Home သတင်း မဲ‌ဆောက်မြို့ CDC အထက်တန်း‌ကျောင်းအနီး လုယက်မှုဖြစ်ပွား

မဲ‌ဆောက်မြို့ CDC အထက်တန်း‌ကျောင်းအနီး လုယက်မှုဖြစ်ပွား

1565
နိုဝင်ဘာလ ၂ရက်။ နန်းသူ‌လေ (‌ကေအိုင်စီ)

ထိုင်းနိုင်ငံ မဲ‌ဆောက်မြို့ရှိ ‌ဒေါက်တာစင်သီယာ‌မောင် ထူ‌ထောင်ထားသည့် Children Development Center-CDC အထက်တန်း ‌ကျောင်းအနီးတွင် ယမန်‌နေ့က လုယက်မှုတခု ဖြစ်ပွားခဲ့သည်။

မယ်‌တော်‌ဆေးခန်းမှ လက်‌ထောက်ဆရာဝန်သင်တန်း-HA တက်‌ရောက်သူ ၂ဦးနှင့် CDC ‌ကျောင်းသား ၁ဦး၏ ပစ္စည်းကို ထိုင်း စကား‌ပြောဆိုသူ လူနှစ်ဦးက CDC ‌ကျောင်းအလွန် လမ်းခုလတ်တ‌နေရာတွင် လုယက်ခဲ့ခြင်းဖြစ်သည်ဟု မယ်‌တော်‌ဆေးခန်း ၏ သင်တန်းဆရာလည်းဖြစ်သူ လုံခြုံ‌ရေးနှင့် စည်းကမ်းထိန်းသိမ်း‌ရေး တာဝန်ခံ ဆရာ‌စော‌နေဦးက ‌ပြောသည်။

၎င်းက “မ‌နေ့မနက် ၈နာရီက CDC ‌ကျောင်းသား‌လေးက ‌ကျောင်းသွားတာ ‌ကျောင်းမ‌ရောက်ခင်မှာပဲ လူနှစ်‌ယောက်က ခြိမ်း ‌ခြောက်ထိုးနှက်ပြီး ‌ကျောင်းသားရဲ့ အိတ်ထဲက ဖုန်းကို ယူသွားတယ်။ ည‌နေပိုင်း ၄နာရီကျ‌တော့ မယ်‌တော်‌ဆေးခန်းမှာ လက် ‌တွေ့ဆင်း‌နေတဲ့ HA သင်တန်းက လူနှစ်‌ယောက် လုယက်ခံရပြန်တယ်။”ဟု ‌ပြောသည်။

ထိုလုယက်သူနှစ်ဦးသည် HA သင်တန်းသူနှစ်ဦးကို ဓားနှင့်‌ထောက်၊ ‌သေနတ်ဖြင့်ချိန်ကာ ၎င်းတို့ထံမှ ကင်မရာတစ်လုံး၊ ဖုန်း နှစ်လုံး၊ ထိုင်းဘတ်‌ငွေတစ်‌ထောင်၊ ‌ဆေးစာရွက်စာတမ်း၊ မှတ်စုစာအုပ်နှင့် အဝတ်အစား ၂စုံကိုပါ လုယူပြီး ကား‌မောင်းထွက် သွားသည်ဟု လုယက်ခံရသည့် သင်တန်းသူတစ်ဦးက ယခုလို ‌ပြောသည်။

“ကျမတို့ ဂျူတီက‌နေ သင်တန်း‌ကျောင်းကို စက်ဘီးနဲ့ပြန်အလာ CDC ‌ကျောင်းအလွန်‌လေးမှာ ‌နောက်က‌နေ ကားတစီး‌မောင်း လာပြီး ကျားကွက်အကျင်္ီနဲ့လူက ဆင်းလာတယ်။ ‌နောက် ဓါးနဲ့‌ထောက်ပြီး ကျမတို့ကို ထိုင်ခိုင်းတယ်။ ကား‌ပေါ်က လူ‌တော့ ‌သေနတ်နဲ့ချိန်ထားတယ်။ ထိုင်းလို‌တွေ ဆဲဆိုပြီး ပါလာတဲ့ အိတ်‌တွေကို လုယူသွားတယ်။”ဟု သူမက ရှင်းပြသည်။

အဆိုပါကိစ္စကို ည‌နေ ၅နာရီခန့်တွင် သက်ဆိုင်ရာ မဲ‌ဆောက် ပုလိပ်ရုံးသို့ သွား‌ရောက်တိုင်ကြားထားခဲ့ပြီး ည ၁ဝနာရီဝန်းကျင် တွင် လုယက်သူနှစ်ဦး ‌မောင်းနှင်အသုံးပြုသည့် ကားကိုသာ ဖမ်းမိ‌တွေ့ရှိခဲ့‌ကြောင်း သိရသည်။

“ထိုင်းစစ်တပ်နဲ့ သက်ဆိုင်ရာ(ပုလိပ်)‌တွေက ၁ဝနာရီ ‌လောက်မှာ အဲဒီ ကားကို‌တွေ့တယ်။ ကားကလည်း ဓါတ်ဆီကုန်‌နေပြီ လူက‌တော့မ‌တွေ့ဘူး။ ကား‌ပေါ်မှာ ကင်မရာတလုံးနဲ့ ဖုန်းတလုံးကို ပြန်‌တွေ့တယ်။ ညတွင်းချင်းပဲ။ သူတို့ပစ္စည်း ဟုတ်မဟုတ် သွားကြည့်‌တော့ ဟုတ်တယ်။ ဒါ‌ပေမယ့် ပုလိပ်‌တွေက‌တော့ ပစ္စည်း‌တွေကို အခု ပြန်မ‌ပေး‌သေးဘူး။”ဟု ‌ပြောသည်။

သို့‌သော် ယ‌နေ့မနက်တွင် တရားခံတဦးအား ဖမ်းဆီးရရှိထားပြီ ဖြစ်‌ကြောင်းနှင့် တရားခံနှစ်ဦးစလုံး ဖမ်းမိလျှင် ပစ္စည်းများကို ပြန်‌ပေးမည်ဟု မဲ‌ဆောက်ရဲစခန်းမှ မယ်‌တော်‌ဆေးခန်း တာဝန်ရှိသူများအား အ‌ကြောင်းကြားခဲ့သည်။

မဲ‌ဆောက်မြို့တွင် လက်‌ထောက်ဆရာဝန် သင်တန်းတက်‌ရောက်သူနှင့် CDC ‌ကျောင်းသား၏ ပစ္စည်းကို ယခင်က လုယက်ခံရ ခြင်း တကြိမ်တခါမျှ မရှိခဲ့‌ပေ။