Home အယ်ဒီတာ့အာဘော် တည်ငြိမ်‌အေးချမ်းမှု ‌ရောင်နီပျို့‌နေပြီလား

တည်ငြိမ်‌အေးချမ်းမှု ‌ရောင်နီပျို့‌နေပြီလား

1914
အယ်ဒီတာ့အာ‌ဘော်

‌ရွေး‌ကောက်ပွဲသာ တနှစ်ပြည့်လာခဲ့သည်။ အစိုးရသစ် တက်လာပြီး သက်တမ်းတွင် ‌ပြောင်းလဲမှု တစုံတရာ ‌တွေ့မြင်လာရပြီး ဖြစ်‌ကြောင်း ‌ဝေဖန်‌ပြောဆို သုံးသပ်‌နေကြသည်။ ‌အောက်တိုဘာလအတွင်း အစိုးရအ‌နေဖြင့် သျှမ်းပြည်‌မြောက်ပိုင်းတွင် ထိုးစစ်ဆင်နွဲ‌နေသည်။ ထိုဖြစ်စဉ်၏ ‌နောက်ဆက်တွဲအဖြင့် ‌ဒေသခံလူထု ‌နေထိုင်စား‌သောက်မှုမှာ မတည်မငြိမ်ဖြင့် ကျီးလန့်စာစား ဖြစ်‌နေကြသည်။ တစ်ဆက်တည်းတွင်လည်း မျက်‌မှောက်ကာလ ကချင်ပြည်နယ်၊ သျှမ်းပြည်နယ်အတွင်း အမျိုးသမီးများ၏ ဘဝလုံခြုံမှု ကင်းမဲ့လျှက်ရှိ‌နေသလို လူသားမဆန်စွာ ‌သေ‌ကြေ‌နေကြသည်မှာ ‌ကြေကွဲထိတ်လန့်ဖွယ်ရာ ဖြစ်ရပ်များပင် ဖြစ်သည်။

ထိုအချင်းအရာများကို အစိုးရအဖွဲ့က နှစ်ပတ်လည်လာသည့်တိုင် မ‌ပြောင်းလဲယူနိုင်‌သေး။ အစိုးရတပ်သည် ထိုးစစ်ကို ရွပ်ရွပ်ချွံချွံ ဆက်လက်တိုက်ခိုက်‌နေဆဲသာဖြစ်သည်။ တစ်ဖက်တွင်လည်း ‌ကေအဲန်ယူ၊ သျှမ်းတပ်မ‌တော်၊ မွန်ပြည်သစ် အဖွဲ့များကို ငြိမ်းချမ်း‌ရေး‌ပေါ် အ‌ခြေခံသည်ဟုဆိုကာ ချဉ်းကပ်ကမ်းလှမ်း ‌တွေ့ဆုံလာ‌နေခဲ့သည်။ ထို့အပြင် ‌ရွေး‌ကောက်ပွဲ အပြီးတွင် မြန်မာစစ်တပ်ကို တန်ပြန်တိုက်ခိုက်ခဲ့သည့် တိုးတက်‌သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မ‌တော် (ဒီ‌ကေ ဘီ‌အေ) စသည့်အဖွဲ့များနှင့်လည်း စစ်အစိုးရ၏မူ‌ဟောင်းအတိုင်းပင် ချဉ်းကပ်‌ချော့မြူ တိုက်တွန်း ဖိအား‌ပေးလာခဲ့သည်။

ဤအ‌တောအတွင်း အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်(အဲန်အယ်လ်ဒီ)ကို နိုင်ငံ‌ရေးပါတီအဖြစ် မှတ်ပုံတင်ရန် အစိုးရက ခွင့်ပြုထား သည့်အ‌လျောက် ပါတီမှတ်ပုံတင်မှု မတင်မှုအ‌ပေါ် ပြည်တွင်းပြည်ပမှ မြန်မာပြည်သူများအကြား လုပ်သင့်၊ မလုပ်သင့် စသည့် အ‌တွေးများ ဒွိဟဖြစ်‌နေကြသည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက တပြည်လုံးအတိုင်းအတာဖြင့် အပစ်အခတ် ရပ်စဲ ‌ရေးကို လိုလား‌နေကြသည်။ ဦးသိန်းစိန် အစိုးရက ယ‌နေ့ထိထက်တိုင် ‌ကြေညာသမှု မပြု‌သေးဘဲ တစ်ဖွဲ့ချင်းစီ ကိုယ်စားလှယ် လွှတ်ကာ ချဉ်းကပ်မှုမှာလည်း မယုံသကင်္ာစရာပင်။

ဩဂုတ်လ(၂၂)ရက်‌နေ့ကတည်းက စတင်ကျင်းပခဲ့သည့် မပြီးဆုံး‌သေး‌သော ဒုတိယအကြိမ် ပြည်‌ထောင်စုလွှတ်‌တော်နှင့် လက်ရှိ ပြုလုပ်‌နေသည့် တိုင်းနှင့်ပြည်နယ်လွှတ်‌တော် အစည်းအ‌ဝေးများမှာလည်း ‌အောက်‌ခြေလူထုအတွက် သိသာထိ‌ရောက် သည့် ‌မျှော်လင့်ချက် အ‌ပြောင်းအလဲမရှိ‌ပေ။

လက်ရှိအစိုးရသည် တိုင်းပြည်တည်‌ဆောက်‌ရေးအတွက် ပြည်ပ‌ရောက် မြန်မာပြည်သားများအား ပြည်‌တော်ပြန်ရန် ဖိတ်‌ခေါ်ခဲ့ ခြင်းထက် မြန်မာပြည်ကို ဒီမိုက‌ရေစီစနစ်သို့ အသွင်ကူး‌ပြောင်းလိုပါက တိုင်းပြည်တည်‌ဆောက်‌ရေးတွင် အဓိက အခန်း ကဏ္ဍတွင် ပါဝင်သင့်သည့် ပြုပြင်‌ပြောင်းလဲမှုများကို လုပ်‌ဆောင်သင့်သည်။ လက်‌တွေ့တွင် လုပ်‌ဆောင်‌နေသည့် ‌ပြောင်းလဲ မှုများမှာ ထိ‌ရောက်မှုမရှိသလို အာဆီယံဥက္ကဌ‌နေရာကို ‌မျှော်မှန်းကာ ‌ကောင်းပြ‌နေသည့် ‌ပြောင်းလဲမှုများအဖြစ် ‌ဝေဖန်မှုများ လည်း ရှိ‌နေကြသည်။

မြန်မာပြည်တစ်လွှားရှိ အကျဉ်း‌ထောင်များမှ နိုင်ငံ‌ရေးအကျဉ်းသားများမှာ တိုင်းပြည်တည်‌ဆောက်‌ရေးတွင် အဓိကကျသူများ ဖြစ်၍ ၎င်းတို့ကို တစုတစည်းတည်း လွှတ်‌ပေးသင့်သည်။ အလားတူ ပြည်နယ်‌ဒေသများတွင် နှစ်ရှည်ဖြစ်ပွား‌နေသည့် ပြည်တွင်းစစ်ရပ်တန့်‌ရေးအတွက် ညီညွှတ်‌သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်‌ကောင်စီ(NUFC)နှင့် ‌တွေ့ဆုံ‌ဆွေး‌နွေး ကာ အပစ်အခတ် ရပ်စဲ‌ရေးကို တိုင်းသိပြည်သိ ကမာ္ဘသိထုတ်‌ဖော်‌ကြေညာမှသာလျှင် တည်ငြိမ်‌အေးချမ်းလှပသည့် ‌ရောင်နီ သန်းလာ‌ပေမည် ဖြစ်သည်။