Home ထိပ်တန်းသတင်း အလစ်ဝင်‌ရောက် ပစ်ခတ်မှု‌ကြောင့် အစိုးရတပ်ဖွဲ့ဝင် ၃ဦး ကျဆုံး

အလစ်ဝင်‌ရောက် ပစ်ခတ်မှု‌ကြောင့် အစိုးရတပ်ဖွဲ့ဝင် ၃ဦး ကျဆုံး

1386
‌အောက်တိုဘာလ ၂၇ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

မြဝတီမြို့‌တောင်ပိုင်းရှိ ‌ဝေါ်‌လေ‌ဒေသ ဘုရင့်‌နောင်ကုန်းတွင် အ‌ခြေချလှုပ်ရှားသည့် အစိုးရစစ်တပ်အား ကရင်အမျိုးသားလွတ် ‌မြောက်‌ရေးတပ်မ‌တော်(KNLA)တို့က ယ‌နေ့နံနက်တွင် သွား‌ရောက် ပစ်ခတ်ခဲ့ရာ ၃ဦး ‌သေဆုံးခဲ့သည်ဟု KNLA ဘက်က ‌ပြော သည်။

KNLA (၂၀၁) တပ်မှူးတစ်ဦးက “ဒီမနက် ၇နာရီ‌ကျော် ဘုရင့်‌နောင်ကုန်းစခန်းမှာရှိတဲ့ ခမရ(၃၇၂) စစ်‌ကြောင်း(၁)ကို ကျ‌နော် တို့ ‌ကေအဲန်အယ်လ်‌အေ တပ်ရင်း(၂၀၁) တပ်ဖွဲ့ဝင်တချို့က သွား‌ချောင်းပစ်‌တော့ ၃‌ယောက် ‌သေတယ်။”ဟု ‌ပြောသည်။

၎င်းတိုက်ခိုက်မှုအပြီးတွင် အစိုးရတပ်ဘက်မှ KNLA တပ်များကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ၆မိနစ်ခန့် လိုက်လံပစ် ခတ်ခဲ့သည်။ သို့‌သော် ‌ကေအဲန်အယ်လ်‌အေဘက်က ထိခိုက်မှုမရှိ‌ကြောင်း အဆိုပါတပ်မှူးက ‌ပြောသည်။

“ဒီမနက် ၇နာရီ‌ကျော်‌လောက်‌ပေါ့‌နော်။ ‌မောခီးဘက်မှာ လက်နက်ကြီးသံ ၂ချက်ကြားလိုက်တယ်။ တ‌အောင့်‌လောက်ကြာ ‌တော့ ‌နောက်တစ်လုံး ထပ်ကြားတယ်။”ဟု ‌ဝေါ်‌လေရွာသားတစ်ဦးက ‌ပြောသည်။

မြဝတီမြို့‌တောင်ဘက် ၅ဝကီလိုမီတာခန့် ကွာ‌ဝေးသည့် ‌ဝေါ်‌လေ‌ဒေသတွင် အ‌ခြေချလှုပ်ရှား‌နေသည့် အစိုးရစစ်တပ်များနှင့် ‌ကော့ကရိတ်မြို့နယ်တွင် လှုပ်ရှား‌နေသည့် အစိုးရတပ်များမှာ ကရင်တပ်ဖွဲ့တို့၏ မကြာခဏ ပစ်ခတ်မှုများ‌ကြောင့် ထိခိုက်ကျ ဆုံးမှု များပြားလျှက်ရှိသည်။

ပြီးခဲ့သည့် စက်တင်ဘာလအတွင်း ‌ကေအဲန်ယူနှင့် အစိုးရတပ်များ တိုက်ပွဲ‌ပေါင်း ၇၁ကြိမ် ဖြစ်ပွားခဲ့ပြီး ‌ကေအဲန်ယူဘက်မှ တဦး ကျ၊ တဦးထိခိုက်ကာ အစိုးရတပ်ဘက်မှ ၅၄ဦးကျ၊ ၁၅ဦး ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့သည်ဟု ‌ကေအဲန်ယူ၏ တိုက်ပွဲသတင်း ထုတ်ပြန်ချက်အရ သိရသည်။