Home ထိပ်တန်းသတင်း ‌နေရပ်ပြန် ‌ရေ‌ဘေးဒုက္ခသည်များ အား မြန်မာရဲများ ‌ငွေညစ်

‌နေရပ်ပြန် ‌ရေ‌ဘေးဒုက္ခသည်များ အား မြန်မာရဲများ ‌ငွေညစ်

1826
နိုဝင်ဘာလ ၈ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

‌ရေကြီးမှု‌ကြောင့် ထိုင်းနိုင်ငံ၊ ဘန်‌ကောက်မြို့မှ ကရင်ပြည်နယ်၊ ဘုရားသုံးဆူလမ်း‌ကြောင်းဘက်သို့ ပြန်လာကြသည့်
‌ရေ‌ဘေး ဒုက္ခသည်မြန်မာအလုပ်သမားများသည် ဘုရားသုံးဆူမြို့ရှိ မြန်မာရဲများက‌ငွေညှစ်‌တောင်းယူမှုများနှင့် ကြုံ‌တွေ့‌နေရသည်ဟု ‌ရေ‌ဘေးဒုက္ခသည်များက ‌ပြောသည်။

ဘန်‌ကောက်မြို့မှ ဘုရားသုံးဆူမြို့သို့ ပြန်လာကြသည့် ရာနှင့်ချီသည့် အဆိုပါ အလုပ်သမားများမှာ ယခင်အပတ်မှစ၍ ယခုအ ချိန်ထိ ထိုင်းလူဝင်မှုကြီးကြပ်‌ရေး(လဝက)မှ အခမဲ့ ပို့‌ဆောင်မှုဖြင့် ဘုရားသုံးဆူမြို့ရှိ မြန်မာရဲတပ်ဖွဲ့ထံသို့ လွှဲ‌ပေးအပ်ခဲ့ရာတွင် ယခုလို ‌ငွေညှစ်မှုများနှင့် ရင်ဆိုင်‌နေရခြင်းဖြစ်သည်။

ယမန်‌နေ့က ပြန်လာသည့် ဘန်‌ကောက်မှ မြန်မာအလုပ်သမားတစ်ဦးက “ကျ‌နော်က ဘုရားသုံးဆူမှာပဲ ‌နေတာဆို‌တော့ ‌ပေးစ ရာ မလိုဘူး။ ကျ‌နော့်နဲ့အတူ ပြန်လာတဲ့ တခြားနယ်ကလူ‌တွေကျ‌တော့ ‌ပေးရတယ်။ ပထမက ဘတ် ၅၀၀‌ပေးခိုင်းတယ်။ ‌နောက်‌တော့ မ‌ပေးနိုင်လို့ ၃၀၀၊ ၂၀၀‌လောက်ပဲ ‌ပေးရတယ်။”ဟု ‌ပြောသည်။

၎င်းရဲဝန်ထမ်းများသည် ယင်း‌ငွေညှစ်‌တောင်းခံမှုမှလွဲ၍ အလုပ်သမားများအား အတင်းအကြပ် ခြိမ်း‌ခြောက်မှုများ မရှိသလို ‌ငွေ မ‌ပေး‌ဆောင်နိုင်သူများကို ဖမ်းဆီးထိန်းသိမ်းမှု တစုံတရာ လုပ်‌ဆောင်မှုများမရှိ‌ကြောင်း ကိုယ်တိုင်‌တွေ့မြင်ရသည့် ဘုရားသုံး ဆူမြို့ခံများက ‌ပြောသည်။

၎င်း‌ရေ‌ဘေးဒုက္ခသည်များသည် ‌ရေ‌ကြောင်းခရီးဖြင့် ‌ချောင်းဆုံမှ ဆိပ်ကြီးအထိ သမိ‌ချောင်းတစ်‌လျှောက်ရှိ အစိုးရစစ်တပ်၊ နယ်ခြား‌စောင့်တပ်အဖွဲ့၊ ‌ကေအဲန်ယူ၊ မွန်စသည့် လက်နက်ကိုင်အဖွဲ့များ ဖွင့်လှစ်ထားသည့် ဂိတ်‌ပေါင်း ၂၀‌ကျော်ကိုလည်း တစ်ဦးလျှင် ၅၀ဝကျပ်မှ ၁,၀၀၀‌ကျော်အထိ ‌ပေး‌ဆောင်ရ‌သေး‌ကြောင်း ‌ဒေသခံများ၏ ‌ပြောပြချက်အရ သိရသည်။

ဘုရားသုံးဆူမြို့ ရပ်ကွက်(၃)မှ ကိုစိုးက “လမ်းစရိတ်လည်းမရှိ၊ တည်းခိုစရာ‌နေရာလည်း မရှိသူ‌တွေက ဓမ္မ‌ဟေဝန်ဘုန်းကြီး ‌ကျောင်းမှာ အ‌ယောက် ၁၀၊ ၂၀‌လောက် ပြန်လာအိပ်တယ်။ မိန်းက‌လေး‌ကော၊ ‌ယောက်ျား‌လေး‌ကော၊ က‌လေး‌တွေ‌ကော အကုန်လုံးပါတယ်။ ထမင်းပြန်လာ‌တောင်းစားတာ‌ပေါ့ဗျာ။ သူတို့အမျိုး‌တွေကို မှာပြီး‌တော့ လာကြိုရတယ်‌ပေါ့။”ဟု ‌ပြောသည်။

Photo-KIC (ထိုင်းဘက်ခြမ်းမှ မြန်မာပြည် ဘုရားသုံးဆူမြို့သို့အဝင်)

ဘန်‌ကောက်မြို့မှ ဘုရားသုံးဆူလမ်း‌ကြောင်းတွင် ပြန်လာကြသည့် ‌ရေ‌ဘေးဒုက္ခသည် မြန်မာအလုပ်သမား အများစုမှာ ကရင် ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်နှင့် မွန်ပြည်နယ်၊ မုဒုံ၊ ‌မော်လမြိုင်၊ ကျိုက်မ‌ရောမြို့နယ်များမှ ဖြစ်ကြပြီး ‌နေ့စဉ် မြန်မာအ လုပ်သမားဦး‌ရေ ၁၀ဝမှ ၂၀ဝအထိ ထိုလမ်း‌ကြောင်းအတိုင်း ‌နေရပ်သို့ ပြန်လာ‌နေကြသည်။

ထို့အတူ ထိုင်း-မြန်မာနယ်စပ် မဲ‌ဆောက်-မြဝတီဘက်တွင်လည်း ယခင်လက ဘန်‌ကောက်မှ ပြန်လာသည့် ‌ရေ‌ဘေးဒုက္ခသည် မြန်မာအလုပ်သမားများကို ထိုင်းလူဝင်မှုကြီးကြပ်‌ရေးနှင့် မြန်မာဘက်ကမ်း မြဝတီဘက်မှ နယ်ခြား‌စောင့်အဖွဲ့များက ပူး‌ပေါင်း ကာ ‌ငွေညှစ်‌တောင်းခံမှုများ ရှိခဲ့သည်။

သို့‌သော် ထိုင်းနှင့် မြန်မာအာဏာပိုင်များက ၎င်း‌ရေ‌ဘေးဒုက္ခသည်များကို အခမဲ့ ကူညီသွားရန် ယခုလ ၃ရက်‌နေ့က သ‌ဘော တူလက်မှတ်‌ရေးထိုးပြီး‌နောက်ပိုင်း မြဝတီဘက်တွင် မြန်မာအလုပ်သမားများအ‌ပေါ် ‌ငွေ‌တောင်းခံမှုများ မရှိ‌တော့‌ကြောင်း ‌ပြော ဆို‌နေကြသည်။