Home ထိပ်တန်းသတင်း အစိုးရသတင်းစာ၏ စွပ်စွဲချက် KNU ငြင်းဆို

အစိုးရသတင်းစာ၏ စွပ်စွဲချက် KNU ငြင်းဆို

1615
‌အောက်တိုဘာလ ၂၅ရက်။ နန်းသူး‌လေ (‌ကေအိုင်စီ)

ကရင်အမျိုးသားအစည်းအရုံး (KNU) ‌ထောင်ထားသည့်မိုင်းများ နင်းမိသဖြင့် ပဲခူးတိုင်း‌ဒေသရှိ ရွာများမှ အပြစ်မဲ့ ပြည်သူနှစ်ဦး ဒဏ်ရာရရှိပြီး နှစ်ဦး‌သေဆုံးခဲ့သည်ဟု ယ‌နေ့ထုတ် အစိုးရပိုင် ‌ကြေးမုံသတင်းစာ၏ ‌ဖော်ပြထားခြင်းမှာ မဟုတ်မှန်‌ကြောင်း KNU က ငြင်းဆိုလိုက်သည်။

KNU တွဲဖက် အတွင်း‌ရေးမှူး(၁) ဗိုလ်မှူး‌စောလှ‌ငွေက “ပဲခူးတိုင်းဘက်မှာ အစိုးရတပ်စခန်း‌တွေပဲ အ‌ခြေစိုက်တယ်။ ရံဖန်ရံခါ နယ်‌မြေရှင်းတဲ့ ‌နွေရာသီအချိန်မျိုးမှာ သွားလာလှုပ်ရှားတာ‌တော့ ရှိတယ်။ ကျ‌နော်တို့ တပ်လုံခြုံ‌ရေးနဲ့ လူထုကာကွယ်‌ရေးအ တွက်ဆိုပြီး မိုင်း‌ထောင်တာမျိုး လုံးဝ မရှိပါဘူး။”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

ပဲခူးတိုင်း‌ဒေသရှိ နယ်‌မြေများတွင် ကရင်လက်နက်ကိုင်တပ်များ ‌ခေတ္တခဏ လှုပ်ရှားမှုမျိုးသာ ရှိသည်ဟု ၎င်းက ဆက်‌ပြော သည်။

ယခုလ ၂ဝရက်‌နေ့တွင် KNU ၏ မိုင်း‌ကြောင့် ကနစိုးပင်ရွာမှ ‌တောခုတ်သွား‌သော ရွာသားတစ်ဦး ဒဏ်ရာရရှိခဲ့ပြီး ၂၁ရက်‌နေ့ ကလည်း မူသဲရွာမှ ဟင်းသီးဟင်းရွက် ရှာ‌ဖွေရန် ထွက်သွား‌သော ‌ဒေသခံတစ်ဦး ဒဏ်ရာရကာ နှစ်ဦး ‌သေဆုံးခဲ့သည်ဟု ‌ကြေးမုံသတင်းတွင် ‌ဖော်ပြထားခြင်းဖြစ်သည်။

ထိုသို့ စွပ်စွဲမှုများမှာ ယခင် စစ်အစိုးရ လက်ထက်ကတည်းကဖြစ်ပြီး လက်ရှိ အစိုးရသစ်ကလည်း အပစ်ခတ်ရပ်စဲအဖွဲ့များကို ထိုးစစ်ဆင်‌နေသည်ကိုကြည့်လျှင် ၎င်းတို့၏ သ‌ဘောထား ‌ပြောင်းလဲခြင်းမရှိသည်မှာ ‌ပေါ်လွင်‌ကြောင်း ဗိုလ်မှူး‌စောလှ‌ငွေက ထပ်မံ ‌ပြောဆိုသည်။

အလားတူ ဩဂုတ်လ ၈ရက်‌နေ့ထုတ် အစိုးရပိုင် သတင်းစာများတွင် KNU တပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှု‌ကြောင့် ကရင်ပြည်နယ်ရှိ ‌ကျေးရွာတရွာမှ က‌လေးငယ်နှစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု စွပ်စွဲ‌ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ‌နေ့စဉ်ထုတ် ‌ကြေးမုံနှင့် မြန်မာ့အလင်း သတင်းစာများမှာ ယခင် စစ်အစိုးရမှ ယခု အစိုးရသစ်တိုင် နိုင်ငံ‌တော် အစိုးရပိုင် သတင်းစာအဖြစ် ရပ်တည်‌နေဆဲ ဖြစ်သည်။