Home ထိပ်တန်းသတင်း နယ်လှည့်‌ကျောပိုးအိတ်ကျန်းမာ‌ရေး အဖွဲ့ ၂ဦးကို အစိုးရစစ်တပ် ဖမ်းဆီး

နယ်လှည့်‌ကျောပိုးအိတ်ကျန်းမာ‌ရေး အဖွဲ့ ၂ဦးကို အစိုးရစစ်တပ် ဖမ်းဆီး

2415
နိုဝင်ဘာလ ၄ရက်။ နန်းသူး‌လေ (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ် မာ‌ထော‌ကျေးရွာအုပ်စုအတွင်း သွား‌ရောက် ‌ဆေးကုသ‌ပေးခဲ့သည့် နယ်လှည့်‌ကျောပိုးအိတ် ကျန်းမာ‌ရေးလုပ်သားအဖွဲ့(BPHWT) ဝန်ထမ်းနှစ်ဦးကို မြန်မာအစိုးရစစ်တပ်က ဖမ်းဆီးခဲ့သည်ဟု သိရသည်။

၎င်း‌ဆေးဝန်ထမ်း အမျိုးသမီးနှင့် အမျိုးသားတို့သည် ယခင်လ ၂၉ရက်‌နေ့က ထို‌ဒေသရှိ ကိုးခီးတွင် လူနာတစ်ဦးအား ‌ဆေးကု သ‌ပေး‌နေစဉ် အစိုးရတပ် တပ်မ(၁၁) လက်‌အောက်ခံ ခမရ(၂၁၂)တပ်ရင်း ‌ရောက်ရှိလာပြီး ဖမ်းဆီး‌ခေါ်‌ဆောင်သွားခြင်းဖြစ် သည်ဟု ကရင်အမျိုးသား လွတ်‌မြောက်‌ရေးတပ်မ‌တော်-KNLA တပ်မဟာ(၅) ရုံးထိုင်မှူး ဗိုလ်မှူး‌စောကလယ်ဒို့က ‌ပြောသည်။

“ကိုးခီး‌ဒေသမှာ လူနာတစ်‌ယောက်က ‌နေမ‌ကောင်းလို့ဆိုပြီး သူတို့က လူနာအလုပ်လုပ်တဲ့ ကွမ်းသီးခြံမှာပဲ ‌ဆေးသွားကု‌ပေး တယ်‌လေ။ အဲ့ဒါသူတို့က လူနာကို ‌ဆေးကု‌နေတုန်းပဲ စစ်တပ်က ‌ရောက်လာပြီး သူတို့နှစ်‌ယောက်စလုံးကို ဖမ်း‌ခေါ်သွားတာ။” ဟု ‌ပြောသည်။

ဖမ်းဆီးခံရသူ အမျိုးသားမှာ အသက် ၂၅နှစ်အရွယ် ‌စောဖား‌စေးချိုးဖြစ်ပြီး အမျိုးသမီးမှာ အသက် ၂၄နှစ်အရွယ် ‌နော်ကမွီးခုတို့ ဖြစ်သည်ဟု သူက ဆက်‌ပြောသည်။

လက်ရှိ ‌နောက်ဆုံးအ‌ခြေအ‌နေရ ဖမ်းဆီး‌ခေါ်‌ဆောင်ခြင်းခံရသည့် ‌ဆေးဝန်ထမ်းအမျိုးသမီးမှာ ဖာပွန်မြို့နယ်ရှိ စစ်ဗျုဟာဌာန ချုပ်-စဗခ(၁) ဗျူဟာရုံးသို့ ပို့‌ဆောင်ခံရပြီး အမျိုးသားမှာမူ မည်သည့်သတင်းမှ မရရှိ‌ကြောင်းလည်း ၎င်းက ရှင်းပြသည်။

Photo-KIC (ဖာပွန်ခရိုင်ရှိ BPHWT ဝန်ထမ်းများ၏ ‌ဆေးကုသမှုခရီးတခု)

ဖာပွန်မြို့၏ အ‌ရှေ့ဘက်တွင် စစ်ဗျူဟာအ‌ခြေစိုက် ခလရ(၁၉)၊ ခမရ(၃၄၀)၊ ခမရ(၃၄၁)နှင့် ခမရ(၄၃၄) တပ်ရင်းတို့ အ‌ခြေ စိုက် လှုပ်ရှားလျှက်ရှိသည်။

ယခင်လ ၁၇ရက်‌နေ့ကလည်း ထိုင်း-မြန်မာနယ်စပ် လှိုင်းဘွဲမြို့နယ် ‌သောင်ရင်းမြစ်တွင် အစိုးရစစ်တပ်တို့က ထိုင်းဘက်ခြမ်း ကူးကာ မြစ်တစ်ဖက်ကမ်းရှိ ကရင်တပ်ဖွဲ့ဝင်များအား ဝင်‌ရောက်ပစ်ခတ်ခဲ့ရာတွင် KNLA ‌ဆေးမှူးတစ်ဦး ဖမ်းဆီးခံခဲ့ရသည်။