Home ထိပ်တန်းသတင်း ကရင်မိန်းက‌လေးငယ် ၃ဦး လုယက်ခံရ

ကရင်မိန်းက‌လေးငယ် ၃ဦး လုယက်ခံရ

2058
နိုဝင်ဘာလ ၄ရက်။ (‌ကေအိုင်စီ)

ထိုင်းနိုင်ငံ‌တောင်ပိုင်း ရတ်ချ်ဘူရီခရိုင်မှ ကရင်မိန်းက‌လေးငယ် ၃ဦးကို ထိုင်းလူမျိုး အငှားဆိုင်ကယ်သမားသုံးဦးက ‌ငွေလိမ် လည် လုယက်မှုတခု ယမန်‌နေ့က ဖြစ်ပွားခဲ့သည်။

ယမန်‌နေ့ မနက် ၇နာရီ‌ကျော်တွင် ရတ်ချ်ဘူရီခရိုင်၊ ဘန့်ပို(Banh Bho)မြို့တွင် အလုပ်လုပ်ကိုင်သူ အသက် ၁၆-၁၈နှစ်အရွယ် ရှိ ကရင်လူမျိုး မိန်းက‌လေး ၃ဦးမှာ တိုင်းရင်းသားမှတ်ပုံတင် ပြန်ယူရန် မိမိတို့ ‌ကျေးရွာသို့အပြန် ဆိုင်ကယ်သမား ၃ဦးမှ ဘတ် ‌ငွေ ၃,၀၀ဝ လိမ်လည်‌တောင်းယူခဲ့ခြင်း ဖြစ်သည်ဟု လုယက်ခံရသူများနှင့် နီးစပ်သူတစ်ဦးက ယခုလို ‌ပြောသည်။

သူမက “မ‌နေ့မနက်က ဘန့်ပိုမှာ အလုပ်လုပ်တဲ့ က‌လေးမ ၃‌ယောက်ကို ထိုင်းဆိုင်ကယ်သမား အမျိုးသမီးတ‌ယောက်နဲ့ အမျိုး သားနှစ်‌ယောက်က လိုင်းကားမရှိ‌တော့ဘူးလို့ လိမ်ပြီး ဆိုင်ကယ်နဲ့ လိုက်ပို့တယ်။ သူတို့သုံး‌ယောက်ဆီက ဘတ်‌ငွေ‌တွေ ယူ လိုက်ပြီး ပါဝိုင်မြို့(Baway)ရဲ့ ‌ဆေးရုံ‌ရှေ့မှာ ထားခဲ့လိုက်တယ်။”ဟု ‌ပြောဆိုသည်။

၎င်းမိန်းက‌လေးများမှာ ရတ်ချဘူရီခရိုင် စွန်ဖု‌ဒေသရှိ ထိုင်းကရင်‌ကျေးရွာ တ‌ကော်လာ့ရွာသူများဖြစ်ကြပြီး သွားလာခွင့် လက် မှတ်ရှိကြ‌သော်လည်း ဆိုင်ကယ်သမားများက ခြိမ်း‌ခြောက်ကာ လုယက်ပစ်ထားခဲ့ခြင်းဖြစ်‌ကြောင်း အသက် ၁၈နှစ်အရွယ် လု ယက်ခံရသူ မိန်းက‌လေးက ‌ကေအိုင်စီသို့ ‌ပြောသည်။

“ကျမတို့က သွားလာ‌နေကျဆို ကားခက ဘတ် ၈ဝပဲ‌လေ။ ကျမတို့ကို တဦးစီ ခွဲတင်သွားတာ။ ကျမက လမ်းမှား‌နေပြီဆို‌တော့ နင်တို့မှာ လက်မှတ်ရှိလား၊ ‌ငွေရှိလား‌မေးတယ်။ ‌နောက် ဆိုင်ကယ်သမားက ကျမမှာ ‌ငွေမပါမှန်းသိ‌တော့ သူ့အ‌ဖော်‌တွေကို ဖုန်းလှမ်းဆက်တယ်။ ‌နောက် ကျမတို့သုံး‌ယောက်ဆုံ‌တော့ ‌ငွေရှိတဲ့ ကျမအစ်မဝမ်းကွဲဆီက ‌ငွေ ၂၅၀ဝဘတ်ယူပြီး ‌ရောက်ပြီဆို ပြီး ထွက်သွားလိုက်ကြတယ်‌လေ။”ဟု ဆိုသည်။

ယင်းသို့ လုယက်ခံရသူ မိန်းက‌လေးများမှာ မျက်နှာချင်းဆိုင် ‌ဈေးဆိုင်မှ ကရင်အလုပ်သမား လင်မယားနှစ်ဦးကို ‌မေးမြန်းမှသာ မိမိတို့‌ရောက်ရှိ‌နေသည်မှာ ပါဝိုင်မြို့ဖြစ်‌ကြောင်း သိရှိခဲ့ပြီး မိဘ‌ဆွေမျိုးများထံ ဖုန်းဆက်အ‌ကြောင်းကြားခဲ့‌သော်လည်း လုယက် မှုကို ထိုင်းအာဏာပိုင်များထံ တိုင်ကြားခြင်း မရှိခဲ့‌ပေ။

ထို‌ဒေသတွင် ‌နေထိုင်သူ ကရင်အမျိုးသားတစ်ဦးက “ဒီနယ်‌တွေမှာက ဥပ‌ဒေစိုးမိုးမှု မရှိဘူး‌လေ။ အရင်ကဆို မုဒိမ်းကျင့်လိုက် တာ‌တွေလည်း ရဲ‌တွေက ဘာမှကိုင်တွယ်‌ဖြေရှင်းတာ မရှိဘူး။ တိုင်လည်း ထိ‌ရောက်တဲ့ အ‌ရေးယူ‌ဆောင်ရွက်မှု‌တွေ လုပ် ‌ဆောင်‌ပေးခဲ့ရိုး ထုံးစံမှ မရှိတာ။ ဒီ‌တော့ အလုခံရတာကို တိုင်မ‌နေ‌တော့ဘူးလည်း ဖြစ်မှာပါ။”ဟု သူ၏ အ‌တွေ့အကြုံကို ‌ပြော ပြသည်။

လွန်ခဲ့သည့် နှစ်အတန်ကြာက ထိုင်းနိုင်ငံ‌တောင်ပိုင်းရှိ ရတ်ချဘူရီ‌ဆေးရုံ ဝင်‌ရောက်စီးနင်းခံရမှုများ၊ ဘုရားသခင်တပ်ဖွဲ့(God Army) ကိစ္စများအပြင် ထိုင်းနိုင်ငံသားများ၏ ခိုးဆိုးလုယက်မှုများ မကြာခဏ ဖြစ်ပွားခဲ့သည်။