Home ထိပ်တန်းသတင်း အာဏာပိုင်မှ ‌ရွှေတူး‌ဒေသခံများအား အတင်း‌ပြောင်း‌ရွှေ့ခိုင်း‌နေ

အာဏာပိုင်မှ ‌ရွှေတူး‌ဒေသခံများအား အတင်း‌ပြောင်း‌ရွှေ့ခိုင်း‌နေ

1679
‌အောက်တိုဘာလ ၂၂ရက်။ (‌ကေအိုင်စီ)

ကချင်ပြည်နယ်ရှိ ဧရာဝတီ မြစ်ဆုံ‌ဒေသတွင် ‌ရွှေတူး‌ဖော်‌ရေးလုပ်ငန်းများကို ကျယ်ပြန့်စွာ လုပ်‌ဆောင်သွားရန်အတွက် အစိုးရ မှ ‌ဒေသခံပြည်သူများကို အတင်းအကြပ် ‌ပြောင်း‌ရွှေ့ခိုင်း‌နေသည်ဟု ကချင်လူမှုဖွံ့ဖြိုးတိုးတက်‌ရေးကွန်ယက်အဖွဲ့(KDNG)မှ ယမန်‌နေ့က ‌ပြောသည်။

စီမံကိန်း‌ဒေသ၌ ကြီးမားကျယ်ပြန့်သည့် အစိုးရပိုင် ‌ရွှေတူး‌ဖော်‌ရေး လုပ်‌ဆောင်ရန်အတွက် မြစ်ကြီးနားမြို့ အ‌ထွေ‌ထွေ အုပ်ချုပ် ‌ရေးမှူးက ‌အောက်တိုဘာလ ၅ရက်မှစ၍ ‌ပြောင်း‌ရွှေ့‌ပေးရန် အမိန့်ထုတ်ထားခြင်းဖြစ်သည်ဟု KDNG ၏ အ‌ရေး‌ပေါ် ထုတ်ပြန် ချက်တွင် ‌ဖော်ပြထားသည်။

မြစ်ဆုံ‌ဒေသရှိ တန်ဖရဲ‌ကျေးရွာ ‌ဒေသခံများ၊ ပုဂ္ဂလိက ‌ရွှေတူး‌ဖော်‌ရေး လုပ်သူများနှင့် ဆိုင်ပိုင်ရှင်များကို ၅ရက်အတွင်း အပြီး ‌ရွှေ့‌ပေးရမည်ဖြစ်ပြီး မ‌ပြောင်း‌ရွှေ့ပါက “တည်ဆဲဥ‌ပေဒအရ” ထိ‌ရောက်စွာ အ‌ရေးယူသွားမည်ဟုလည်း KDNG က ‌ပြောသည်။

“‌ဒေသခံ‌တွေက တပိုင်တနိုင်နဲ့ ‌ရွှေတူး‌နေကြတာ။ အဲဒါ အားလုံးကို ‌ပြောင်း‌ရွှေ့ခိုင်းတယ်။ ကုမ္ပဏီတခုတည်းပဲ အဲဒီ‌ရွှေတူးလုပ် ငန်းကို လုပ်‌ဆောင်သွားမယ်‌လေ။”ဟု ကချင်လူမှုဖွံ့ဖြိုးတိုးတက်‌ရေးကွန်ယက်အဖွဲ့မှ အနန်က ‌ပြောသည်။

အာဏာပိုင်အမိန့်အရ ထိုမြစ်ဆုံ‌ဒေသအတွင်း၌ တရားဝင် ‌ရွှေတူး‌ဖော်ရန်အတွက် ခါကာဘိုကုမ္ပဏီတခုတည်းကိုသာ လုပ်ပိုင် ခွင့်‌ပေးထားခြင်းဖြစ်သည်ဟုလည်း ၎င်းက ဆက်‌ပြောသည်။

KDNG ၏ ‌ကြေညာချက်တွင် သတ္တုတူး‌ဖော်‌ရေးဝန်ကြီးဌာန အမှတ် ၂နှင့် ခါကာဘို သတ္တုတူး‌ဖော်‌ရေး ကုမ္ပဏီတို့၏ အကျိုးတူ ဖက်စပ်လုပ်ငန်းမှ မြစ်ကမ်းများကို ‌ဖောက်ခွဲတူး‌ဖော်ရန်၊ ‌မြေများတူး‌ဖော်ရန်နှင့် ဧရာဝတီမြစ်အတွင်း အဖိုးတန်‌ရွှေများ ရှာ‌ဖွေ နိုင်ရန်အတွက် ထိုအမိန့်မှ လမ်း‌ကြောင်းရှင်း‌ပေးသည်ဟု ဆိုသည်။

သမ္မတ ဦးသိန်းစိန်၏ ပြည်သူလူထုဆန္ဒအတိုင်း မြစ်ဆုံကိစ္စကို ဆိုင်းငံ့ထားမည်ဖြစ်‌ကြောင်း ‌ကြေညာခဲ့ပြီး မကြာခင်၌ပင် ထိုကဲ့ သို့‌သော အမိန့်များကို ‌ဒေသအာဏာပိုင်များက ထုတ်ပြန်ခဲ့သည်။ အနန်က “အစိုးရက တဖက်မှာ ဧရာဝတီကို ချစ်တယ်လို့ ‌ပြော‌နေ‌ပေမယ့် တဖက်မှာက ဧရာဝတီမြစ်ကြီး မြစ်ဖျားခံတဲ့‌နေရာမှာ မြစ်ကို အဆိပ်သင့်‌အောင် လုပ်‌နေပါတယ်။”ဟု ‌ပြော သည်။

‌ရွှေတူး‌ဖော်‌ရေးလုပ်ငန်းတွင် အသုံးပြုသည့် စက်ယန္တရားများ၏ ဆိုးကျိုးများသည် ဧရာဝတီမြစ်‌ကြောင်းစနစ်ကို ညစ်ညမ်း‌စေပြီး မြစ်‌အောက်‌ဒေသတစ်‌လျှောက် ‌နေထိုင်‌နေကြသည့် ‌ဒေသခံပြည်သူများအတွက် ဆိုးကျိုးများ ဖြစ်‌ပေါ်‌စေသည်ဟုလည်း သူက ‌ပြောသည်။

ပြဒါးနှင့် ဆိုင်ယာနိုဒ်(cyanide) ကို အသုံးပြု၍ စည်းကမ်းမဲ့ ‌ရွှေတူး‌ဖော်ခြင်းသည် ကချင်ပြည်နယ်ရှိ မြစ်များနှင့် ‌မြေယာများကို နှစ်‌ပေါင်းများစွာကတည်းက ပျက်စီးခဲ့ရပြီး စိုးရိမ်ဖွယ် မြစ်‌ကြောင်း‌ပြောင်းလဲမှုများနှင့် အဆိပ်ပြန့်ပွားမှုများကို ဖြစ်‌ပေါ်‌စေခဲ့ ‌ကြောင်းလည်း KDNG ‌ကြေညာချက်၌ ‌ဖော်ပြထားသည်။