Home ထိပ်တန်းသတင်း စစ်တပ်၏ ပစ်ခတ်မှု‌ကြောင့် ရွာသူရွာသားများ ထွက်‌ပြေး တိမ်း‌ရှောင်‌နေရ

စစ်တပ်၏ ပစ်ခတ်မှု‌ကြောင့် ရွာသူရွာသားများ ထွက်‌ပြေး တိမ်း‌ရှောင်‌နေရ

1752
နိုဝင်ဘာလ ၁ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ သံ‌တောင်မြို့နယ် ‌သောက်‌ရေခပ်‌ချောင်း အ‌ရှေ့ဘက်ခြမ်းရှိ ‌ခေါသ‌ခေါရွာကို မြန်မာအစိုးရတပ်က လက်နက် ကြီးငယ်ဖြင့် ပစ်ခတ်ခဲ့၍ ရွာသူရွာသားများက အိမ်ကိုစွန့်ပြီး လွတ်‌မြောက်ရာသို့ ထွက်‌ပြေးတိမ်း‌ရှောင်ခဲ့ကြသည်ဟု ဌာ‌နေမဲ့ ပြည်တွင်းကရင်ဒုက္ခသည်များဆိုင်ရာ ‌ကော်မတီ (CIDKP) က ‌ပြောသည်။

Photo-CIDKP (ဖျက်ဆီးခံရသည့် ဘုရား‌ကျောင်းမှ မယ်‌တော်မာရီရုပ်ပုံ)
ပြီးခဲ့သည့် ‌အောက်တိုဘာလ ၁၂ရက်‌နေ့က ထို‌ဒေသရှိ လှုပ်ရှား‌နေသည့် မြန်မာစစ်တပ် ‌ခြေလျင်တပ်ရင်း ခလရ(၉၂)နှင့် ‌ခြေ မြန်တပ်ရင်း ခမရ(၆၀၃)တို့သည် ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်(KNLA)နှင့် ‌ခေါသ‌ခေါရွာ၏ အ‌ရှေ့ဘက် ၆ဖာ လုံအကွာတွင် တိုက်ပွဲဖြစ်ပွားပြီး‌နောက် ရွာကို ပစ်ခတ်ခြင်းဖြစ်သည်ဟု ထို‌ဒေသခံ CIDKP အဖွဲ့ဝင်တစ်ဦးက ‌ပြောသည်။

၎င်းက “အဲဒီ‌နေ့မှာ မိုးလည်းရွာ‌တော့ ထွက်‌ပြေးတဲ့ရွာသား‌တွေဟာ စားစရာမပါသလို အဝတ်အထည်၊ ‌စောင်၊ အမိုးအကာ အသုံးအ‌ဆောင်လည်း မပါ‌တော့ ‌တောထဲမှာ ဖြစ်သလိုပဲ ‌နေရတယ်။ တချို့ဖျားနာသူလည်း ရှိတယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြော သည်။

မြန်မာစစ်တပ်သည် ပစ်ခတ်မှုပြုလုပ်ခဲ့ပြီး‌နောက် ထိုရွာတွင်းရှိ ‌နေအိမ်များသို့ ဝင်‌ရောက်‌မွှေ‌နှောက်မှု ပြုလုပ်ကာ ရွာသားများ ပိုင်ဆိုင်‌သော ကျပ်သိန်း‌ပေါင်းများစွာ ယူ‌ဆောင်သွားသည့်အပြင် ‌နေအိမ်အမိုး၊ အကာ၊ အခင်းများနှင့် ‌ကျေးရွာ ဘုရားရှိခိုး ‌ကျောင်းကိုလည်း ပစ်ခတ်ဖျက်ဆီးခဲ့သည်ဟု ၎င်းက ရှင်းပြသည်။

မြန်မာစစ်တပ်သည် ရွာအတွင်း အိမ်များရှိ ဆန်၊ ဆား၊ ငါးပိ စသည့် စားစရာများကို ၎င်းတို့ရိက္ခာအဖြစ် ယူ‌ဆောင်သွားခဲ့ပြီး မသယ်ပိုးနိုင်သည်များကို ဖျက်ဆီးခဲ့သည်ဟုလည်း အဆိုပါရွာသားတစ်ဦးကလည်း ‌ပြောသည်။

သူက “အခုအချိန်မှာ ရွာသား‌တွေ အလုပ်များတဲ့အချိန် ဖာလာခူး၊ ကွမ်းသီးခူးနဲ့ စပါးရိတ်သိမ်းချိန် ဖြစ်တယ်။ ဒီနှစ်လည်း မိုး ဆက်တိုက်ရွာလို့ အလုပ်လုပ်ရတာ အဆင်မ‌ပြေတဲ့အချိန်မှာ ဗမာစစ်တပ်ကလည်း အခုလိုလုပ်‌တော့ လာမယ့်ရာသီမှာ ဘာနဲ့ စားရမလဲ။”ဟု ‌ပြောသည်။

ရွာ‌ပေါင်း ၃၀‌ကျော်ရှိသည့် ‌သောက်‌ရေခပ်‌ချောင်းအ‌ရှေ့ဘက်တွင် မြန်မာစစ်တပ်များ၏ သွားလာလှုပ်ရှားမှု‌ကြောင့် ရွာ ၉ရွာမှ လူဦး‌ရေ ၁,၆၀၀‌ကျော်မှာ သွားလာ‌ရေး အခက်အခဲနှင့် ရင်ဆိုင်‌နေကြရသည်ဟု CIDKP က ‌ပြောသည်။

Photo-CIDKP (အိုးအိမ်စွန့်ကာ ထွက်‌ပြေး‌နေရသည့် ရွာသူရွာသားများ)

သို့‌သော် ထွက်‌ပြေး‌နေရသည့် ရွာသူရွာသားများမှာ ယခုအချိန်တွင် မိမိ‌နေရပ်ရွာသို့ ပြန်လည် ‌နေထိုင်ခြင်း ရှိမရှိကိုမူ မသိရ ‌သေး‌ပေ။