Home ဆောင်းပါး အသံ‌တွေ ကြား‌နေရတယ် … အသံ‌တွေ ကြား‌နေရတယ်

အသံ‌တွေ ကြား‌နေရတယ် … အသံ‌တွေ ကြား‌နေရတယ်

2470
M.ထက်‌ခေါင်

(၁)

ထို‌နေရာများ၌ အလင်းတဝက် အ‌မှောင်တခြမ်း ဖြစ်‌နေသည်။ ညီအကို မသိတသိအချိန်ကို ‌ကျော်လွန်ခဲ့‌သော်ငြား လျှပ်စစ် ‌ရောင်စုံ မီးပန်းမီးဆိုင်းများနှင့် သီတင်းကျွတ်ဆီမီးများ ထိန်ထိန်မငြီးနိုင်‌သော‌ကြောင့် မှုံရီမှုံမွှား ဝိုးတဝါး ဖြစ်လို့‌နေ၏။ တိမ်ညို အုပ်မိုးသည့် တချို့‌နေရာ‌တွေမှာ‌တော့ ‌မှောင်ရိပ် ပို၍ ကျ‌နေသည်။ ဗမာပြည်သား‌တွေမှန်း တွက်ဆနိုင်သည့်တိုင် မည်သူမည်ဝါ မကွဲပြား‌သော ‌လေးငါး‌ယောက်တစု၊ သုံး‌လေး‌ယောက်တစု၊ နှစ်‌ယောက်သုံး‌ယောက်တစု၊ ဟိုစုစု ဒီစုစု လူစုက‌လေးများထံမှ စကား‌ပြောသံ‌တွေကို ကြား‌နေရသည်။ ကိုယ့်အစု‌လေးနှင့်ကိုယ် ကြိတ်ပြီး ‌ပြောကြ‌သော‌ကြောင့် တခါတရံမှာ စကားသံ‌တွေက မသဲကွဲ၊ ဗလုံးဗ‌ထွေး ဖြစ်‌နေပြီး ရံဖန်ရံခါမှာ‌တော့ လိုအပ်တာထက် ပိုပြီး ကျယ်လာတတ်သည်။

“စစ်အုပ်စုနဲ့ ‌ဆွေး‌နွေးဖို့ ကျ‌နော်တို့ ဒီဘက်ကလူ‌တွေ တ‌ယောက်မှ မလုပ်နိုင်တာ‌တွေကို သူ လုပ်နိုင်တာကို‌တော့ အသိအမှတ် ပြုရမယ်ဗျ”

“‌ဒေါ်‌အောင်ဆန်းစုကြည်က အကျယ်ချုပ်က လွတ်လာကတည်းက စစ်အုပ်စုကို ဆန့်ကျင်တဲ့စကား‌တွေ မ‌ပြောဘဲ စစ်အုပ်စု သ‌ဘောကျ‌စေမဲ့ ‌ကျေးဇူးတင်စကား‌တွေ၊ စစ်အုပ်စု ဘယ်‌နေရာ‌တွေမှာ ဘယ်လိုလုပ်ထားလို့ တိုးတက်လာတာ‌တွေ ‌တွေ့ရ တယ်ဆိုတဲ့ စကား‌တွေပဲ အကြိုက်လိုက်ပြီး ‌ပြောခဲ့တာ၊ တိုင်းပြည်‌ကောင်းဖို့ဆိုရင် ဘယ်သူနဲ့မဆို လက်တွဲ လုပ်‌ဆောင်နိုင်ပါ တယ်လို့ ကမ်းလှမ်းခဲ့တာ၊ စစ်အုပ်စုနဲ့ ‌ဆွေး‌နွေးလိုပါတယ်လို့ ‌ပြောခဲ့တာ‌တွေ ရှိတယ်။ အဲဒါကို စစ်အုပ်စုက အကွက်မြင်တာပဲ”

“တ‌လောက ဆရာဦးဝင်းတင် ‌ပြောခဲ့တယ်။ စစ်အုပ်စုနဲ့ ‌တွေ့ဆုံ‌ဆွေး‌နွေးဖို့ ကိုယ့်ဖက်က လိုက်‌လျောရမှာ‌တွေ၊ အနစ်နာခံရမှာ ‌တွေ ရှိတယ်။ အ‌တော်များများ ‌ပေးဆပ်ရမယ်။ ဒီကိစ္စကို သူတို့ မတတ်နိုင်ဘူး။ ‌ဒေါ်‌အောင်ဆန်းစုကြည် တ‌ယောက်တည်းပဲ တတ်နိုင်တယ်လို့ ဆရာက ‌ပြောတယ်။”

“‌ဒေါ်‌အောင်ဆန်းစုကြည် အမှားအယွင်းလုပ်မိရင်လည်း လူထုက ခွင့်လွှတ်နိုင်ကြတာဆို‌တော့ လူထု‌လေးစား‌ထောက်ခံမှု ရ‌နေ တဲ့သူအ‌နေနဲ့ တကယ်လို့ သူလုပ်တာ မှားယွင်းခဲ့ရင် သူ တာဝန်ယူပါတယ်လို့ ‌ပြောခဲ့တာပဲ။ စစ်အုပ်စုကို ခုံရုံးတင်မယ်ဆိုတဲ့ စကား ဘယ်တုန်းကမှ မ‌ပြောဖူးပါဘူး ဆိုပြီး ‌ပြောခဲ့သလို၊ စစ်အုပ်စု နှစ်နဲ့ချီပြီး မတရားရယူထားတဲ့ တိုင်းပြည်ဘဏ္ဍာ‌တွေ၊ သစ်‌တော‌တွေ၊ ဓာတ်သတ္တု‌တွေ၊ ‌ကျောက်တွင်း ‌ရွှေတွင်း‌တွေ၊ ‌ရေနံနဲ့ သဘာဝဓာတ်‌ငွေ့‌တွေ၊ ‌ရေကာတာကြီး‌တွေ ‌ဆောက်ပြီး လျှပ်စစ်ဓာတ်အား‌တွေ ပြည်ပကို နှစ်ရှည်စာချုပ်‌တွေနဲ့ ‌ရောင်းလို့ရတာ‌တွေ၊ ပြည်ပမှာ လျှို့ဝှက် ရင်းနှီး မြုပ်နှံထားတာ‌တွေ၊ ဟို တယ်‌တွေ၊ ‌လေ‌ကြောင်းလိုင်း‌တွေ၊ ကုန်တိုက်ကြီး‌တွေ၊ လယ်သိမ်း‌မြေသိမ်း အိုးအိမ်‌တွေသိမ်းပြီး စက်ရုံ‌တွေ‌ဆောက်တာ၊ ကိုယ် ကျိုးသုံးတာ‌တွေ စတဲ့ သူတို့ မိသားစုပိုင် စီးပွား‌ရေးလုပ်ငန်း‌တွေကို ပြည်သူနဲ့ စာရင်းရှင်းဖို့ကိစ္စ တခွန်းမှမဟဘဲ သူတို့အတွက် အကျိုးစီးပွား ပိုပြီးရှိနိုင်မဲ့ အ‌ခြေအ‌နေမို့ ‌ဒေါ်‌အောင်ဆန်းစုကြည်ကို သူတို့‌တွေ့တာ ဖြစ်တယ်”

“သူတို့ကို ခုံရုံးတင်တာ မတင်တာကို‌တော့ ထားလိုက်ပါ။ သူခိုးဓားပြ၊ လူသတ်သမား‌တွေရဲ့ လုပ်နည်းလုပ်ဟန်‌တွေနဲ့ မတရား ရယူထားတဲ့ ပစ္စည်း‌တွေကိစ္စက ဘယ်လိုလုပ်မလဲ”

“သူတို့ကို လက်ရှိ အ‌ခြေအ‌နေ‌တွေအတိုင်း အသိအမှတ်ပြုရမယ်။ သူတို့ အိုးအိမ်စည်းစိမ်‌တွေကို ဘာတခုမှ ထိပါးခွင့် မရှိရ ဘူး။ သူတို့အသက် အိုးအိမ် စည်းစိမ်အတွက် အန္တရာယ်ရှိနိုင်တဲ့ အရိပ်အ‌ယောင် ‌ပေါ်လာပြီဆိုတာနဲ့ အာဏာထပ်သိမ်းပြီး သ‌ဘောတူထားခဲ့သမျှ‌တွေ အကုန်ဖျက်၊ ‌ထောင်ထဲ ဖမ်းထည့်တဲ့သူ‌တွေကို ထည့်၊ လူထုကိုလည်း ဆက်ပြီး ဖိနှိပ်ကြဦးမှာပဲ။ ဒါမျိုး‌တွေက သူတို့ လုပ်ခဲ့‌ပေါင်းများပြီ”

“‌ဒေါ်‌အောင်ဆန်းစုကြည်နဲ့ ‌တွေ့လိုက်တာဟာ သူတို့အတွက်‌တော့ အမြတ်ချည်းပဲ‌ပေါ့”

“မြတ်လို့လည်း ‌တွေ့တာ‌ပေါ့ဗျာ။ အခု တိုင်းရင်းသား‌တွေကို အထူးသဖြင့် ကချင်နဲ့ ရှမ်းကို ထိုးစစ်ကြီး‌တွေ လုပ်‌နေတဲ့အချိန်၊ ကမ္ဘာ့နိုင်ငံ‌တွေကလည်း ဖိအား‌ပေး‌နေတဲ့အချိန်မှာ လူထုကို အာရုံလွဲတဲ့အ‌နေနဲ့ သူတို့ကို မထိခိုက်နိုင်မဲ့ ပြုပြင်‌ပြောင်းလဲတာ က‌လေး‌တွေ နည်းနည်း လုပ်ပြလိုက်တာ။ ‌ဒေါ်‌အောင်ဆန်းစုကြည်နဲ့ ဝန်ကြီးအဆင့်နဲ့ ‌ဆွေး‌နွေး‌နေပြီ ဆိုတဲ့သ‌ဘော။ အရင်က လည်း ‌တွေ့ခဲ့ကြ‌ပေမဲ့ ခုတ‌ခေါက်မှာ‌တော့ အလားအလာ‌ကောင်း‌တွေ ရှိတယ်ဆိုပြီး ‌ကြေညာလိုက်‌တော့ အဲဒါကို ဝိုင်းပြီး ကြို ဆိုကြတယ်။ ‌ရှေ့ဆက်ပြီး ဘာ‌တွေ ဘာ‌တွေလုပ်ဖို့ အား‌ပေးကြတယ်ဆို‌တော့ သူတို့အ‌ပေါ် အ‌ကောင်းမြင်တာ‌တွေ ပိုများလာ ‌အောင် အဖွားကြီးကို ဝန်ကြီးနဲ့ ‌နောက်ထပ် နှစ်ခါသုံးခါ‌လောက် ခပ်စိပ်စိပ် ‌ပေး‌တွေ့ပြီး ဂွတ်ဂါးဗားမင့်၊ ကလီးင်ဂါးဗားမင့်‌တွေ ‌ပြောခဲ့တဲ့ သမတနဲ့ ‌ဆွေး‌နွေးတဲ့အဆင့်ကို ‌ပေး‌ရောက်လိုက်တာ”

“ဒီလို ‌ဆွေး‌နွေးတာကို ဘာမှန်းမသိရ‌သေးခင်မှာပဲ ကြိုဆိုတာ‌တွေ၊ ‌ထောက်ခံတာ‌တွေ ထွက်လာ၊ အ‌ကောင်းဘက်ကို ဦးတည် ‌ပြောင်းလဲလာပါပြီဆိုပြီး ‌ဘေးနိုင်င့‌တွေက ဝိုင်းပြီး ‌ဘေးတီးကြ၊ ‌ထောက်ခံကြပြန်‌တော့ ကိုယ်ကျိုး‌မြော်ကိုးပြီး အကူအညီ ‌ပေး ချင်‌နေကြတဲ့ နိုင်ငံ‌တွေကလည်း ‌ပေးဖို့ ဟန်တပြင်ပြင်လုပ်လာ၊ ဒါကိုပဲ ‌မျှော်လင့်ထားတဲ့ အရပ်သား အ‌ရေခြုံ‌တွေကလည်း အခုလို အကွက်ရတုန်း သူတို့ကို မထိခိုက်နိုင်မဲ့ အ‌သေးအဖွဲကိစ္စ‌တွေကို သ‌ဘောထားကြီးပြ၊ လိုက်‌လျောပြတာ‌လေး‌တွေ လုပ်လာတာပဲ”

“လူထု‌ထောက်ခံ‌နေတဲ့ ‌ဒေါ်‌အောင်ဆန်းစုကြည်နဲ့အတူ ပူး‌ပေါင်း‌ဆောင်ရွက်သလိုမျိုး လုပ်ထားလိုက်တဲ့အတွက် သူတို့ စစ်အုပ် စုကိုလည်း လူထုက တရားဝင် အသိအမှတ်ပြု ‌ထောက်ခံလာနိုင်တယ်။ ကမ္ဘာ့နိုင်ငံ‌တွေကလည်း ပိတ်ဆို့တာ‌တွေဘာ‌တွေ ရုတ်သိမ်းပြီး အကူအညီ‌တွေ ‌ပေးလာကြမယ်။ သူတို့‌တောင်းဆို‌နေတဲ့ အာစီယံ အလှည့်ကျ ဥက္ကဌရာထူးနဲ့ ဂုဏ်သိက္ခာလည်း ရလာဦးမယ်။ ဒါ‌တွေအတွက် ‌ဒေါ်‌အောင်ဆန်းစုကြည်ကို သူတို့ ဆက်ပြီး ကိုင်သွားမှာက‌တော့ ‌သေချာတယ်”

“မြစ်ဆုံဆည်ကို သူ့အစိုးရသက်တမ်းထဲမှာ ဆက်မလုပ်ဖို့ ရပ်ဆိုင်းလိုက်တာက ကမ္ဘာက‌ကော၊ ပြည်တွင်းပြည်ပ ဗမာပြည်သား ‌တွေကပါ ပွက်‌လောညံ‌အောင် ကန့်ကွက်လာကြလို့ ဒီတခါ လူထုအုံကြွမှုကြီး ထပ်‌ပေါ်လာရင် ‌ခေါင်းနဲ့‌ပြေးရချည်ရဲ့ဆိုပြီး ‌ကြေ ညာလိုက်ရတာ။ ဒါကို တရုတ်က မ‌ကျေနပ်လို့ တင်‌အောင်မြင့်ဦး တရုတ်ကို သွား‌တွေ့ရ‌သေးတယ်။ ဒီကိစ္စ မပြီး‌သေးဘူး။ တပြည်လုံး သားစဉ်‌မြေးဆက် ထိခိုက်အန္တရာယ် ကြုံနိုင်တဲ့ ဒီလိုမျိုး ပြည်ဖျက်စီမံကိန်း‌တွေကို ဆက်လုပ်မယ်ဆိုရင် လူထုက ငြိမ်ခံ‌တော့မှာ မဟုတ်ဘူး”

(၂)
“‌ဒေါ်‌အောင်ဆန်းစုကြည် လုပ်တာ‌တွေ ဆုံးဖြတ်တာ‌တွေကို မင်းကိုနိုင်က သ‌ဘောတူ‌ကြောင်း မက်‌ဆေ့ဂျ်ပို့ထားတယ်လို့ မိုးသီးဇွန်က ‌ပြောတယ်”

“ဘ‌တွေလုပ်လို့ ဘာ‌တွေ ‌ဆွေး‌နွေးမယ်မှန်း လူထုကို ခုထိ အသိမ‌ပေးတာက‌တော့ ပုံစံမကျဘူး။ ‌စေတနာ‌ကောင်းနဲ့ ‌ပြောမိ‌မေး မိလို့ရှိရင် ဘယ်သူ‌တွေက‌ရော လူ‌တွေ လုပ်နိုင်ပြီလဲဆိုပြီး ပြန်ပြီး အ‌ငေါ်တူးတတ်တဲ့ အမျိုးသမီးကြီးတ‌ယောက်ထဲရဲ့ လက်ထဲ တိုင်းပြည်ရဲ့ ကံကြမ္မာကို ဝကွက်ပုံအပ်ထားသလို ဖြစ်‌နေတယ်”

“ဟိုလူ‌တွေဆီမှာ အဖွားကြီး ‌ဆွေး‌နွေးတာ‌တွေက နိုင်ငံ‌ရေးအကျဉ်းသား‌တွေ လွတ်‌မြောက်ဖို့၊ အပစ်အခတ် ရပ်စဲ‌ရေး‌တွေလုပ် ဖို့၊ အ‌ထွေ‌ထွေ လွတ်ငြိမ်းချမ်းသာခွင့်‌ပေးဖို့ ဆိုတာ‌တွေပဲလို့ ကြားရတယ်”

“နိုင်ငံ‌ရေးပုဒ်မ‌တွေနဲ့ မဟုတ်ဘဲ တခြားဥပ‌ဒေပုဒ်မ‌တွေ အမျိုးမျိုးတပ်၊ နှစ်ရှည်‌ထောင်ဒဏ်‌တွေ မတရားချ ခံထားရတဲ့ ယုံကြည် ချက်‌ကြောင့် အကျဉ်းကျ၊ အနှိပ်စက်ခံ‌နေကြရသူ‌တွေ၊ နိုင်ငံ‌ရေးနဲ့ ပတ်သက်ပြီး အနယ်နယ် အရပ်ရပ်က ‌ထောင်‌တွေကို တကွဲ တပြားစီ အပို့ခံထားရတဲ့သူ‌တွေ အားလုံးကို ခြွင်းချက်မရှိ ပြန်လွှတ်‌ပေးဖို့ လိုတယ်”

“အခုရက်ပိုင်းအတွင်း မင်းကိုနိုင်တို့ကို လွှတ်နိုင်တယ်လို့ ‌ပြောတယ်။ ကမ္ဘာအရပ်ရပ်ကလည်း ဒီကိစ္စကိုပဲ ‌အော်‌နေကြ‌တော့ တကယ်ပဲ လွတ်လာ‌တော့မဲ့ အ‌ခြေအ‌နေ ရှိတယ်။ ကဲ လွတ်လာပြီဆိုရင် ဘာလုပ်မလဲ။ ‌ဒေါ်‌အောင်ဆန်းစုကြည် လုပ်ပုံလုပ် နည်းအတိုင်း စစ်အစိုးရနဲ့ ပူး‌ပေါင်းပြီး တည်‌ဆောက်‌ရေးလုပ်ငန်း‌တွေမှာ လူထုအတွက် အကျိုးအမြတ်ရှိ‌စေ‌ရေး၊ လူထုကို မထိ ခိုက်‌စေ‌ရေး၊ စစ်အစိုးရကို ‌ပျော့‌ပြောင်းစွာ စည်းရုံး‌ပြောဆိုသွားဖို့ ဆိုတဲ့လမ်း‌ကြောင်းကိုပဲ လိုက်ကြမလား။”

“အဲဒါက‌တော့ အထိအခိုက် မရှိဘူး။ ဒါ‌ပေမဲ့ ‌နောက်ထပ် နှစ်‌ပေါင်း နှစ်ဆယ်က‌နေ နှစ်ရာ‌လောက်အထိ ကြာသွားနိုင်တယ်”

“ကိုဇာဂနာ‌ပြောသလို ကျ‌နော်တို့ ဘာ့‌ကြောင့် လမ်း‌ပေါ်ထွက်ခဲ့ကြသလဲ။ ကျ‌နော်တို့ လိုအပ်တာ‌တွေ ‌တောင်းဆိုချင်လို့ ဖြစ် တယ်။ အခု လိုအပ်တာ‌တွေ ရပြီလား။ မရ‌သေးဘူးဆိုရင် ဆက်လုပ်ရမှာပဲ ဆိုတဲ့စကားကို လိုက်နာကြမလား။ ‌ထောင်ထဲကို နှစ်ရှည်လများ ဝင်လိုက်ရပြီး အပြင်ကိုသာ ပြန်‌ရောက်လာတယ်။ အ‌ခြေအ‌နေ‌တွေက အရင်အတိုင်းပဲဆိုရင် ‌ထောင်က ထွက် လာတဲ့သူ‌တွေဟာ ‌ထောင်ထဲဝင်ရကျိုး နပ်နိုင်ပါ့မလား”

“နှစ်ရှည်လများ ‌ထောင်ထဲမှာ ကိုယ်ဆင်းရဲ၊ စိတ်ဆင်းရဲ အနှိပ်စက်ခံ၊ အ‌စော်ကားခံခဲ့ရတဲ့ ဒုက္ခ‌တွေကို ဘယ်လိုလုပ်ရပ်‌တွေနဲ့ အစားထိုး ‌ဖြေသိမ့်နိုင်မလဲ”

“လူထု‌တွေ လမ်း‌ပေါ်မ‌ရောက်‌စေရဘူး။ လူထုအုံကြွမှု မဖြစ်‌စေရဘူးဆိုပြီး အာမခံ ‌ပြောဆို‌နေတာ‌တွေ ရှိတယ်။ ဘာ့‌ကြောင့် အာမခံ‌နေရမှာလဲ။ အဲဒီကြားထဲကပဲ ငြိမ်းချမ်းစွာ စု‌ဝေးစီတန်း လှည့်လည်ခွင့်‌တွေကို အတည်ဖြစ်‌အောင် လွှတ်‌တော်မှာ တင်ပြ ပြီး ရယူမယ်ဆိုတဲ့ ပုဂ္ဂိုလ်‌တွေနဲ့ ဆန္ဒပြ ‌တောင်းဆိုပွဲ အ‌သေးစားက‌လေး‌တွေလည်း ရှိလာတယ်။ ဘာမှ အဖမ်းအဆီး မရှိဘူး။ စာ‌ပေလွတ်လပ်ခွင့်လည်း အထိုက်အ‌လျောက် ဖွင့်‌ပေးမဲ့သ‌ဘော ရှိတယ်။ စာ‌ပေစိစစ်‌ရေးကိုပါ ဖြုတ်ဖို့အထိ ‌ဆွေး‌နွေးလာကြ ပြီ”

“အားလုံးက‌တော့ တိုင်းပြည်‌ကောင်းကျိုးအတွက် ဆိုပြီး အသံ‌ကောင်းဟစ်ကြမှာပဲ။ ဒါ‌ပေမဲ့ ကိုယ့်အသိနဲ့ကိုယ် ‌ရေးကြရမှာ‌ပေါ့။ မီဒီယာကို မီဒီယာနဲ့ တိုက်မယ်ဆိုပြီး အင်တာနက်‌တွေထဲမှာ အပြန်အလှန် ပုတ်ခတ်ဆဲ‌ရေး‌နေတာမျိုး‌တွေ ဖြစ်လာမှာ မြင် ‌ယောင်‌သေးတယ်”

“အက်ဆစ်ဆိုတဲ့ နာမည်နဲ့ အဆို‌တော်တ‌ယောက် ရှိတယ်။ ဒါဟာ စာ‌ပေ ပန်းချီ ဂီတ ရုပ်ရှင် အစရှိတဲ့ အနုပညာသမား‌တွေ အ‌နေနဲ့ ကြိုက်သလို မှည့်ထားတဲ့နာမည်ပဲ။ သူ့နာမည်ရင်းက ဘယ်သူလဲဆိုတာကို ဘယ်သူကမှ ‌မေးလားမြန်းလား မရှိခဲ့ဘူး။ ‌ဒေါက်တာလွဏ်း‌ဆွေဘ‌လော့ဂ်မှာ အက်ဆစ်ဆိုတဲ့ ပုဂ္ဂိုလ်‌ပေါ်လာ‌တော့ သူ ‌ရေးလိုက်တဲ့ အ‌ကြောင်းအရာ‌တွေနဲ့ ပတ်သက်ပြီး ဘာတခုမှ ‌စောဒကတက်တာ ‌ဝေဖန်တာ ‌ချေပတာ‌တွေ မလုပ်ပဲ သူက ဘယ်သူလဲ ဘယ်ဝါလဲနဲ့ ဝိုင်းပြီး အာကြတာ‌တွေ ကြား ရတယ်။ ထူးဆန်းတာက အက်ဆစ်ကို ထိုးနှက်တိုက်ခိုက်တဲ့သူ‌တွေ၊ ‌ဒေါက်တာလွဏ်း‌ဆွေကို လုပ်ကြံ အပုပ်ချ ထိုးနှက်တဲ့လူ ‌တွေထဲမှာ တ‌ယောက်မှ ‌လေးစားစရာ‌ကောင်းတဲ့သူ မပါဘူး။ နိုင်ငံ‌ရေး အ‌ရေခြုံ အခွင့်အ‌ရေးသမား‌တွေ၊ အရက်သမား‌တွေ၊ ကြာခိုတဲ့‌ကောင်‌တွေ၊ သူခိုး‌တွေ၊ လူလိမ်‌တွေ၊ ပြည့်တန်ဆာ‌တွေအဖြစ် နာမည်ပျက်‌နေတဲ့သူ‌တွေချည်းပဲ။ ‌တော်လှန်‌ရေး အဖွဲ့ အစည်း‌တွေထဲ ရန်သူက သပ်လျှိုပြီးထည့်ထားတဲ့ ဒလံ‌တွေအ‌နေနဲ့ အက်ဆစ်ရဲ့ သ‌ဘောထား ‌စေတနာ‌တွေကို ပျက်ပြား ‌အောင် လုပ်ကြမှာပဲ။ တကယ်‌တော့ အက်ဆစ်ကို ဆန့်ကျင်တဲ့လူ‌တွေအားလုံး ဘယ်သူမှ ‌ဒေါ်‌အောင်ဆန်းစုကြည်ကို တကယ်တမ်း အ‌လေးထားကြတဲ့သူ‌တွေ မဟုတ်ဘူး။ လူထု‌တော်လှန်‌ရေး မ‌ပေါ်‌ပေါက်‌အောင် ဖျက်လိုဖျက်ဆီး လုပ်တဲ့အ‌နေနဲ့ ‌ဒေါ်‌အောင်ဆန်းစုကြည်ဘက်ကပဲ ရပ်တည်‌နေသလိုလို အသံ‌ကောင်း ဟစ်ကြတာပဲ”

“ပြည်ပအတိုက်အခံ အဖွဲ့အစည်း‌တွေရဲ့ ‌ခေါင်း‌ဆောင်ပိုင်း အ‌တော်များများကလည်း ခိုးဝှက်လိမ်ညာ ကိုယ်ကျိုးရှာ‌နေကြ၊ လက်နက်ကိုင် တိုက်ခိုက်ဖို့ကို ဦးမ‌ဆောင်နိုင်ကြ၊ စစ်အုပ်စု ဒလံ‌တွေကလည်း မီဒီယာ‌တွေထဲက‌နေ ‌တော်လှန်‌ရေးဘက် ဦးမ လှည့်နိုင်‌အောင် ‌ခြေ‌ထောက်ဆွဲ‌နေကြ၊ ပြည်တွင်းလူထုကလည်း ချစားတဲ့သူ‌တွေ၊ ‌ခေါင်း‌ဆောင်မပီသတဲ့သူ‌တွေကို အားမကိုး နိုင်၊ ယုံကြည်မှု မရှိနိုင်ပဲ စစ်အုပ်စုကို ‌တော်လှန်ဖို့ ‌တွေ‌ဝေ ‌နှောင့်‌နှေး‌နေကြရင် တပ်ထဲက ပြည်သူ့အကျိုး လိုလားတဲ့ တပ်မှူး တပ်သား‌ကောင်း‌တွေနဲ့ ဘယ်‌တော့မှ ‌ပေါင်းစည်းမိနိုင်မှာ မဟုတ်ဘူး”

“လမ်းပြကြယ် ဦး‌အေးမြင့်က ‌ဒေါ်‌အောင်ဆန်းစုကြည်ကို အိတ်ဖွင့်‌ပေးစာပိုပတာ၊ လူတ‌ယောက်က ‌ဒေါ်‌အောင်ဆန်းစုကြည် ပြန်ပြန်‌ပြောတတ်တဲ့ ပုံစံအတိုင်း ဦး‌အေးမြင့်စာထဲက rhetorical question ‌တွေကို သံ‌ယောင်လိုက်ကူးချပြီး ဦး‌အေးမြင့်ကို ‌ဒေါ်‌အောင်ဆန်းစုကြည် ကိုယ်စား ပြန်ပြီး အ‌ငေါ်တူးတဲ့ဟာ‌တွေက‌တော့ ဗမာပြည်သား‌တွေရဲ့ နိုင်ငံ‌ရေး‌ရေချိန်ကို လူအထင် ‌သေးစရာ ဖြစ်တယ်”

“အရပ်သား အ‌ရေခြုံ စစ်အုပ်စုနဲ့ ‌ဆွေး‌နွေး‌နေတဲ့ ‌လော‌လောဆယ် အ‌ခြေအ‌နေဟာ အလွန်သိမ်‌မွေ့တဲ့ အ‌နေအထားမှာ ‌ရောက်‌နေလို့ အတိုက်အခံများနဲ့ လူထုကြီးအ‌နေနဲ့ တဆိတ်က‌လေး ငြိမ်‌ပေးဖို့၊ ‌စောင့်ကြည့်‌ပေးဖို့ ‌ပြောဆိုထားခဲ့တဲ့‌နောက်ပိုင်း စစ်အုပ်စုဘက်က မဖြစ်စ‌လောက် ပြုပြင်‌ပြောင်းလဲပြလာတာကို သိပ်ပြီး အဟုတ်မှတ်မ‌နေကြနဲ့”

“ဒီအစိုးရဟာ ဘာအစိုးရလဲဆိုတာ ရှင်းရှင်းမြင်‌အောင် ကြည့်တတ်ဖို့ လိုတယ်။ ပြည်‌ထောင်စု ကြံ့ခိုင်‌ရေးနဲ့ ဖွံ့ဖြိုး‌ရေးအသင်းကို လက်ကိုင်တုတ်အ‌နေနဲ့ အသုံးချပြီး ‌ဒေါ်‌အောင်ဆန်းစုကြည်ကို ဆန့်ကျင်ရှုံ့ချပွဲ‌တွေ အနယ်နယ် အရပ်ရပ်မှာ ကျင်းပခဲ့တဲ့သူ ‌တွေ၊ နိုင်ငံ‌ရေးပါတီ‌တွေ အားနည်းသွား‌အောင်လို့ ဝန်ထမ်း‌တွေ နိုင်ငံ‌ရေးမလုပ်ရဆိုပြီး ပိတ်ပင်ခဲ့တဲ့သူ‌တွေ၊ အဲဒီဝန်ထမ်း‌တွေ ကိုသာမက ‌ကျောင်းသူ‌ကျောင်းသား‌တွေကိုပါ ကြံ့ဖွံ့အသင်းထဲ မဝင်မ‌နေရ အ‌နေအထားမျိုး‌ရောက်‌အောင် အခွင့်အ‌ရေးပြ မြူဆွယ်၊ မဝင်ရင် ဘာဖြစ်မယ် ညာဖြစ်မယ် အလုပ်ပြုတ်မယ်နဲ့ ဖိအား‌ပေး မျှား‌ခေါ်ခဲ့တဲ့သူ‌တွေ၊ သူတို့အုပ်စုရဲ့ အသက်အိုး အိမ် အကျိုးစီးပွားကို အကာအကွယ်‌ပေးပြီး ထာဝစဉ် ဗိုလ်ကျလွှမ်းမိုးနိုင်‌အောင် စိတ်တိုင်းကျ ‌ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အ‌ခြေခံဥပ‌ဒေကို လူထုဆန္ဒမပါပဲ မသမာတဲ့ ကလိန်ကျစ်မဲ‌တွေနဲ့ အဓမ္မ အတည်ပြုခဲ့တဲ့သူ‌တွေ၊ ကြံ့ဖွံ့ကို ပါတီအဖြစ် ခပ် ‌ပြောင်‌ပြောင် ‌ပြောင်းလဲ မှတ်ပုံတင်ပြီး ကိုယ်ကျိုး‌မျှော်သမား‌တွေရဲ့ ပံ့ပိုးမှုနဲ့ အတုအ‌ယောင် ‌ရွေး‌ကောက်ပွဲ လုပ်ခဲ့တဲ့သူ‌တွေ၊ ပြည်တွင်းစစ်ကို အ‌တောမသတ်‌အောင် အဓွန့်ရှည်‌အောင် လုပ်‌နေတဲ့သူ‌တွေ”

“ဦးသိန်းစိန်ဆိုတာ ကချင်ကို လက်နက်ချခိုင်းခဲ့တဲ့လူ၊ ကချင်လူမျိုးစုအချင်းချင်း သတ်ဖြတ်‌အောင် ‌သွေးခွဲခဲ့တဲ့လူ၊ သမတဖြစ်စ တုန်းက အကျဉ်းသား‌တွေကို ‌သေဒဏ်က‌နေ တသက်တကျွန်း‌ပြောင်း၊ ကျန်လူ‌တွေကို‌တော့ ‌လျှော့ရက် ၁နှစ်‌ပေးတယ်ဆိုပြီး ‌တော့ ပုဒ်မမျိုးစုံနဲ့ နှစ် ၅၀‌ကျော်၊ ၆၀‌ကျော် ကျခံ‌နေရတဲ့ နိုင်ငံ‌ရေးသမား‌တွေကို သ‌ရော်‌မော်ကား လုပ်ခဲ့တဲ့လူ”

“ဒီလိုလူမျိုးနဲ့ ‌ဆွေး‌နွေးတဲ့အခါမှာ သူတို့ လက်ကိုင်ပြုမဲ့ ၂၀၀၈ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေကို တိုင်းရင်းသား ပြည်သူလူထုတရပ် လုံးရဲ့ ဆန္ဒနဲ့ကိုက်ညီ‌အောင် အစအဆုံး ပြင်‌ရေးဖို့ပါ ‌ဆွေး‌နွေးရမှာ။ ဗမာနိုင်ငံမှာ အာဏာရှင်စနစ် ချုပ်ငြိမ်းပြီး ဘယ်‌တော့မှ ထပ် မ‌ပေါ်‌ပေါက်နိုင်‌အောင် ဖွဲ့စည်းအုပ်ချုပ်ပုံကို အသစ်ပြင်‌ရေးရမှာ ဖြစ်တယ်”

“အခု ‌လော‌လောဆယ်‌တော့ ဗမာပြည်ထဲမှာ လူအများစုက ငတ်‌နေကြပြီ။ ကုန်‌ဈေးနှုန်း‌တွေ တက်‌နေ‌ပေမဲ့ လစာ‌ငွေက လိုက် မတက်‌တော့ စက်ရုံအလုပ်ရုံ‌တွေမှာ ဆန္ဒပြတာ‌တွေ ‌ပေါ်လာတယ်။ လယ်သမား‌တွေ လယ်သိမ်း‌မြေသိမ်းခံရ‌တော့ အလုပ်ပျက် အကိုင်ပျက်၊ တချို့က ကိုယ့်လယ်ကိုယ်‌ဈေးကြီး‌ပေးပြီး ပြန် ငှားစားရတယ်။ လုပ်စားကိုင်စား မ‌ကောင်းနိုင်တဲ့ အ‌ခြေအ‌နေမှာ လူ‌တွေ ပြည်ပထွက်ပြီး ကျွန်ခံကြ၊ ‌ငွေရှာကြရတယ်”

“တချို့က ပြည်ပက စက်ရုံအလုပ်ရုံ‌တွေမှာ၊ တချို့က စား‌သောက်ဆိုင်‌တွေ အနှိပ်ခန်း‌တွေမှာ၊ တချို့ဆို ပြည့်တန်ဆာ‌တွေဖြစ်၊ တရုတ်နယ်စပ်မှာ ‌ရောင်းစားခံရပြီး တရုတ်မယား‌တွေဖြစ်၊ ဆက်ပြီး‌တော့လည်း ဒိထက်ဆိုးမဲ့ အ‌ခြေအ‌နေ‌တွေ ဖြစ်လာဦး မယ်။”

(၃)

“တိုက်ပွဲသတင်း‌တွေ ကြားရတာ အားရစရာပဲ။ ကချင်မှာ တိုက်ပွဲတပွဲတည်း ရန်သူ အ‌ယောက် ၄၀‌လောက် ‌သေတာ‌တွေ ရှိ တယ်။ ‌အေဘီနဲ့ ဒီ‌ကေဘီ‌အေအဖွဲ့ ရခိုင်အဖွဲ့‌တွေ ‌ပေါင်းပြီး တိုက်ကြတာ‌တွေလည်း ပွဲကြီးပွဲ‌ကောင်း‌တွေပဲ။ ‌ကေအဲန်အယ်လ် ‌အေနဲ့ ဒီ‌ကေဘီ‌အေတို့ ပူး‌ပေါင်းတိုက်ပွဲ‌တွေလည်း ကြားရတယ်”

“စစ်အုပ်စုရဲ့ လက်ကိုင်တုတ်တပ်က ဗိုလ်‌တွေ ဗိုလ်ကြီး‌တွေ အကြပ် တပ်သား‌တွေ ကား‌တွေနဲ့အလာ လမ်းမှာ ကချင်က ပစ် ခတ်တိုက်ခိုက်ပြီး အ‌သေ‌ကော အရှင်ပါ လက်ရဖမ်းမိလို့ ဗီဒီယိုရိုက်ထားတာကို ‌တွေ့ရတယ်။ စစ်အုပ်စုခိုင်းသမျှ လိုက်လုပ်ကြ ရတဲ့ သူ‌တွေအတွက် စိတ်မ‌ကောင်းဘူး”

“တိုင်းရင်းသား‌တွေအ‌နေနဲ့ တကယ်တမ်း ငြိမ်းချမ်း‌ရေးကို တည်‌ဆောက်ချင်ရင် လက်နက်ကိုင်တိုက်ပွဲကို ပစ်ပယ်လို့ မရဘူး။ လက်နက်ကိုဆက်ပြီး ကိုင်ထားကြရမယ်။ အခု တည်‌ဆောက်မဲ့ နိုင်ငံမှာ စစ်အုပ်စုတဖွဲ့တည်းက လက်နက်ကိုင်ပြီး မဟုတ်တာ ‌တွေ ဆက်လုပ်‌နေမှာကို ခွင့်‌ပေး‌နေကြဦးမလား။ တိုင်းပြည်တပြည်အတွင်း တပ်မ‌တော်တခုတည်း ဆိုတာကိုလည်း လက်ခံလို့ မရဘူး။ ပြည်‌ထောင်စုတပ်မ‌တော်နဲ့ ပြည်နယ်တပ်မ‌တော်‌တွေ ရှိရမှာဖြစ်တယ်။ မတူကွဲပြားမှု‌တွေ ‌ပေါင်းစုပြီး ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ ရပ်တည်ကြရမှာပဲ”

“အခု လက်ရှိ အ‌ခြေအ‌နေမှာ တိုင်းရင်းသား‌တွေနဲ့ ‌ဆွေး‌နွေးမယ်ဆိုပြီး ‌လေသံပစ်ခဲ့‌ပေမဲ့ ယူအဲန်အက်ဖ်စီလို တိုင်းရင်းသား‌တွေ စု‌ပေါင်းထားတဲ့အဖွဲ့နဲ့ ‌ဆွေး‌နွေးဖို့ကျ‌တော့ အ‌ကြောင်းမပြန်‌တော့ဘူး။ သူတို့က ဖဲ့ထုတ်ပြီး‌တော့ပဲ ‌ဆွေး‌နွေးချင်တာ”

“ဝနဲ့ မိုင်းလားတို့ကို နယ်ခြား‌စောင့်ကိစ္စ လုံးဝ မဟ‌တော့ပဲ အပစ်အခတ် ရပ်ဆိုင်း‌ရေး‌တွေ လုပ်တယ်။ ကချင်နဲ့ ရှမ်းကို အမျိုးတုံး‌ချေမှုန်းဖို့အတွက် တပ်ရင်းတပ်မ‌တွေ လွှတ်ပြီး အမျိုးသမီးနဲ့ က‌လေး‌တွေပါမချန် ‌စော်ကားသတ်ဖြတ်တာ‌တွေ ရှိ‌နေ တယ်။ ဒါဟာ တကယ်တမ်း ငြိမ်းချမ်း‌ရေးကို လိုလားတဲ့ လုပ်နည်းလုပ်ဟန်‌တွေ မဟုတ်ဘူး။ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲပြီး ‌တော့ နိုင်ငံ‌ရေးအရ ‌တွေ့ဆုံ‌ဆွေး‌နွေး အ‌ဖြေရှာပြီး အမျိုးသားထုအားလုံး ရင်ကြား‌စေ့‌ရေး၊ တဖက်နှင့်တဖက် အမှန်တကယ် ခွင့်လွှတ်‌ကျေ‌အေး သင်ပုန်း‌ချေ‌ရေး၊ အမျိုးသားညီညွှတ်‌ရေး‌တွေကို ရရှိ‌အောင် တည်‌ဆောက်သွားဖို့ လိုတယ်။

(၄)

“‌နောက်ပြန်လှည့်လို့ မရတဲ့‌ခြေလှမ်း irreversible step ဆိုတာ ဝဏ‌မောင်လွင် ‌ပြောခဲ့တဲ့စကားပဲ”

“‌ဒေါ်‌အောင်ဆန်းစုကြည်တို့က စစ်အုပ်စုကို အနီးကပ် ပူး‌ပေါင်းဆက်ဆံပြီး‌တော့ ပြုပြင်‌ပြောင်းလဲမှု‌လေး‌တွေ တဖြည်းဖြည်း လုပ်ယူဖို့ ‌ဖြောင်းဖြ‌ပြောဆိုပြီး လုပ်ရင်းလုပ်ရင်းနဲ့ ပြန်ပြီး‌တော့ ‌နောက်ဆုတ်လို့ မရ‌တော့‌အောင် ဆွဲ‌ခေါ်ဖို့ အစီအစဉ်‌တွေ ရှိ‌နေ တယ်”

“ကုလသမဂ္ဂကလည်း ‌နောက်ပြန်လှည့်လို့မရတဲ့ အ‌ခြေအ‌နေအထိ အရှိန်မြှင့်ပြီး လုပ်‌ဆောင်ဖို့လို့ တိုက်တွန်းတယ်။ ဒါ‌ပေမဲ့ ဒီကိစ္စက ခပ်‌ပေါ့‌ပေါ့ မဟုတ်ဘူး”။

“ဝဏ‌မောင်လွင်က ဗမာနိုင်ငံအ‌ပေါ် အ‌မေရိကန် ပိတ်ဆို့အ‌ရေးယူတဲ့ စန်ရှင်ကိစ္စ‌တွေဟာ မတရားဘူး။ ပြည်သူလူထု ပိုကြပ် တည်းပြီး လမ်း‌တွေ‌ပေါ်ထွက် ဆူပူတာ‌တွေ ဖြစ်လာ‌အောင် တွန်းပို့တာပဲလို့ ‌ပြောတယ်။ သူတို့လုပ်ရပ်‌တွေ ပြုပြင်ပါ့မယ်ဆိုတာ ‌တော့ မ‌ပြောဘူး”

“ဗမာပြည်မှာ နိုင်ငံ‌ရေးလုပ်လို့ အဖမ်းခံရတဲ့လူ မရှိဘူးလို့လည်း ‌ပြောလိုက်‌သေးသဗျ”
“‌ဗြောင်လိမ်တဲ့‌ကောင်ပဲ။ ဒါမျိုး‌တွေ ‌ပြောလာခဲ့တာ အုန်း‌ဂျော်တို့ လက်ထက်ကတည်းကပဲဟာ”

“သူ ဘာ‌တွေပဲ‌ပြော‌ပြော‌လေ ဒဲရက်မစ်ချဲက‌တော့ ချမှတ်ထားတဲ့ အ‌ခြေခံအချက်‌တွေ ပြည်မှီမှ အ‌ရေးပါတဲ့ ‌ခြေလှမ်း‌တွေ လှမ်း နိုင်မှ အ‌မေရိကန်ရဲ့ စန်ရှင်‌တွေ ရုတ်သိမ်းမှာလို့ ‌ပြောတယ်”

“‌ဒေါ်‌အောင်ဆန်းစုကြည် ‌ဆွေး‌နွေး‌နေတာ‌တွေဟာ ဘယ်အတိုင်းအတာ ဘယ်အဆင့်အထိ ‌ရောက်‌နေပြီလဲ။ တိုင်းရင်းသား ‌တွေနဲ့ ဖြစ်‌နေတဲ့ ပြည်တွင်းစစ်ကို ဘယ်လိုရပ်စဲနိုင်မလဲ”

“တိုင်းရင်းသား‌တွေ အ‌ရေးကိစ္စနဲ့ ပတ်သက်ပြီး ဗကသက ဖက်ဒရယ်နီးပါး အ‌ခြေအ‌နေအထိ ‌ဆွေး‌နွေးခဲ့တယ်လို့ ဗီအို‌အေမှာ မိုးသီးဇွန် ‌ပြောတယ်။ ဒါ‌ပေမဲ့ ကမ္ဘာ့နိုင်ငံ‌တွေ တည်‌ထောင်တဲ့စနစ်မှာ ဖက်ဒရယ်နီးပါးဆိုတာ မရှိဘူး။ ပြည်‌ထောင်စု Federal နဲ့ တပြည်‌ထောင် Unitary နှစ်မျိုးပဲ ရှိတယ်။ တရုတ်က ဖက်ဒရယ်ပုံစံမျိုး ယူထား‌ပေမဲ့ ယူနစ်ထရီနိုင်ငံသာ ဖြစ်တယ်။ တရုတ် ရဲ့ပုံစံမျိုး ဒီနိုင်ငံမှာ လုပ်လို့မရဘူး။ တိုင်းရင်းသားကိစ္စကို ‌ပြေလည်‌အောင် မ‌ဖြေရှင်းနိုင်ရင် ဒီမိုက‌ရေစီနဲ့ ငြိမ်းချမ်း‌ရေးဟာ အဓိပ္ပါယ် မရှိဘူး”

“ဖက်ဒရယ်ဆိုတာ ခွဲထွက်‌ရေးလို့ ဘယ်သူ‌ပြောသလဲ။ ဖက်ဒရယ်ဆိုတာ ပူး‌ပေါင်း‌ရေး ဖြစ်တယ်။ ဒါ‌ပေမဲ့ အတူ‌ပေါင်းစည်းထား တဲ့သူ အချင်းချင်းအ‌ပေါ် မဟုတ်တာ‌တွေ လုပ်လာပြီဆိုရင်‌တော့ ကိုယ်ပိုင်ပြဌာန်းခွင့် ရှိတဲ့သူ‌တွေအ‌နေနဲ့ မဟုတ်တာလုပ်တဲ့ သူနဲ့ ဘယ်ဆက်‌ပေါင်းချင်ပါ့မလဲ။ ခွဲမထွက်ပဲ အတူ ပူး‌ပေါင်း‌ဆောင်ရွက်ကြရ‌အောင်လို့ တဦး‌ပေါ်တဦး မဟုတ်တာ မလုပ်ဖို့ လို တယ်။ တကယ်‌တော့ ဖက်ဒရယ်ဟာ ပြည်နယ်‌ပေါင်းစု ပြည်‌ထောင်စုစစ်စစ် ဖြစ်တယ်။ အဓိကလူမျိုးစု‌တွေကို ကိုယ်ပိုင်ပြဌာန်း ခွင့်ရှိတဲ့ ပြည်နယ်‌တွေ သတ်မှတ်‌ပေးရမယ်။ လီဆူးတို့၊ ‌လေရှီးတို့၊ အခါတို့၊ ယင်း‌ဘောင်၊ ယင်းတလဲတို့ ဆိုတာ‌တွေနဲ့ ဗမာ ပြည်မှာ လူမျိုးစု ၁၃၅မျိုး ရှိတာမို့ အားလုံးကို ပြည်နယ်‌တွေ‌ပေးရင် ဗမာပြည်ကြီး အစိတ်စိတ် အမွှာမွှာ ဖြစ်ပြီဆိုပြီး ငါ့စကား နွားရ ‌ပြောစရာမလိုဘူး။ အဓိက လူမျိုးစု‌တွေဖြစ်တဲ့ ရှမ်း၊ ချင်း၊ ကချင်၊ ကရင်၊ ကယား၊ မွန်၊ ရခိုင်တို့ကို ပြည်‌ထောင်စုဖွဲ့‌ပေးရင် ကျန်တဲ့လူမျိုးစုငယ်‌တွေဟာ သူ့သက်ဆိုင်ရာ ပြည်နယ်‌တွေရဲ့ အုပ်ချုပ်သူ‌တွေနဲ့ညှိနှိုင်းပြီး အဆင်‌ပြေ‌အောင် လုပ်ယူနိုင်တယ်။”

“‌ဒေါ်‌အောင်ဆန်းစုကြည်က‌တော့ ‌ခြေလှမ်းတချက် မှားလို့ မဖြစ်ဘူး။ အခုလှမ်းထားတဲ့ ‌ခြေလှမ်းကို‌တောင်မှ သိပ်ပြီး သ‌ဘောမ တူနိုင်တဲ့သူ‌တွေ၊ စိုးရိမ်‌နေတဲ့သူ‌တွေ ရှိတယ်”

“‌ဒေါ်‌အောင်ဆန်းစုကြည်အ‌နေနဲ့ လူထုအကျိုးအတွက်ဆိုပြီး စစ်အုပ်စုရဲ့ အသုံးချခံ မဖြစ်ဖို့၊ အလိမ်မမိဖို့ လိုတယ်”
မာနသံ၊ အားတင်းသံ၊ မာန်ဖီသံ၊ ‌ချော့‌မော့သံ၊ အ‌ငေါ်တူးသံ၊ အ‌ပျော့ဆွဲသံ၊ အပုပ်ချသံ၊ ‌ခြေထိုးသံ၊ အား‌လျော့သံ၊ စိုးရိမ်သံ … အသံ‌ပေါင်းစုံကို ဆက်လက်၍ ကြား‌နေရ‌လေသည်။