Home ထိပ်တန်းသတင်း အပစ်ရပ်‌ရေးအတွက် အစိုးရအဖွဲ့နှင့် ဒီ‌ကေဘီ‌အေ ‌တွေ့ဆုံခဲ့

အပစ်ရပ်‌ရေးအတွက် အစိုးရအဖွဲ့နှင့် ဒီ‌ကေဘီ‌အေ ‌တွေ့ဆုံခဲ့

1765
‌အောက်တိုဘာလ ၃၁ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

တိုးတက်‌သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ‌တော်(ဒီ‌ကေဘီ‌အေ)သည် အစိုးရအဖွဲ့နှင့် အပစ်အခတ်ရပ်စဲ‌ရေးအတွက် ကရင်ပြည်နယ် ဘားအံမြို့ရှိ ပြည်နယ်ဝန်ကြီးရုံးတွင် ပြီးခဲ့သည့်အပတ်က ‌တွေ့ဆုံ‌ဆွေး‌နွေးခဲ့သည်ဟု သိရသည်။

ဒီ‌ကေဘီ‌အေ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်မို‌ရှေး ဦး‌ဆောင်‌သောအဖွဲ့နှင့် အစိုးရဘက်က တိုင်းရင်းသား‌ရေးရာနှင့် ပြည်တွင်းငြိမ်းချမ်း‌ရေး ‌ဖော်‌ဆောင်မှု‌ကော်မတီ ဥက္ကဌ ဦးသိန်း‌ဇော် ဦး‌ဆောင်သည့်အဖွဲ့တို့သည် ‌အောက်တိုဘာလ ၂၆ရက်‌နေ့က အပစ်အခတ်ရပ်စဲ‌ရေးနှင့် ပတ် သက်ပြီး အလွတ်သ‌ဘော ‌တွေ့ဆုံ‌ဆွေး‌နွေးခြင်းသာဖြစ်သည်ဟု ဒီ‌ကေဘီ‌အေတပ်ဖွဲ့ ‌ပြောခွင့်ရသူ ဗိုလ်မှူးဆန်း‌အောင်က ‌ပြောသည်။

ဗိုလ်မှူးဆန်း‌အောင်က “လက်ရှိ နိုင်ငံ‌တော်က တာဝန်ရှိတဲ့ပုဂ္ဂိုလ်‌တွေ၊ အရာရှိ‌တွေနဲ့ ကျ‌နော်တို့‌ခေါင်း‌ဆောင်‌တွေနဲ့ ‌တွေ့ဆုံရာမှာ ပြည်သူ လူထု‌တွေ လိုလားတဲ့ ငြိမ်းချမ်း‌ရေးအ‌ပေါ်မှာ မူတည်ပြီး‌တော့ တကယ်‌စေတနာအမှန်နဲ့ ကျ‌နော်တို့ကို ချပြတယ်။ ‌ဆွေး‌နွေးတယ်။ အပစ်အ ခတ်ရပ်စဲ‌ရေးနဲ့ ပတ်သက်ပြီး ယုံကြည်မှု အရင် တည်‌ဆောက်တယ်။ အဲဒီအ‌ဖြေပဲ ရခဲ့တယ်။”ဟု ‌ပြောသည်။

ယခု ‌တွေ့ဆုံမှုတွင် ဒီ‌ကေဘီ‌အေဘက်မှ ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်မို‌ရှေး၊ ဗိုလ်မှူးစိန်ဝင်းနှင့် ဗိုလ်ကြီးပီးလာတို့ တက်‌ရောက်ကြပြီး အစိုးရ ဘက်မှ တိုင်းရင်းသား‌ရေးရာနှင့် ပြည်တွင်းငြိမ်းချမ်း‌ရေး ‌ဖော်‌ဆောင်မှု‌ကော်မတီ ဥက္ကဌ ဦးသိန်း‌ဇော်၊ ဦး‌မောင်‌မောင်သိန်း၊ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦး‌ဇော်မင်း၊ မွန်ပြည်နယ်ဝန်ကြီး ဦးအုန်းမြင့်နှင့် အ‌ရှေ့‌တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ဝင်း‌အောင်လှိုင်တို့ တက် ‌ရောက်ခဲ့သည်ဟု သိရသည်။

အစိုးရ၏ ကမ်းလှမ်းလာမှုအရ ပြုလုပ်ခဲ့သည့် ယခု ‌တွေ့ဆုံ‌ဆွေး‌နွေးမှုတွင် ဆုံးဖြတ်ချက် တစုံတရာ ချမှတ်နိုင်ခြင်း မရှိခဲ့‌သော်လည်း ထပ်မံ ‌တွေ့ဆုံ‌ဆွေး‌နွေးရန် ရှိ‌သေး‌ကြောင်းလည်း ဗိုလ်မှူးဆန်း‌အောင်က ဆက်‌ပြောသည်။

ဒီ‌ကေဘီ‌အေနှင့် အစိုးရတို့ ‌တွေ့ဆုံမှုအ‌ပေါ် ‌ကေအဲန်ယူ ဒုဥက္ကဌ ပဒို‌စော‌ဒေးဗစ်သက‌ဘောက “တစ်ဖွဲ့ချင်း သွားတာက‌တော့ သွားတာ‌ပေါ့ ‌လေ။ ဒါ‌ပေမယ့် လုပ်နည်းလုပ်ဟန်က မှား‌နေတယ်။ ဒီလိုတစ်ဖွဲ့ချင်း ခွဲ‌တွေ့‌နေလို့က‌တော့ သိပ်ထူးမှာ မဟုတ်ဘူး‌လေ။ တိုင်းရင်းသား မဟာမိတ်အစုအဖွဲ့နဲ့ ‌ဆွေး‌နွေးမှပဲ အလုပ်ဖြစ်မယ် ထင်တယ်။”ဟု သုံးသပ်‌ပြောဆိုသည်။

အဆိုပါ‌တွေ့ဆုံမှုကို အချို့က မွန်ပြည်နယ်၊ ‌မော်လမြိုင်မြို့တွင်လည်း‌ကောင်း၊ မုတ္တမတွင်လည်း‌ကောင်း ‌ပြောဆို‌နေကြ‌သော်လည်း ဗိုလ်မှူး ဆန်း‌အောင်မှ တိကျ‌ရေရာသည့် အတည်ပြုမှုကို မ‌ပေးနိုင်‌ကြောင်း ထပ်မံ ‌ပြောဆိုခဲ့သည်။

ဒီ‌ကေဘီ‌အေနှင့် အစိုးရတို့ကြား အပစ်ရပ်စဲ‌ရေးနှင့် ပတ်သက်ပြီး ‌တွေ့ဆုံ‌ဆွေး‌နွေးခဲ့‌သော်လည်း အစိုးရစစ်တပ်မှ ဒီ‌ကေဘီ‌အေတပ်ဖွဲ့၏ လှုပ်ရှားနယ်‌မြေအတွင်းသို့ အ‌ကြောင်းကြားခြင်းမရှိဘဲ ဝင်ထွက်သွားလာ‌နေပါက မိမိကိုယ်ကို ကာကွယ်သည့်အ‌နေဖြင့် ခုခံပစ်ခတ်ရမည် ဖြစ်‌ကြောင်း ဒီ‌ကေဘီ‌အေက ‌ပြောသည်။

Photo-DKBA (ဗိုလ်မှူးချုပ်‌စောလားပွယ်နှင့် တပ်ဖွဲ့ဝင်အချို့)

၁၉၉၄ခုနှစ်က ‌ကေအဲန်ယူမှ ခွဲထွက်ကာ မြန်မာအစိုးရနှင့် ပူး‌ပေါင်းခဲ့သည့် ဒီ‌ကေဘီ‌အေတပ်ဖွဲ့ အများစုမှာ ၂၀၁ဝခုနှစ်က နယ်ခြား‌စောင့် တပ်အဖြစ်သို့ အသွင်‌ပြောင်းခဲ့‌သော်လည်း ဗိုလ်မှူးချုပ်‌စောလားပွယ် ဦး‌ဆောင်သည့် ဒီ‌ကေဘီ‌အေ ကလို့ထူး‌ဘောဗျူဟာကမူ ‌ရွေး‌ကောက်ပွဲ ကို ဆန့်ကျင်ကာ စစ်အစိုးရကို ပြန်လည် ခုခံ‌တော်လှန်ခဲ့သည်။

မြန်မာနိုင်ငံတွင် အစိုးရ အဆက်ဆက်က တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များနှင့် တစ်ဖွဲ့ချင်းစီ ‌တွေ့ဆုံ‌ဆွေး‌နွေးမှုများ အကြိမ်ကြိမ် ပြု လုပ်ခဲ့‌သော်လည်း ငြိမ်းချမ်း‌ရေး ‌ဖော်‌ဆောင်မှု မလုပ်‌ဆောင်နိုင်သည့်အပြင် ပြည်တွင်း စစ်အ‌ခြေအ‌နေ ပို၍ ဆိုးရွားလာလျှက်ရှိသည်ဟု ပြည် တွင်း၊ ပြည်ပရှိ နိုင်ငံ‌ရေး၊ စစ်‌ရေး အကဲခတ်သူများက ‌ပြောသည်။