Home သတင်း တိုင်းရင်းသားဂျာနယ်ကို ပြည်တွင်း သတင်းစာဆရာများ လိုလား

တိုင်းရင်းသားဂျာနယ်ကို ပြည်တွင်း သတင်းစာဆရာများ လိုလား

1813
‌အောက်တိုဘာလ ၁၄ရက်။ ‌နော်ဆဲကလယ် (‌ကေအိုင်စီ)

မြန်မာပြည်တွင်း၌ “The Union” အမည်ဖြင့် တိုင်းရင်းသားအ‌ရေး ဂျာနယ်ထုတ်‌ဝေမည့် ရည်ရွယ်ချက်မှာ တိုင်းရင်းသားများ၏ စာ‌ပေ ယဉ်‌ကျေးမှုနှင့် ဘဝအ‌ခြေအ‌နေ များကို ‌ဖော်ထုတ်နိုင်၍ ‌ကောင်းမွန်‌ကြောင်း သတင်းစာ ဆရာကြီး ‌မောင်ဝံသက ‌ကေအိုင်စီသို့ ‌ပြောသည်။

“ဝမ်းသာစရာသတင်းပါ။ တိုင်းရင်းသား‌တွေရဲ့ စာ‌ပေ၊ ယဉ်‌ကျေးမှု ထွန်းကားဖို့ တတ်နိုင်သမျှ တိုင်းရင်းသား ‌ခေါင်း‌ဆောင်‌တွေက လည်း ကြိုးစား‌နေကြတာပဲ‌လေ။ ကျ‌နော်တို့တိုင်းပြည်မှာ ဒီလိုစာ‌စောင်မျိုးက ‌စော‌စောကတည်းက ရှိရမှာ‌လေ။ ဟိုအရင်က‌တော့ ယဉ်‌ကျေးမှုစာ‌စောင်မျိုး ရှိခဲ့တယ်။ ‌နောက်ပိုင်းမှာ ‌ပျောက်ပျက်သွားတာပါ။ တိုင်းရင်းသားအသီးသီးရဲ့ သီးခြား စာ‌စောင်၊ စာ‌ပေ၊ ထုတ်လုပ်မှု‌တွေ ရှိဖို့‌ကောင်းတယ်။”ဟု ဆရာကြီး ‌မောင်ဝံသက ‌ပြောသည်။

၎င်းဂျာနယ် ထုတ်‌ဝေပါက ဗဟုသုတရရှိ၍ ယဉ်‌ကျေးမှုများကို အပြန်အလှန် သိနားလည်ပြီး ‌နေ့စဉ် သတင်းစာမျိုးရှိလာလျှင် ပိုမို ကျယ်ပြန့်လာမှုများကို တဖြည်းဖြည်း ရရှိလာလိမ့်မည်ဟု ‌မျှော်လင့်‌ကြောင်းလည်း သူက ဆက်လက် ‌ပြောဆိုသည်။

ဂျာနယ်၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံတွင်းရှိ စာဖတ်ပရိဿတ်များအတွက် တိုင်းရင်းသား‌ဒေသတွင်း၌ ဖြစ်ပျက်‌နေ‌သော ပြဿ နာများ၊ လူမှုဒုက္ခများ အ‌ကြောင်းအရာများကို သိ‌စေချင်သည့် ရည်ရွယ်ချက်ဖြစ်‌ကြောင်း ၎င်းဂျာနယ်၏ အယ်ဒီတာ ကိုဖြိုး‌ဝေလင်း က ‌ပြောသည်။

သူက “‌ဒေသခံ သတင်း‌ထောက်‌တွေကို ထားမှာပါ။ မြို့တိုင်းမှာ ထားဖို့ရှိ‌ပေမယ့် အစမှာ ပြည်နယ်တစ်ခုကို သတင်း‌ထောက် နှစ် ‌ယောက် သုံး‌ယောက်‌လောက်နဲ့ စနိုင်မယ်။ ‌လော‌လောဆယ် အဆက်အသွယ် မရ‌သေးတာ‌ကော လက်လှမ်းမမှီ‌သေးတာရယ် ‌ကြောင့်ပါ။”ဟု ‌ပြောသည်။

စာ‌ပေစိစစ်‌ရေးနှင့် မှတ်ပုံတင်ဌာနမှ ခွင့်ပြုချက်ချ‌ပေးခြင်း မရှိ‌သေး‌သော်လည်း မကြာမီ ခွင့်ပြုချက်ရမည်ဖြစ်‌ကြောင်း နိုဝင်ဘာလ ကုန်တွင် ထုတ်‌ဝေနိုင်ရန် ရည်မှန်းထား‌သော်လည်း စိစစ်‌ရေးအ‌နေအထားအရ စီးပွား‌ရေးနှင့် လူမှု‌ရေးသတင်းများကိုသာ ဦးစား‌ပေး ‌ဖော်ပြသွားမည်ဟုလည်း ‌ပြောသည်။

လက်ရှိအချိန်၌ စာ‌ပေစိစစ်‌ရေးသည် တိုက်ပွဲသတင်းများ၊ တိုင်းရင်းသား‌ဒေသတွင်း ပဋိပက္ခသတင်းများကို ‌ဖော်ပြခွင့်မပြု‌သေး‌ချေ။

သို့‌သော် ပြည်ပအ‌ခြေစိုက် မြန်မာသတင်းသမဂ္ဂ(BMA) ဒုဥက္ကဌ ဦးဇင်လင်းက တိုင်းရင်းသားဂျာနယ်မှာ သက်ဆိုင်ရာ တိုင်းရင်း သားများသာ လုပ်သင့်‌ကြောင်းနှင့် အစိုးရဝန်ကြီးများ အကြံ‌ပေးထားရန် မလိုဘဲ ပြည်သူသိသင့်သည့် တိုင်းရင်းသား‌ဒေသများမှ သတင်းများကို ‌ဖော်ပြသင့်‌ကြောင်းလည်း ယခုလို ‌ပြောသည်။

Photo-KIC (မတ်လက ဘန်‌ကောက်တွင် ပြုလုပ်ခဲ့သည့် တိုင်းရင်းသားသတင်းဌာနများ၏ ဓာတ်ပုံပြပွဲ)

“တိုင်းရင်းသား နဖူးစီးတပ်ရုံနဲ့‌တော့ တိုင်းရင်းသားစာ‌စောင်ဖြစ်သွားမှာ မဟုတ်ဘူး။ သက်ဆိုင်တဲ့ တိုင်းရင်းသား‌တွေလုပ်မယ်ဆိုရင် တမျိုး‌ပေါ့။ ‌နောက်ပြီး တိုင်းရင်းသား‌ဒေသ‌တွေက စစ်‌ပြေးဒုက္ခသည်သတင်း‌တွေ၊ စီးပွား‌ရေးသတင်း‌တွေမှာလည်း ဥပမာ မွန်ဝန်ကြီး ဆန်တင်သွင်းခွင့်မှာ လာဘ်စားတဲ့သတင်းမျိုး ‌ဖော်ပြရမယ်။ ကုန်ကုန်‌ပြောရရင် တိုင်းပြည်မှာ ဖြစ်ပျက်‌နေတဲ့ အရာအားလုံး သိသင့် တယ်။ သတင်းသမား‌တွေမှာ စည်းရှိပါတယ်။ ပြည်သူတစ်ရပ်လုံး ဘာ‌တွေ သိသင့်သိထိုက်တယ်ဆိုတာ လွတ်လပ်ခွင့်‌ပေးရင် သူတို့ ‌ရေးမှာပါ။”ဟု ဆိုသည်။

ဂျာနယ်နှင့် ပတ်သက်ပြီး ‌ဈေးကွက်၊ စိစစ်‌ရေး အ‌ခြေအ‌နေများကို လက်ရှိ မြန်မာ့စာ‌ပေ‌လောကတွင် ရသစာ‌ပေ အား‌ကောင်း‌နေ သည့် စံပယ်ဖြူနှင့် နွယ်နီမဂ္ဂဇင်း အယ်ဒီတာ ကိုမင်းငြိမ်းချမ်းအား ‌မေးမြန်းရာ “ဂျာနယ်ထွက်လာမှပဲ ‌ပြောပါရ‌စေ။”ဟု ဆိုသည်။

စာ‌ပေစိစစ်‌ရေးနှင့် မှတ်ပုံတင်ဌာနမှ ဒုညွှန်ကြား‌ရေးမှူးချုပ် ဦးတင့်‌ဆွေက ဒီမိုက‌ရေစီလမ်း‌ကြောင်း သွား‌နေပြီးဖြစ်၍ စိစစ်‌ရေးဌာန ထားရှိရန် မသင့်‌တော်‌ကြောင်း ‌အောက်တိုဘာလ ၈ရက်‌နေ့က ‌ပြောဆိုခဲ့သည်။