Home ထိပ်တန်းသတင်း ဥက္ကဌကို ဖြုတ်ရန် ဖလုံ-စ‌ဝေါ်ပါတီ အ‌ရေး‌ပေါ် အစည်းအ‌ဝေးပြုလုပ်

ဥက္ကဌကို ဖြုတ်ရန် ဖလုံ-စ‌ဝေါ်ပါတီ အ‌ရေး‌ပေါ် အစည်းအ‌ဝေးပြုလုပ်

1778
‌အောက်တိုဘာလ ၃၁ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ဖလုံ-စ‌ဝေါ် ဒီမိုကရက်တစ်ပါတီ-PSDP ၏ လက်ရှိ ဥက္ကဌ ‌စောသန်း‌ကျော်ဦးကို ပါတီစည်းကမ်း ‌ဖောက်ဖျက်မှုဟူ၍ ပါတီအဖွဲ့ ဝင်များက ဖြုတ်ချရန် ကြိုးပမ်းသည့်အ‌နေဖြင့် ကရင်ပြည်နယ်၊ ဖားအံမြို့ရှိ ဖလုံ-စ‌ဝေါ်ပါတီရုံးတွင် ယ‌နေ့မနက်က အ‌ရေး‌ပေါ် အစည်းအ‌ဝေး ပြုလုပ်ခဲ့သည်။

ဖလုံ-စ‌ဝေါ်ပါတီအဖွဲ့ဝင်တဦးသည် ပုဂ္ဂိုလ်‌ရေး အကျိုးစီးပွားလုပ်ခွင့် မရှိ‌ကြောင်း ချမှတ်ထားသည်ကို ‌စောသန်း‌ကျော်ဦးက ချိုး ‌ဖောက်ခဲ့သည့်အ‌ပေါ် ပါတီအဖွဲ့ဝင်များမှ ဖြုတ်ချရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်ဟု ၎င်းပါတီနှင့် နီးစပ်သည့်သူတဦးက ‌ကေအိုင်စီ ကို ‌ပြောသည်။

“သူ(‌စောသန်း‌ကျော်ဦး)ဟာ ခ‌နောက်စိမ်းထုတ်လုပ်တဲ့ သံလွင်သီဟ ကုမ္ပဏီရဲ့ ပိုင်ရှင်နဲ့ စီးပွား‌ရေး အစုရှယ်ယာလုပ်ကြတာ ၂လ‌လောက်ရှိပြီ။ ‌နောက် ပါတီရဲ့ ခွင့်ပြုချက်မယူဘဲ ပုဂ္ဂိုလ်‌ရေး အကျိုးစီးပွား‌တွေ လိုက်လုပ်ထားတာလည်း ရှိ‌တော့ ပါတီက မကြိုက်လို့ အစည်းအ‌ဝေးမှာပဲ ဆုံးဖြတ်သွားဖို့ အခုလို အစည်းအ‌ဝေးလုပ်လိုက်တာ။”ဟု ‌ပြောဆိုသည်။

အစည်းအ‌ဝေးကို ဖလုံ-စ‌ဝေါ်ပါတီ၏ ဥက္ကဌနှင့် လွှတ်‌တော်အမတ်များဖြစ်သည့် နန်း‌စေအွာ၊ ‌စောမင်း‌အောင်လင်း၊ ‌စော‌ကျော် နိုင်၊ ‌စောရှားထွန့်‌ဖောင်၊ ပါတီ၏ အမျိုးသမီးအဖွဲ့ ဥက္ကဌ ‌နော်ယုဇနဝါနှင့် လူငယ်အဖွဲ့ ဥက္ကဌ ‌စောခင်‌ကျော်ဦးတို့ အပါအဝင် စုစု‌ပေါင်း လူ ၆ဝခန့် တက်‌ရောက်ခဲ့သည်ဟု သိရသည်။

မနက် ၁ဝနာရီမှ မွန်းလွဲ ၁နာရီ ကြာမြင့်သည် ထိုအစည်းအ‌ဝေးတွင် ဥက္ကဌကို ဖယ်ရှားခြင်း မဖယ်ရှားခြင်း နှစ်ဖွဲ့ကြား အ‌ခြေအ တင် ငြင်းခုံမှုများရှိ‌သော်လည်း ကိုယ်ထိလက်‌ရောက် ဖြစ်ကြသည်အထိမူ မရှိခဲ့‌ပေ။

၎င်းအစည်းအ‌ဝေးတွင် ‌စောသန်း‌ကျော်ဦး စည်းရုံးထားသည့် နယ်ခံစည်းရုံး‌ရေးမှူးအချို့မှတပါး ဖလုံ-စ‌ဝေါ်ပါတီ၏ ထိပ်ပိုင်း ‌ခေါင်း‌ဆောင်အမတ်များ အားလုံးနှင့် အဖွဲ့ဝင်များအားလုံးက ဥက္ကဌအ‌နေဖြင့် လတ်တ‌လောရာထူး နှုတ်ထွက်‌ပေးရန် လက် မှတ်ထိုးကာ ‌တောင်းဆိုခဲ့ကြသည်ဟု ဖလုံ-စ‌ဝေါ်ပါတီက ‌ပြောသည်။

သို့‌သော် ၎င်းက ရာထူးမှ နှုတ်ထွက်ရန် ငြင်းဆိုခဲ့သည့်အတွက် ယင်းပြဿနာကို လာမည့် ဒီဇင်ဘာလ PSDP ပါတီနှစ်ပတ် လည်‌နေ့၌ ထပ်မံ ‌ဖြေရှင်းသွားမည်ဟုလည်း သိရသည်။

ယခုလ ၂၄ရက်‌နေ့ကလည်း ဖလုံ-စ‌ဝေါ်ပါတီ ဥက္ကဌ ‌စောသန်း‌ကျော်ဦးသည် ပါတီ၏ အမျိုးသမီးအဖွဲ့ ဥက္ကဌ ‌နော်ယုဇနဝါကို ခြိမ်း‌ခြောက်‌ပြောဆိုခဲ့သည်ဟုလည်း ပါတီနှင့် နီးစပ်သူ အဆိုပါပုဂ္ဂိုလ်က ‌ပြောသည်။

၎င်းက “ငါက ဒီ‌ကေဘီ‌အေ လုပ်ခဲ့ဖူးတယ်။ နင့်ကို ငါ သတ်ပစ်လိုက်မယ်။ အဲလို ‌ပြောလိုက်တာ။ ‌နော်ယုဇနဝါဆိုရင် မျက်ရည် ‌တောင် ကျတယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောဆို့သည်။

Photo-KIC (ဖလုံ-စ‌ဝေါ်ပါတီ၏ အ‌ရေး‌ပေါ် အစည်းအ‌ဝေး)

ယ‌နေ့ အ‌ရေး‌ပေါ်အစည်းအ‌ဝေးနှင့် ပတ်သက်၍ ကိုယ်တိုင်အစည်းအ‌ဝေးသို့ တက်‌ရောက်ခဲ့သူ ဖားအံမဲဆန္ဒနယ် အမှတ်-၁ ဖလုံ-စ‌ဝေါ်ပါတီ ပြည်သူ့လွှတ်‌တော်ကိုယ်စားလှယ် နန်း‌စေအွာကို ‌ကေအိုင်စီက ‌မေးမြန်းခဲ့ရာ ပြန်လည် ‌ဖြေကြားခြင်းမပြုဘဲ ဖုန်းချသွားခဲ့သည်။

ဖလုံ-စ‌ဝေါ်ပါတီသည် ပြီးခဲ့သည့် ၂၀၁ဝ ‌ရွေး‌ကောက်ပွဲတွင် အမတ်‌နေရာ ၁၈ဦး ဝင်‌ရောက်ယှဉ်ပြိုင်ခဲ့ရာ ပြည်သူ့လွှတ်‌တော် ကိုယ်စားလှယ်အမတ် ၂‌နေရာ၊ အမျိုးသားလွှတ်‌တော် ကိုယ်စားလှယ်အမတ် ၃‌နေရာနှင့် ပြည်နယ်လွှတ်‌တော် ကိုယ်စားလှယ် အမတ် ၄‌နေရာ ရရှိခဲ့သည်။

‌စောသန်း‌ကျော်ဦးသည် ယခု ကရင်ပြည်နယ် လမ်းပန်းဆက်သွယ်‌ရေးဝန်ကြီးဖြစ်သူ ယခင် ဖလုံ-စ‌ဝေါ်ပါတီ၏ ဥက္ကဌ ‌စောခင် ‌မောင်မြင့်၏ ‌နေရာတွင် အစားထိုး အ‌ရွေးခံရသူဖြစ်ပြီး ၂၀၁ဝ ‌ရွေး‌ကောက်ပွဲအတွင်း ကျိုက်မ‌ရောမြို့နယ် အမှတ်(၁)တွင် ပြည် နယ်လွှတ်‌တော်ကိုယ်စားလှယ်အဖြစ် ဝင်‌ရောက်အ‌ရွေးခံခဲ့ရာ မဲရှုံးနိမ့်ခဲ့သည်။