Home သတင်း မြန်မာ‌ရေ‌ဘေးဒုက္ခသည် ဌာ‌နေပြန်‌ရေး အခမဲ့ ကူညီရန် ထိုင်းနှင့်မြန်မာ သ‌ဘောတူ

မြန်မာ‌ရေ‌ဘေးဒုက္ခသည် ဌာ‌နေပြန်‌ရေး အခမဲ့ ကူညီရန် ထိုင်းနှင့်မြန်မာ သ‌ဘောတူ

2048
နိုဝင်ဘာလ ၃ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

(နှစ်ဖက်နိုင်ငံ၏ လူဝင်မှုကြီးကြပ်‌ရေး အရာရှိများ လက်မှတ်‌ရေးထိုးစဉ်)
လနှင့်ချီကာ ‌ရေကြီး‌နေသည့် ထိုင်းနိုင်ငံ၊ ဘန်‌ကောက်မြို့မှ ဌာ‌နေပြန် ချင်သူ ‌ရေ‌ဘေးဒုက္ခသည် မြန်မာ‌ရွှေ့‌ပြောင်းအလုပ် သမားများကို အခမဲ့ ကူညီရန် ထိုင်းနှင့် မြန်မာတို့က ယ‌နေ့ည‌နေက မဲ‌ဆောက်-မြဝတီ ကုန်သွယ်‌ရေးတံတား‌ပေါ်တွင် သ‌ဘောတူလက်မှတ်‌ရေးထိုးလိုက်သည်။

နှစ်ဦးနှစ်ဘက် ပဏာမသ‌ဘောတူချက်အ‌နေဖြင့် တာ့ခ်ခရိုင် ထိုင်းလူဝင်ကြီးကြပ်‌ရေးအဖွဲ့(လဝက)က ယမန်‌နေ့က ဘန်‌ကောက်မှ မဲ‌ဆောက်သို့ ‌ရောက်ရှိလာသည့် မြန်မာ‌ရေ‌ဘေးဒုက္ခသည် ၁၀၀‌ကျော်ကို မြဝတီခရိုင် (လဝက)အဖွဲ့ထံလွှဲအပ်‌ပေးခဲ့ခြင်းဖြစ်သည်။

မြန်မာအစိုးရအဖွဲ့မှ မြဝတီခရိုင် အုပ်ချုပ်‌ရေးမှူး ဦ‌ဇော်လွင်ဦးက “ဒုက္ခ‌ရောက်‌နေတဲ့ ကိုယ့်မြန်မာနိုင်ငံသား‌တွေ မိခင်နိုင်ငံကို ပြန်လာနိုင်‌ရေးအတွက် ကျ‌နော်တို့က ခရိုင်အဆင့်က နိုင်ငံ‌တော် သမ္မတ ဦးသိန်းစိန်ဆီ တင်ပြပြီး သမ္မတကြီးက ဒါကို လက်ခံ တဲ့အတွက် ဒီလို ဖြစ်လာတာပဲ။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

မြန်မာနိုင်ငံကို ပြန်လည်‌ရောက်ရှိလာသည် ‌ရေ‌ဘေးဒုက္ခသည်များကို မြဝတီခရိုင် အစိုးရက တည်းခိုရာ‌နေရာ၊ အစားအ ‌သောက်နှင့် ခရီးစရိတ်(ကားခ) ကူညီ‌ပေးမည်ဖြစ်ပြီး ‌ရေ‌ဘေးဒုက္ခသည်ထံ ‌ငွေ‌တောင်းသူများရှိလျှင် တိုင်ကြားနိုင်သည်ဟု လည်း သူက ဖြည့်စွက်‌ပြောဆိုခဲ့သည်။

မြန်မာ‌ရေ‌ဘေးအလုပ်သမားများ ကူညီရန်အတွက် ထိုင်းနိုင်ငံ‌ရောက် မြန်မာနိုင်ငံသားများ ကူညီ‌စောင့်‌ရှောက်‌ရေးအဖွဲ့ကို ယခင်လက ဖွဲ့စည်းခဲ့သည်ဟုလည်း သူက ‌ပြောသည်။

ထို့အပြင် ထိုင်း-မြန်မာအစိုးရအ‌နေဖြင့် မြန်မာ‌ရေ‌ဘေးဒုက္ခသည်များကို ‌နေ့စဉ် ပုံမှန် ရာချီ၍ ဆက်လက်ပို့‌ဆောင်ရန် သ‌ဘော တူခဲ့ကြပြီး ၎င်းပို့‌ဆောင်‌ရေးအတွက် မဲ‌ဆောက်-မြဝတီ ကုန်သွယ်‌ရေးတံတားကို ဖြတ်သန်းခွင့်ပြုရန်လည်း နှစ်ဦးနှစ်ဘက်မှ ယ‌နေ့ သ‌ဘောတူညီမှု ရရှိခဲ့သည်။

သို့‌သော် တံတားပြန်ဖွင့်‌ရေးကိစ္စနှင့် ပတ်သက်၍ ထိုင်းဘက်မှ ‌မေးမြန်းရာမှာ မြဝတီခရိုင် အုပ်ချုပ်‌ရေးမှူးက သမ္မတ ဦးသိန်း စိန် ဗဟိုအစိုးရထံ တင်ပြသွားမည်ဟု ပြန်လည်‌ဖြေကြားခဲ့သည်။

(ဌာ‌နေပြန်ကြမည့် ဘန်‌ကောက်မှ မြန်မာ‌ရေ‌ဘေးဒုက္ခသည်များ)

ထိုင်း-မြန်မာအစိုးရတို့၏ အစီအစဉ်ဖြင့် မဲ‌ဆောက်ကို ‌ရောက်ရှိလာသည့် မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားတဦးက “ကျ‌နော်တို့ ကို ခရီးစရိတ်အကုန်ခံပြီး ကူညီ‌ပေးတဲ့ အစိုးရကို ‌ကျေးဇူးတင်ပါတယ်။ ကျ‌နော်က‌တော့ အပြီးပြန်လာတာ။ ထိုင်းနိုင်ငံကို အလုပ်လာမလုပ်‌တော့ဘူး။”ဟု ‌ပြောသည်။

ပြီးခဲ့သည့်လက ဘန်‌ကောက်မှ ပြန်လာသည့် ‌ရေ‌ဘေးဒုက္ခသည် မြန်မာအလုပ်သမားများကို ထိုင်းလူဝင်မှု ကြီးကြပ်‌ရေးနှင့် မြဝ တီမှ နယ်ခြား‌စောင့်အဖွဲ့များက ပူး‌ပေါင်းကာ ‌ငွေညှစ်မှုများ ရှိခဲ့သည်။

ထိုင်းနိုင်ငံ‌မြောက်ပိုင်းတွင် ဆည်များကို ‌ရေ‌ဖောက်ချမှု‌ကြောင့် ဘန်‌ကောက်‌ဒေသ တွင်၂လကြာ ‌ရေကြီးမှု ဖြစ်ပွား‌နေခဲ့သည့်အ‌ပေါ် မြန်မာအလုပ်သမားများလည်း ‌နေ့စဉ်ရက်ဆက် မြန်မာပြည်သို့
ပြန်သွားကြသည်။

ထိုင်းနိုင်ငံ၏ ခရိုင် ၇၇တွင် ၆၁ခုမှာ ‌ရေကြီး‌နေပြီး ‌ရေ‌ဘေးဒုက္ခသည်ဦး‌ရေ ၈၂သိန်း‌ကျော်နှင့် ‌သေဆုံးသူ ၃၅ဝဦး‌ကျော်ရှိပြီဟု ထိုင်းသတင်းဌာနများက ထုတ်ပြန်ထားသည်။