Home သတင်း အမျိုးသမီးများအတွက် တရားမျှတမှုကို WLB ‌ဆောင်ကြဉ်း‌စေလို

အမျိုးသမီးများအတွက် တရားမျှတမှုကို WLB ‌ဆောင်ကြဉ်း‌စေလို

1742
နိုဝင်ဘာလ ၈ရက်။ ‌နော်ဆဲကလယ် (‌ကေအိုင်စီ)

အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံ (WLB)မှ စစ်ရာဇဝတ်မှုနှင့် လူသားဖြစ်မှုကို ဆန့်ကျင်‌သော ရာဇဝတ်မှုများအတွက် မြန်မာ စစ်တပ်၏ တာဝန်ခံမှု၊ တာဝန်ရှိမှုကို ‌တောင်းဆိုသည့် “အမျိုးသမီးများအတွက် တရားမျှတမှုကို ‌ဆောင်ကြဉ်းပါ”ဟူ‌သော ဗီဒီ ယိုမှတ်တမ်း‌ခွေကို နိုဝင်ဘာလ ၇ရက်‌နေ့က ထုတ်‌ဝေဖြန့်ချိခဲ့သည်။

အဆိုပါမှတ်တမ်း‌ခွေ၏ သတင်းထုတ်ပြန်ချက်တွင် ကချင်၊ ကရင်နှင့် သျှမ်း‌ဒေသများတွင် ဆက်တိုက် ဖြစ်ပွား‌နေသည့် အစိုးရ တပ်များ၏ ထိုးစစ်ဆင် တိုက်ခိုက်မှုများအပြင် အမျိုးသမီးနှင့် မိန်းက‌လေးငယ်များအ‌ပေါ် မုဒိမ်းပြုကျင့်မှုများကို အစီအစဉ်ချ ကာ ကျယ်ပြန့်စွာ ဆက်လက် ကျူးလွန်‌နေ‌ကြောင်း ‌ဖော်ပြထားသည်။

မှတ်တမ်း‌ခွေ ထုတ်‌ဝေရသည့် ရည်ရွယ်ချက်ကို WLB ‌ပြော‌ရေးဆိုခွင့်ရှိသူ နန်းဆိုင်‌နောင့်က ပြည်တွင်းပြည်ပရှိ မြန်မာပြည်သူ များအတွက် ဦးတည်ပြီး ထုတ်‌ဝေဖြန့်ချိခြင်းဖြစ်သည်ဟု ဆိုသည်။

WLB အ‌ထွေ‌ထွေ အတွင်း‌ရေးမှူး ‌ဒေါ်တင်တင်ညိုက “မြန်မာစစ်အစိုးရအ‌နေနဲ့ အမျိုးသမီး‌တွေအ‌ပေါ်မှာ အတင်းအဓမ္မ ပြုကျင့် မှု‌တွေ အပါအဝင် အခြားလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု‌တွေ အစီအစဉ်ချ ကျူးလွန်ခွင့် ပြုထားတယ်ဆိုတာကို ဒီမှတ်တမ်း ‌ခွေက ပိုပြီး သက်‌သေပြ‌နေပါတယ်။ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ‌တွေအ‌နေနဲ့ လူ့အခွင့်အ‌ရေး၊ အ‌ခြေခံ လွတ်လပ်မှု၊ ငြိမ်းချမ်း‌ရေး လုံခြုံ‌ရေး‌တွေနဲ့ ပတ်သက်ပြီး လိုက်နာ‌ဆောင်ရွက်ပါ့မယ်လို့ သံဓိဋ္ဌာန်ထားတဲ့အတိုင်း ‌ဆောင်ရွက်‌ပေးပါလို့ ကျမတို့ တိုက်တွန်း ‌တောင်းဆိုချင်ပါတယ်။”ဟု ထုတ်ပြန်ချက်တွင် ‌ပြောဆိုထားသည်။

ဤမှတ်တမ်း‌ခွေတွင် မုဒိမ်းပြုကျင့်ခံရသည့် အမျိုးသမီးများအပြင် အမျိုးသမီးအဖွဲ့အစည်းများ လူ့အခွင့်အ‌ရေးကိစ္စ ‌ဆောင်ရွက် ‌နေသူများနှင့် ‌မေးမြန်းထားချက်များလည်း ပါဝင်သည်။

ထို့အပြင် မြန်မာစစ်တပ်‌ခေါင်း‌ဆောင် ဗိုလ်ချုပ်မှူးကြီးသန်း‌ရွှေ အပါအဝင် အ‌ပေါင်းပါများအား နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာ တရားရုံးသို့ လွဲ‌ပြောင်းတရားစွဲဆိုပြီး ကုလသမဂ္ဂ စုံစမ်းစစ်‌ဆေး‌ရေး ‌ကော်မရှင်ဖွဲ့‌ပေးရန် ထပ်မံ ‌တောင်းဆိုခြင်းလည်းဖြစ်သည် ဟု WLB က ထုတ်ပြန်ထားသည်။

နန်းဆိုင်‌နောင့်က “ပြည်တွင်းအတွက်က‌တော့ Media ‌တွေက‌နေ ဒီအ‌ကြောင်းကို သတင်းလွှင့်တာမျိုး‌တွေက‌နေ ရနိုင်မယ်လို့ ‌မျှော်လင့်ပါတယ်။ ပြည်ပဆိုရင် အာရှပစိဖိတ် Forum မျိုး‌တွေ၊ တခြားလှုံ့‌ဆော်ပွဲလိုမျိုး‌တွေမှာ ပြနိုင်ပါတယ်။ သံတမန်‌တွေ ကုလသမဂ္ဂ အဖွဲ့အစည်း‌တွေကိုလည်း ပို့‌ပေးနိုင်ပါတယ်။ ငြိမ်းချမ်း‌ရေးလို့‌ပြောပြီး ဒါ‌တွေ ဆက်ကျူးလွန်‌နေမယ်ဆိုရင် မရနိုင် ပါဘူးဆိုတာ အားလုံးကို သိ‌စေချင်ပါတယ်။”ဟု ‌ပြောသည်။

အဂင်္လိပ်ဘာသာဖြင့် ထုတ်‌ဝေထားသည့် ယခု ဗီဒီယိုမှတ်တမ်း‌ခွေနှင့် ပတ်သက်၍ အကျိုးသက်‌ရောက်မှုကို အတိအကျ မ‌ပြော ဆိုနိုင်‌သေး‌သော်လည်း ကျယ်ပြန့်စွာ ‌ရောက်ရှိမည်ဟု ခန့်မှန်း‌မျှော်လင့်‌ကြောင်း သူမက ဆက်လက် ‌ပြောဆိုသည်။

WBL သည် အမျိုးသမီးများ မုဒိမ်းပြုကျင့်ခံရမှုဆိုင်ရာ မှတ်တမ်း‌ခွေများအဖြစ် “အ‌မှောင်လွှမ်း‌စေ‌သောတပ်မ‌တော်မှ ဂုဏ်ပြု ထိုက်‌သောတပ်မ‌တော်သို့”၊ “Ending Inpunity”နှင့် ယခု ထုတ်‌ဝေသည့် “အမျိုးသမီးများအတွက် တရားမျှတမှုကို ‌ဆောင် ကြဉ်းပါ”တို့ကို ထုတ်‌ဝေခဲ့ပြီးဖြစ်သည်။