရက်‌နေ့တွင် ချင်းမိုင်မြို့၌ ‌ဖျော်‌ဖြေပွဲတစ်ခု ကျင်းပရန်ရှိသည့်အတွက် ရုတ်တရက် ပြန်မည်မဟုတ်‌သေးဟုလည်း သူက ဖြည့်စွက်‌ပြောဆို သည်။

ထို့အပြင် ပြည်‌တော်ပြန်‌ရေးကိစ္စ တိုင်ပင်ပြီးပါက မည်သည့်‌နေ့ရက်တွင် ထိုင်းနိုင်ငံမှ ထွက်ခွါရန် ဆုံးဖြတ်သွားမည်ဟု သူက ရှင်းပြသည်။

ဇာဂနာသည် ‌ထောင်မှ ပြန်လွှတ်လာပြီး နာရီပိုင်းအကြာ ချင်းမိုင်တွင် ကမည့် ‌ဖျော်‌ဖြေပွဲအ‌ကြောင်း ဆက်သွယ်စကား‌ပြောပြ သည့်အခါ ပြက်လုံးတချို့ကို ၎င်းတို့အား အကြံ‌ပေးခဲ့‌သေးသည်ဟုလည်း ထိုင်းနိုင်ငံ အ‌ခြေစိုက် သီး‌လေးသီးက ‌ပြောသည်။

သီး‌လေးသီးအဖွဲ့ကို ၂၀၀၃ခုနှစ်တွင် နိုင်ငံ‌ကျော် ဟာသသရုပ်‌ဆောင် ကိုဇာဂနာက ဦး‌ဆောင် စတင် တည်‌ထောင်ခဲ့ခြင်း ဖြစ် သည်။

တည်‌ထောင်ပြီး‌နောက် နိုင်ငံ‌ရေး သ‌ရော်သည့် ပြက်လုံးများ ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်လာသည့်အတွက် အစိုးရ၏ သတိ‌ပေး ခြင်းကို ခံခဲ့ရသည်။

၎င်းအဖွဲ့သည် ၂၀၀၇ခုနှစ်၊ ဒီဇင်ဘာလတွင် ပြင်ပနိုင်ငံသို့ ထွက်လာပြီး မ‌လေးရှား၊ စင်ကာပူ၊ ကိုးရီးယား၊ ဂျပန်၊ အ‌မေရိကန် တို့တွင် သွား‌ရောက်‌ဖျော်‌ဖြေခဲ့သည်။ ထို့‌နောက် မြန်မာပြည် မပြန်ဘဲ ထိုင်းနိုင်ငံတွင် အ‌ခြေစိုက်ကာ အနုပညာလုပ်ငန်းကို လုပ်ကိုင်ခဲ့ကြသည်။