Home သတင်း အစိုးရသစ်နှင့်‌တွေ့ဆုံ‌ဆွေး‌နွေးရန်‌ကေအဲန်ယူပြင်ဆင်

အစိုးရသစ်နှင့်‌တွေ့ဆုံ‌ဆွေး‌နွေးရန်‌ကေအဲန်ယူပြင်ဆင်

1444
နိုဝင်ဘာလ ၁၄ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

မြန်မာအစိုးရသစ်၏ ဗဟိုအဆင့် ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေး‌ရေးကမ်းလှမ်းမှုကို လက်ခံ‌သောအားဖြင့် ကြိုတင်ပြင်ဆင်မှုများ လုပ်‌ဆောင်‌နေသည်ဟု ကရင်အမျိုးသားအစည်းအရုံး-‌ကေအဲန်ယူက ယ‌နေ့ ‌ပြောကြားလိုက်သည်။

နှစ်ဦးနှစ်ဘက် ‌တွေ့ဆုံ‌ဆွေး‌နွေးမည့် ရက်အတိအကျ သတ်မှတ်ထားခြင်းမရှိ‌သေး‌သော်လည်း ‌ကေအဲန်ယူဘက်က အစိုးရနှင့် ‌တွေ့ဆုံ‌ဆွေး‌နွေးရန် အဖွဲ့ဝင်‌ခေါင်း‌ဆောင် ၇ဦးပါဝင်သည့် ငြိမ်းချမ်း‌ရေး ‌ဖော်‌ဆောင်‌ရေး‌ကော်မတီကို ပြီးခဲ့သည့်အပတ်က ဖွဲ့စည်းခဲ့ပြီး ဖြစ်သည်။

အဆိုပါ ငြိမ်းချမ်း‌ရေး‌ကော်မတီတွင် ပါဝင်သည့် ‌ကေအဲန်ယူ အ‌ထွေ‌ထွေအတွင်း‌ရေးမှူးချုပ် ‌နော်စီဖိုးရာစိန်က “ကျမတို့ ‌ကော်မ တီ ဖွဲ့ထားတာက အစိုးရနဲ့ သွား‌တွေ့ဖို့‌တော့ မဟုတ်ဘူး။ ကြိုတင်ပြင်ဆင်မှုအ‌နေနဲ့ပါ။ အစိုးရသစ်ဖြစ်ဖြစ်၊ စစ်အစိုးရပဲဖြစ်ဖြစ် နိုင်ငံ‌ရေး ပဋိပက္ခကို နိုင်ငံ‌ရေးအရ ‌တွေ့ဆုံအ‌ဖြေရှာဖို့ဆိုရင် ‌ကေအဲန်ယူက‌တော့ ပြင်ဆင်မှုလုပ်ထားတယ်။ တံခါးဖွင့်ထား တယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‌ခေတ်အဆက်ဆက် မြန်မာနိုင်ငံ၏ နိုင်ငံ‌ရေး ပဋိပက္ခနှင့် ပတ်သက်၍ ‌ဖြေရှင်းရာတွင် အာဏာရ အစိုးရနှင့် ‌တွေ့ဆုံစကား‌ပြော ရန် ‌ကေအဲန်ယူ ကွန်ဂရက်၏ ဆုံးဖြတ်ချက်အရ မူဝါဒများ ချမှတ်ထားရှိပြီးသားဖြစ်သည်ဟု သူမက ဆက်လက် ‌ပြောဆိုသည်။

ထို့အပြင် ‌ကေအဲန်ယူသည် ညီညွှတ်‌သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်‌ကောင်စီ-UNFC ၏ အဖွဲ့ဝင်လည်း ဖြစ်သည့်အ တွက် အစိုးရနှင့် ‌တွေ့ဆုံပါက တနိုင်ငံလုံးအတိုင်းအတာဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အပစ်ခတ်ရပ်စဲ‌ရေးဖြစ်ရန် အ‌ရေးကြီးသကဲ့သို့ နိုင်ငံ‌ရေး ပဋိပက္ခကို နိုင်ငံ‌ရေးနည်းဖြင့် အ‌ဖြေရှာကြရန် ‌ဆွေး‌နွေးမည်ဟု ‌ကေအဲန်ယူဘက်က ‌ပြောသည်။

လက်တ‌လော အ‌ခြေအ‌နေအရ မြန်မာအစိုးရသစ်သည် ‌တွေ့ဆုံ‌ဆွေး‌နွေး‌ရေး ဖြစ်‌မြောက်‌ရေးအတွက် ‌ကေအဲန်ယူအား ပုံမှန် အဆက်အသွယ် လုပ်‌နေသည်ဟု သိရသည်။

တဆက်တည်းပင် မြန်မာအစိုးရသစ်သည် တိုးတက်‌သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ‌တော်-ဒီ‌ကေဘီ‌အေနှင့် နှစ်ကြိမ် ‌တွေ့ဆုံ‌ဆွေး‌နွေးမှုပြုလုပ်ကာ ယခုလ နိုဝင်ဘာလ ၃ရက်‌နေ့က ယာယီ ပစ်ခတ်ရပ်စဲ‌ရေး အပါအဝင် အချက် ၅ချက်ပါသည့် နှစ်ဘက် သ‌ဘောတူညီချက်တစ်ခုကို လက်မှတ်‌ရေးထိုးခဲ့ကြသည်။

ထိုသ‌ဘောတူညီချက်နှင့် ပတ်သက်၍ ‌နော်စီဖိုးရာစိန်က “တကယ်ဆိုရင် ဒီ‌ကေဘီ‌အေဟာ ‌ကေအဲန်ယူနဲ့ ပြန်လာပူး‌ပေါင်းတာ နားလည်မှု ရ‌နေပြီ။ ဒီလိုအ‌ခြေအ‌နေမှာ သူတို့(အစိုးရ)က ခွဲပြီး ‌တွေ့ဆုံ‌ဆွေး‌နွေးမှုလုပ်တာမျိုး‌တော့ မဖြစ်သင့်ဘူး။ ဒါ ကရင်အ ချင်းချင်း ‌သွေးခွဲတာဖြစ်တယ်။ နိုင်ငံ‌ရေးဖြစ်‌စေ၊ ငြိမ်းချမ်း‌ရေးအတွက်ဖြစ် စကား‌ပြောမယ်ဆိုရင် ကရင်တမျိုးသားအတွက် ဖြစ်ဖို့ လိုတယ်။”ဟု ‌နော်စီဖိုးရာစိန်က ဖြည့်စွက်‌ပြောဆိုသည်။

‌ကေအဲန်ယူသည် အစိုးရသစ်နှင့် ‌တွေ့ဆုံရန် ကြိုတင်ပြင်ဆင်သည့်အ‌နေဖြင့် ယခုလ နိုဝင်ဘာလ ၈ရက်‌နေ့မှ ၁၁ရက်‌နေ့အထိ အ‌ရေး‌ပေါ် အစည်းအ‌ဝေးပြုလုပ်ခဲ့ပြီး ငြိမ်းချမ်း‌ဖော်‌ဆောင်‌ရေး‌ကော်မတီ ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ‌ကော်မတီတွင် ဥက္ကဌအဖြစ် KNU ဒုဥက္ကဌ ပဒို‌စော‌ဒေးဗစ်သက‌ဘော၊ ဒုဥက္ကဌအဖြစ် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူး ‌စေးဖိုး၊ အတွင်း‌ရေးမှူးအဖြစ် ပဒို‌စော‌ဒေးဗစ်‌ထောတို့ဖြစ်ကြပြီး အဖွဲ့ဝင်များအဖြစ် အ‌ထွေ‌ထွေ အတွင်း‌ရေးမှူးချုပ် ‌နော်စီဖိုးရာ စိန်၊ ကျန်းမာ‌ရေးတာဝန်ခံ ဗိုလ်မှူး‌ရောဂျာခင်၊ သစ်‌တောတာဝန်ခံ ပဒို‌စောအားတိုးနှင့် ဖားအံခရိုင် ဥက္ကဌ ပဒို‌စော‌အောင်‌မော် ‌အေးတို့ ဖြစ်သည်။