Home သတင်း AK ကုမ္ပဏီစခန်းတွင် လက်နက်ကိုင် အဖွဲ့တခု ဝင်‌ရောက် မီးရှို့

AK ကုမ္ပဏီစခန်းတွင် လက်နက်ကိုင် အဖွဲ့တခု ဝင်‌ရောက် မီးရှို့

1603
‌အောက်တိုဘာလ ၂၁ရက်။ (‌ကေအိုင်စီ)

မွန်ပြည်နယ်၊ ‌မော်လမြိုင်-‌ရေး ကားလမ်း‌ဆောက်လုပ်‌ရေးအတွက် ကန်ထရိုက်ယူထားသည့် AK ကုမ္ပဏီ ဝန်ထမ်းများ၏ အိမ် ယာများကို အမည်မသိ လက်နက်ကိုင်တစ်ဖွဲ့က ယ‌နေ့နံနက် ၅နာရီ‌ကျော်တွင် ဝင်‌ရောက် ပစ်ခတ် မီးရှို့ခဲ့သည်။

‌မော်လမြိုင်-‌ရေး ကားလမ်း‌ပေါ်ရှိ မုဒုံမြို့နယ်၊ ကမာဝက်‌ကျေးရွာအနီးတွင် စခန်းချထားသည့် AK ကုမ္ပဏီဝန်ထမ်းအိမ်ယာများ ကို လက်နက်ကိုင်အဖွဲ့တို့က မီးရှို့ခဲ့ပြီး ဝန်ထမ်းတချို့ကိုလည်း ‌ခေါ်‌ဆောင်သွား‌ကြောင်း ‌ဒေသခံတို့က ‌ပြောသည်။

“‌ပေါက်ကွဲသံက‌တော့ ရွာအထိ ကြားတယ်၊ ဒါ‌ပေမယ့် ‌သေနတ်သံလား ဘာလား‌တော့ မသိဘူး၊ တချို့‌ပြောတာက အဲဒီက လူ ‌တွေကိုလည်း ‌ခေါ်သွားတာရှိတယ်တဲ့။”ဟု ‌ဒေသခံတဦးက ‌ပြောသည်။

ထိုလက်နက်ကိုင်အဖွဲ့သည် ကိုရင်သန်းလွင် ဦး‌ဆောင်သည့် မွန်လက်နက်ကိုင်တပ်ဖွဲ့ဖြစ်‌ကြောင်း မကြာခင်က ၎င်းတပ်ဖွဲ့မှ ဆက်‌ကြေး‌တောင်းထားသည်ကို AK ကုမ္ပဏီက မ‌ပေးသည့်အတွက် ယခုကဲ့သို့ ဝင်‌ရောက်ပစ်ခတ်ခြင်း ဖြစ်နိုင်‌ကြောင်း ‌ဒေသခံ များ၏ ‌ပြောပြချက်အရ သိရသည်။

ထို့အပြင် ပြီးခဲ့သည့် ဇွန်လကလည်း AK ကုမ္ပဏီ ဝန်ထမ်းတစ်ဦးကို ၎င်းလက်နက်ကိုင်တပ်ဖွဲ့က ပြန်‌ပေးဆွဲ‌ခေါ်သွားပြီး ‌ငွေ ကျပ်သိန်း ၁၅ဝ ‌ပေးရန် ‌တောင်းဆိုခဲ့‌သေးသည်။

AK လမ်းတံတား ‌ဆောက်လုပ်ပြုပြင်‌ရေး ကုမ္ပဏီသည် ‌မော်လမြိုင်-‌ရေးလမ်းကားလမ်းနှင့် တံတားများပြုပြင်ရန်အတွက် ၂၀၁ဝခုနှစ်မှစပြီး မွန်ပြည်နယ်သို့ စတင်ဝင်‌ရောက်လာခဲ့သည်။

လက်ရှိအချိန်တွင် ကိုရင်သန်းလွင် ဦး‌ဆောင်သည့်အဖွဲ့သည် မုဒုံမြို့နယ်အတွင်း ကမာဝက်‌ကျေးရွာ အပါအဝင် တချို့‌ကျေးရွာ များ၌လည်း ဆက်‌ကြေး‌တောင်းခံမှုများ ပြုလုပ်လျှက်ရှိ‌ကြောင်းလည်း မုဒုံ‌ဒေသခံတစ်ဦးက ယခုလို ‌ပြောသည်။

“အခုတ‌လော ဆက်‌ကြေး‌တောင်းတာတို့ ပြန်‌ပေးဆွဲတာတို့ ခဏခဏ ကြား‌နေရတယ်၊ ကိုရင်သန်းလွင်တို့ အဖွဲ့လို့ပဲ ‌ပြော‌နေ ကြတယ်။”ဟု မုဒုံ‌ဒေသခံက ‌ပြောသည်။

ကိုရင်သန်းလွင် ဦး‌ဆောင်သည့် ထိုအဖွဲ့ကို ၂၀၀၉ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီး ထိုစဉ်က မွန်အမျိုးသား ကာကွယ်‌ရေးတပ်ဖွဲ့ဟု အမည်‌ပေးထားခဲ့သည်။ ထိုတပ်ဖွဲ့တွင် မွန်နှင့် ကရင် လက်နက်ကိုင်တပ်ဖွဲ့တို့ ပါဝင်ပြီး အထူးသဖြင့် မုဒုံမြို့နယ်၊ ကျိုက်မ‌ရော မြို့နယ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်များတွင် လှုပ်ရှား‌နေသည်။

ပြီးခဲ့သည့် ‌မေလက ဖြစ်ပွားခဲ့‌သော မုဒုံမြို့အနီး အိတ်ချိန်း(ဆက်သွယ်‌ရေး)ရုံး ဗုံး‌ပေါက်ကွဲမှုဖြစ်ရပ်နှင့် ဇွန်လ ‌ရေး-သံဖြူဇရပ် ကားလမ်းရှိ ခရီးသည်တင် မှန်လုံယာဉ်နှစ်စီး မီးရှို့ကာ ကားသမားများ ပြန်‌ပေးဆွဲမှုများမှာ ထိုအဖွဲ့နှင့် ပတ်သက်မှုရှိ‌ကြောင်း ‌ဒေသခံတို့ ‌ပြောဆို‌နေကြသည်။