Home သတင်း ဖမ်းဆီးခံရသည့် KNLA ‌ဆေးမှူး ထွက်‌ပြေးလွတ်‌မြောက်

ဖမ်းဆီးခံရသည့် KNLA ‌ဆေးမှူး ထွက်‌ပြေးလွတ်‌မြောက်

2939
‌အောက်တိုဘာလ ၂၅ရက်။ ‌စောသိန်းမြင့်(‌ကေအိုင်စီ)

ပြီးခဲ့သည့်အပတ်က ထိုင်း-မြန်မာနယ်စပ် လှိုင်းဘွဲမြို့နယ် ‌သောင်ရင်းမြစ်တွင် အစိုးရစစ်တပ်နှင့် BGF တပ်ဖွဲ့တို့၏ ဖမ်းဆီးမှု ကို ခံခဲ့ရသည့် KNLA ‌ဆေးမှူးမှာ ယမန်‌နေ့က ထွက်‌ပြေးလွတ်‌မြောက်လာသည်ဟု KNLA က ‌ပြောသည်။

ပြီးခဲ့သည့် ‌အောက်တိုဘာလ ၁၈ရက်‌နေ့မနက်က မဲ့သ‌ဝေါဂွင်ရှိ အစိုးရစစ်တပ်နှင့် BGF တပ်တို့ ထိုင်းဘက်ခြမ်းကူးကာ ‌သောင်ရင်းမြစ်တစ်ဖက်ကမ်းရှိ KNLA တပ်ဖွဲ့ဝင်များအား ဝင်‌ရောက်ပစ်ခတ်ချိန် မြစ်အတွင်း ပိုက်‌ထောင်‌နေသည့် ၎င်း‌ဆေးမှူး ‌စော‌စေးလယ်ထူး ၃၇နှစ်အား ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်။

‌စော‌စေးလယ်ထူး၏ မိတ်‌ဆွေတစ်ဦးက “သူ့ကို သတ်ပစ်ဖို့အတွက် ဗမာစစ်တပ်က ‌ပြောဆို‌နေသံကို သူ ကြားမိသွားလို့ ‌နောက်‌နေ့မနက်‌စော‌စောမှာ ကိုယ်လွတ်ရုန်းပြီး ထွက်‌ပြေးလွတ်‌မြောက်သွားတာပါ။ သူ‌ပြေးတဲ့အချိန်မှာ ဗမာစစ်သား‌တွေက ‌နောက်က‌နေ ‌သေနတ်နဲ့ လိုက်ပစ်‌သေးတယ်လို့ ‌ပြောတယ်။”ဟု ဆိုသည်။

ထိုသို့ထွက်‌ပြေးလာရာ ‌တောလမ်းတ‌နေရာတွင် ‌ထောင်ထားသည့် ‌မြေမြှုပ်မိုင်းတစ်လုံးကို နင်းမိကာ ညာဘက်‌ခြေဖ‌နောင့်မှာ အနည်းငယ် ပွန်းပဲ့ဒဏ်ရာ ရရှိခဲ့သည်ဟု သိရသည်။

အစိုးရစစ်တပ်နှင့် BGF ပူး‌ပေါင်းတပ်ဖွဲ့သည် ‌စော‌စေးလယ်ထူးအား ဖမ်းဆီးခဲ့စဉ်က ထိုးကြိတ်၊ ရိုက်နှက်ကာ စစ်‌ဆေး‌မေးမြန်း ခဲ့သည်ဟု ၎င်းအား ကိုယ်တိုင်သွား‌ရောက် ‌တွေ့ဆုံခဲ့သူတစ်ဦးက “သူ့ဦး‌ခေါင်း‌နောက်‌စေ့ကို ‌သေနတ်ဒင်နဲ့ အထုခံရတယ်။ ‌နောက်ပြီး သူ့လက်နှစ်ဖက်ကို လက်ပြန်ကြိုးတုတ်ထား‌တော့ လက်နှစ်ဖက်က ကြိုးချည်ရာ‌တွေ အခုထိ ထင်းထင်းကြီးပဲ ‌ပေါ် ‌နေတယ်။”ဟု ‌ပြောသည်။

အစိုးရစစ်တပ်က ၎င်းတို့ ဖမ်းဆီးရမိ‌သော စစ်သုံ့ပန်းများကို ယင်းသို့ ညှင်းပမ်းနှိပ်စက်ခြင်းသည် နိုင်ငံတကာ စစ်သုံ့ပန်း ဥပ‌ဒေ ချိုးကို ချိုး‌ဖောက်ရာ‌ရောက်သည်ဟု ‌ကေအဲန်ယူ၏ ဒုဥက္ကဌ ပဒို‌ဒေးဗစ်သက‌ဘောက ‌ဝေဖန်‌ပြောဆိုလိုက်သည်။