Home ထိပ်တန်းသတင်း မြစ်ဆုံ အမှန်တကယ် ဆိုင်းငံ့ခြင်း မဟုတ်ဟု ကချင်ကွန်ယက်အဖွဲ့ ‌ပြော

မြစ်ဆုံ အမှန်တကယ် ဆိုင်းငံ့ခြင်း မဟုတ်ဟု ကချင်ကွန်ယက်အဖွဲ့ ‌ပြော

1873
‌အောက်တိုဘာလ ၁၄ရက်။ ‌စောခါးစူး (‌ကေအိုင်စီ)

မြစ်ဆုံစီမံကိန်း၏ လုပ်ငန်းခွင်တွင် အ‌ခြေခံဆက်သွယ်‌ရေးလုပ်ငန်းများ ဆက်လက် ရှိ‌နေခြင်းသည် အမှန်တကယ် ဆိုင်းငံ့ခြင်း မဟုတ်‌ကြောင်း ကချင်လူမှုဖွံ့ဖြိုး‌ရေးကွန်ယက်အဖွဲ့(KDNG)က ယ‌နေ့ ‌ပြောကြားလိုက်သည်။

မြန်မာအစိုးရက မြစ်ဆုံစီမံကိန်းကို ဆိုင်းငံ့ထားသည်ဟု ‌ပြော‌သော်လည်း လတ်တ‌လော ဆည်တည်‌ဆောက်‌ရေး အမှတ်(၇) ‌နေရာ ‌တောင်ဘက်ပိုင်းတွင် ‌မြေ‌လေ့လာ တိုင်းထွာခြင်းများ ဆက်လက်လုပ်‌ဆောင်‌နေသည်ဟု KDNG ၏ ‌ပြောခွင့်ရ အားနန် က ‌ပြောသည်။

၎င်းက “လုပ်ငန်းခွင်မှာ လုပ်‌ဆောင်မှု ဆက်ရှိ‌နေတာကိုကြည့်ရင် ဆိုင်းငံ့တယ်ဆိုတာ မယုံဘူး။ တကယ်တမ်း မြစ်ဆုံ‌ရေကာ တာ တည်‌ဆောက်‌ရေးကို ဆိုင်းငံ့ထားတယ်ဆိုရင် တရုတ်ကုမ္ပဏီဘက်ကလည်း တရားဝင် ‌ကြေညာချက် ထုတ်ပြန်မှသာ ကျမတို့ ယုံမယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

လက်ရှိ မြစ်ဆုံစီမံကိန်းအတွက် အ‌ထောက်အကူပြု‌စေသည့် ဘူဒိုဇာ(‌မြေတူးကား)၊ ကုန်တင်ကား၊ ဘိလပ်‌မြေကြိတ်စက်နှင့် တရုတ်အလုပ်သမားအချို့တို့ ဆက်လက် တည်ရှိပြီး လုံခြုံ‌ရေးတင်းကြပ်မှုများလည်း ယခင် အ‌နေအထားအတိုင်း ဖြစ်သည်ဟု KDNG က ‌ပြောသည်။

တဆက်တည်း၌ပင် မြစ်ဆုံဆည် ‌ဆောက်လုပ်‌ရေး‌နေရာတွင် ‌ရွှေတူး‌ဖော်‌ရေး လုပ်ငန်းကိုလည်း တရုတ်ကုမ္ပဏီဘက်က ဆက် လက် လုပ်‌ဆောင်‌နေသည်ဟုလည်း ဆိုသည်။ ၎င်းအပြင် စီမံကိန်းရပ်တန့်မည့် အရိပ်အ‌ယောင် မ‌တွေ့ရသဖြင့် မြစ်ဆုံ‌ဒေသရှိ ကချင်ရွာသူရွာသားများ၏ အနာဂတ်အတွက် မ‌သေချာ မ‌ရေရာမှုနှင့် စိုးရိမ်‌ကြောက်လန့်မှုများမှာ ရှိ‌နေဆဲဖြစ်သည်ဟုလည်း KDNG ၏ ‌ကြေညာချက်တွင် ‌ဖော်ပြထားသည်။

“မြစ်ဆုံဆည် ဆိုင်းငံ့တာနဲ့ ပတ်သက်ပြီး သမ္မတ‌ပြောခဲ့တဲ့အ‌ပေါ် ကျ‌နော်တို့ ယုံကြည်မှုမရှိဘူး။ ‌ဆောက်လုပ်‌ရေးနယ်‌မြေမှာ အလုပ်သမား‌တွေ၊ ဆည်‌ဆောက်လုပ်မယ့် စက်ကိရိယာ‌တွေကို ကျ‌နော်တို့ အခုထိ ‌တွေ့‌နေရတုန်းပဲ။”ဟု ‌ဒေသခံ ကချင်ရွာ သားတဦးက ‌ကြေညာချက်တွင် ‌ပြောဆိုထားသည်။

အားနန်က မြစ်ဆုံ‌ရေကာတာ စီမံကိန်းဆည် ၇ခုလုံးသည် မြစ်‌ကြောင်းကို အမှီပြု‌နေကြသည့် ပြည်သူသန်း‌ပေါင်းများကို ထိ ခိုက်‌စေသည့်အတွက် တရားဝင် ရပ်တန့်မှုရှိသည်အထိ ဆက်လက် ကြိုးပမ်းသွားမည်ဟု ဖြည့်စွက်‌ပြောဆိုသည်။

ထို့အပြင် မိုးရာသီကုန်လျှင် စီမံကိန်းကို ဆက်လက် လုပ်‌ဆောင်သွားမည်ဖြစ်‌ကြောင်းလည်း တရုတ်နိုင်ငံ စွမ်းအင်ရင်းနှီးမြှုပ်နှံ မှု ‌ကော်ပို‌ရေးရှင်း(CPI) ဝန်ထမ်းတဦးကို ကိုးကား၍ KDNG ၏ ‌ကြေညာချက်တွင် ‌ဖော်ပြပါရှိသည်။

မြစ်ဆုံ‌ရေကာ တည်‌ဆောက်‌ရေးစီမံကိန်းကို ၂၀၀၅ခုနှစ်တွင် မြန်မာနှင့် တရုတ်အစိုးရတို့က သ‌ဘောတူညီမှုရရှိပြီး လျှပ်စစ်စွမ်း အား စုစု‌ပေါင်း ၁၃,၃၆ဝမဂ္ဂါဝပ် ထုတ်လုပ်မည် ဖြစ်သည်။ မြစ်ဆုံ‌ရေကာတာ စီမံကိန်းအတွက် တရုတ်နိုင်ငံက အ‌မေရိကန် ‌ဒေါ်လာဘီလျံ ၂ဝ ရင်းနှီးမြှုပ်နှံမည်ဖြစ်ပြီး မြန်မာနိုင်ငံအတွက် ရင်းနှီးမှု အကြီးမားဆုံး စီမံကိန်းတစ်ခုလည်း ဖြစ်သည်။