Home ထိပ်တန်းသတင်း တွံ‌တေးမြို့ NLD လူငယ် ၂ဦး ဝိုင်းရိုက်ခံရ

တွံ‌တေးမြို့ NLD လူငယ် ၂ဦး ဝိုင်းရိုက်ခံရ

2085
နိုဝင်ဘာလ ၇ရက်။ ‌နော်ဆဲကလယ် (‌ကေအိုင်စီ)

ရန်ကုန်တိုင်း၊ တွံ‌တေးမြို့နယ်ရှိ အမျိုးသားဒီမိုက‌ရေစီ အဖွဲ့ချုပ်(NLD) အဖွဲ့ဝင်လူငယ် နှစ်ဦးအား ပြည်‌ထောင်စု ကြံ့ခိုင်‌ရေး နှင့် ဖွံ့ဖြိုး‌ရေး အဖွဲ့ဝင်တစ်စု နိုဝင်ဘာလ ၃ရက်‌နေ့ညက ဝိုင်းရိုက်နှက်ခဲ့သဖြင့် အရိုက်ခံရသူအနက် တစ်ဦးမှာ ဦး‌ခေါင်းတွင် ဒဏ်ရာရရှိခဲ့သည်ဟု NLD အဖွဲ့မှ ‌ပြောသည်။

တွံ‌တေးမြို့နယ် NLD အဖွဲ့ဝင်လူငယ်များ ဖြစ်သူ ‌အော်‌ကျော်‌ဇောနှင့် ‌ကျော်မိုးထက်တို့နှစ်ဦးသည် မကြာခင် ပြုလုပ်မည့် ပါတီ မျက်နှာစုံညီ အစည်းအ‌ဝေးအတွက် လိုက်လံဖိတ်ကြားရာ ည ၁ဝနာရီခန့်တွင် ကြံ့ခိုင်‌ရေးနှင့် ဖွံဖြိုး‌ရေး အဖွဲ့ဝင် ၄ဦးမှ သံတုတ် ဖြင့် ရိုက်နှက်မှု‌ကြောင့် လူငယ်တစ်ဦးမှာ ညတွင်းချင်း ‌ဆေးရုံသို့ တင်ပို့ခဲ့ရ‌ကြောင်း တွံ‌တေးမြို့နယ် NLD လူငယ်တာဝန်ခံ ကိုရဲ ထွဋ်‌ခေါင်က ‌ကေအိုင်စီကို ‌ပြောသည်။

၎င်းက “၁ဝရက်‌နေ့မှာ ကျ‌နော်တို့ မျက်နှာစုံညီ အစည်းအ‌ဝေး လုပ်မှာဖြစ်လို့ ‌ကျော်မိုးထက်နဲ့ ‌အောင်‌ကျော်‌ဇောကို လိုက်ဖိတ် ခိုင်းတာပါ။ အပြန်လမ်းမှာ ဝိုင်းရိုက်ခံရတာပဲဗျ။ ‌ကျော်မိုးထက်က ‌ခေါင်းကွဲပြီး နှုတ်ခမ်းနဲ့ ‌ကျောကုန်း‌တွေမှာ ဒဏ်ရာရလို့ ‌ဆေး ရုံတင်ရတယ်။”ဟု ‌ပြောသည်။

ထိုအ‌ခြေအ‌နေကို အတည်ပြုနိုင်ရန် ‌ကေအိုင်စီက တွံ‌တေးမြို့နယ် ပြည်သူ့‌ဆေးရုံသို့ ဖုန်းဆက်‌မေးမြန်းရာ ကို‌ကျော်မိုးထက် ‌ဆေးရုံတက်‌ကြောင်း ‌ဆေးရုံဝန်ထမ်း အမျိုးသမီးတစ်ဦးမှ ‌ဖြေကြားခဲ့‌သော်လည်း လူနာအ‌ခြေအ‌နေ အ‌သေးစိတ်ကိုမူ ‌ပြောဆိုခဲ့ ခြင်း မရှိ‌ပေ။

အရိုက်ခံရ‌သော‌နေရာမှာ ကွမ်းခြံရပ်ကွက် အလယ်ပိုင်း ရိပ်သာလမ်းမ‌ပေါ်တွင် စွမ်းအားရှင်များ ဖြစ်ခဲ့သူ ကိုဝင်းနိုင်၊ ကို‌ကျော် တင့်၊ ကိုစိန်‌ကျော်သူနှင့် ကိုမျိုးမျိုးတို့က ရိုက်ခဲ့ကြခြင်းဖြစ်သည်ဟု သိရသည်။ ကိုဝင်းနိုင်နှင့် ကို‌ကျော်တင့်တို့မှာ လက်ရှိ ဆယ် အိမ်‌ခေါင်းများ ဖြစ်သည်ဟုလည်း သိရသည်။

ထိုကိစ္စနှင့် ပတ်သက်ပြီး တွံ‌တေးမြို့၊ ရဲစခန်းတွင် ပြစ်မှုဆိုင်ရာ ဥပ‌ဒေပုဒ်မ ၃၂၅/၁၁၄ အရ အမှုဖွင့်ထား‌သော်လည်း သက် ဆိုင်ရာမှ ယခုအချိန်ထိ ‌ဆောင်ရွက်‌ပေးခြင်းမရှိ‌သေး‌ကြောင်း ကိုရဲထွဋ်‌ခေါင်က ‌ပြောသည်။

“‌နောက်‌နေ့ ၄ရက်‌ရောက်‌တော့ အရိုက်ခံရတဲ့သူ‌တွေကို အမှုပိတ်‌ပေးရင်‌ပေး၊ မ‌ပေးရင် လူငှား‌ငွေ‌ပေး သတ်ခိုင်းမယ်ဆိုပြီး လာ ခြိမ်း‌ခြောက်တယ်။ ကျ‌နော်တို့က ခုချိန်မှာ ငြိမ်းချမ်း‌ရေးပျက်ပြား‌စေမယ့် အပြုအမူ‌တွေကို တတ်နိုင်သ‌လောက် ‌ရှောင်ရှား‌နေ တာပါ။”ဟု သူက ဆက်‌ပြောသည်။

ပြီးခဲ့သည့် ‌အောက်တိုဘာလကလည်း တွံ‌တေးမြို့နယ် NLD တာဝန်ခံနှင့် ရဲစခန်းမှ အရာရှိများ အပြန်အလှန် တရားစွဲဆိုထား ‌သော အမှုမှာ ပြီးပြတ်‌သေးခြင်း မရှိ‌ပေ။