Home သတင်း ကချင်အမျိုးသမီး ၇ဦး အထမ်းသမားအဖြစ် အသုံးပြုခံရ

ကချင်အမျိုးသမီး ၇ဦး အထမ်းသမားအဖြစ် အသုံးပြုခံရ

2313
‌အောက်တိုဘာလ ၁၅ရက်။ ‌နော်ဆဲကလယ် (‌ကေအိုင်စီ)

ရှမ်းပြည်‌မြောက်ပိုင်း မူဆယ်မြို့နယ်ရှိ ခမရ(၅၂၂)တပ်ရင်းသည် မရစ်ရွာရှိ အမျိုးသမီး ၇ဦးကို ‌အောက်တိုဘာလ ၁၂ရက်‌နေ့ က ဖမ်းဆီးသွားပြီး အထမ်းသမားများအဖြစ် အသုံးပြုခိုင်း‌စေသည်ဟု ‌ဒေသခံ ရွာသားတစ်ဦးက ‌ကေအိုင်စီကို ‌ပြောသည်။

၎င်းအမျိုးသမီးများကို မွန်းလွဲ ၂နာရီခွဲတွင် မည်သည့်‌ဒေသဘက်သို့ ဖမ်းဆီး‌ခေါ်‌ဆောင်ခဲ့မှန်း မသိ‌သော်လည်း ထိုသူများထဲမှ မမာပွတ ၄ဝနှစ်၊ မထုဆိုင် ၃ဝနှစ်၊ မလွမ်ချမ် ၄ဝနှစ်၊ မ‌ဘောင်ချမ်ဒဲ ၄ဝနှစ်တို့မှာ က‌လေး ၄ဦးမှ ၉ဦးရှိသူ မိခင်များ ဖြစ်သည်။

မြစ်ကြီးနားရှိ စစ်‌ကြောင့် ဒုက္ခ‌ရောက်‌နေသူများကို ကူညီသည့်အဖွဲ့မှ အမျိုးသမီးတစ်ဦးက “အမျိုးသား‌တွေက စစ်ထဲ‌ရောက် ရင်‌ရောက် ဒါမှမဟုတ်ရင် ရွာထဲမ‌နေရဲ‌တော့ အမျိုးသမီး‌တွေပဲ အသုံးချခံ‌နေရပါတယ်။ ဒီကြားထဲ မုဒိမ်းမှုလိုမျိုး ဖြစ်‌နေတာ‌တွေ ဟာ အဓိက‌တော့ စစ်‌ကြောင့်ပါပဲ။ တရား‌သောစစ်ဖြစ်ဖြစ် မတရား‌သောစစ်ဖြစ်ဖြစ် စစ်ဆိုတာ အများအားဖြင့် အမျိုးသား‌တွေ က ဖန်တီးကြတာ‌လေ။ စစ်ဒဏ်ကို က‌လေး‌တွေ အမျိုးသမီး‌တွေက ပိုခံကြရပါတယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယင်းသို့ အထမ်းသမားအဖြစ် အသုံးပြုသည့် ခမရ(၅၂၂)တပ်ရင်းမှာ စကခ(၁၆) လက်‌အောက်ခံ ဖြစ်ပြီး ၎င်းတို့သည် ရွာထဲသို့ ဝင်ကာ ရွာသားများပိုင်ဆိုင်သည့် တရုတ်လက်ကိုင်ဖုန်းများကိုလည်း လိုက်လံသိမ်းဆည်းသည့်အပြင် မြင်း ၄‌ကောင်ကိုလည်း ဝန်တင်ရန်အတွက် ဖမ်းဆီးသွား‌ကြောင်း သိရသည်။

‌ဒေသခံတစ်ဦးက “ရွာသူရွာသား‌တွေကို အတင်းခိုင်းတာ။ တိုက်ပွဲ‌တွေထဲ‌ခေါ်သွားပြီး လူသားဒိုင်း ခဏခဏ လုပ်တယ်။”ဟု ‌ပြောသည်။

ထို့အပြင် အစိုးရစစ်တပ်၏ တပ်မ(၉၉) လက်‌အောက်ခံတပ်များက ရှမ်းပြည်‌မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်း KIA တပ်ရင်း (၈)အနီးရှိ နမ့်ဆုတ်‌ကျေးရွာသို့ ပြီးခဲ့သည့် စက်တင်ဘာလ ၂၉ရက်‌နေ့က ဝင်‌ရောက်၍ ‌ဈေးဆိုင်များမှ ပစ္စည်းများကို လုယက် ယူ‌ဆောင်သွားခဲ့သဖြင့် ရွာသားများမှာ ယခုအချိန်ထိ ထွက်‌ပြေး‌နေရသည်။

နမ့်ဆုတ်ရွာသား ဦးအ‌တောင်က “အားလုံး‌ပေါင်း စစ်သားတစ်ရာ‌လောက် ရှိမယ်။ ဆိုင်‌တွေထဲ‌တော့ ၁၀‌ယောက်‌လောက်က ဝင်တာ။ သူတို့ကြိုက်တာ‌တွေ ယူသွားတာဗျ။ မကြိုက်တာ‌တွေကိုလည်း လွှင့်ပစ်ခဲ့ကြတာ‌လေ။ အတင်းကိုယူတာ။ ဘယ်လို တားတား မရဘူး။ ရွာထဲမှာလည်း ‌ယောက်ျား‌တွေ တစ်‌ယောက်မှ ရှိမ‌နေဘူး။ က‌လေးနဲ့ အမျိုးသမီး‌တွေပဲ ရှိတာ။”ဟုဆိုသည်။

အိမ်ရှင်မရှိသည့် အချို့အိမ်များတွင်မူ ‌မွေးမြူထား‌သော ကြက်၊ ဝက်များကို ယူ‌ဆောင်သွားသည်ဟု သိရသည်။ သူက “ခုဆို ရင် ရွာမှာ လူတစ်‌ယောက်မှ မရှိ‌တော့ဘူး။ ရွာကလူ‌တွေလည်း ဘယ်‌ရောက်သွားကြလည်း မသိဘူး။ စခန်း(ဒုက္ခသည်)ထဲ လည်း ‌ရောက်မလာဘူး။ ဘုရား‌ကျောင်းလည်း ‌ရောက်မလာဘဲ ‌တောင်ယာထဲ သွားပုန်း‌နေကြတယ်။”ဟု ‌ပြောသည်။

မြန်မာအစိုးရ စစ်တပ်သည် ရှမ်းပြည်နယ်‌မြောက်ပိုင်း မူဆယ်၊ ကွတ်ခိုင်၊ မန်တုံမြို့နယ်များတွင် ပြီးခဲ့သည့် စက်တင်ဘာလ ၂၄ရက်‌နေ့မှ စတင် ထိုးစစ်ဆင်‌နေသဖြင့် KIA၊ SSA/SSPP တပ်များနှင့် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။