Home သတင်း လူငယ်အများစု စိတ်ကြွ‌ဆေး‌ကြောင့် စာရိတ္တပျက်စီး

လူငယ်အများစု စိတ်ကြွ‌ဆေး‌ကြောင့် စာရိတ္တပျက်စီး

1690
နိုဝင်ဘာလ ၁၄ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်တံခွန်တိုင် တိုက်နယ်ရှိ လူငယ်လူရွယ် အများစုသည် ယာဘ (‌ခေါ်) စိတ်ကြွ ‌ဆေးများကို ပိုမို သုံးစွဲမှု‌ကြောင့် အကျင့်စာရိတ္တများ ပျက်စီးလျှက်ရှိသည်ဟု ‌ဒေသခံရွာသားများ၏ ‌ပြောပြချက်အရ သိရသည်။

ခလယ်တံခွန်တိုင်တိုက်နယ်ရှိ ‌တောင်ဒီး၊ ထွီး‌မောင်ထို၊ ဖားပြ စသည့်‌ကျေးရွာများရှိ လူငယ်အများစုနှင့် လူလတ်ပိုင်းများမှာ စိတ် ကြွ‌ဆေးပြားကို အလွန်အကျွံ သုံးစွဲခဲ့မှု‌ကြောင့် အကျင့်စာရိတ္တများ ပျက်စီးယိုယွင်းလာခဲ့ပြီး ခိုးဆိုး၊ ခိုက်ရန်ဖြစ်ပွားမှုများ မကြာခဏ ဖြစ်ပွားလျှက်ရှိသည်ဟု ခလယ်တံခွန်တိုင် ရွာသားတစ်ဦးက ‌ပြောသည်။

၎င်းက “၁၃-၁၄နှစ်အရွယ်က‌လေး‌တွေက‌နေ လူကြီးအထိ သုံးတယ်။ အထူးသဖြင့် ခလယ်တံခွန်တိုင်ဘက်မှာ‌ပေါ့‌နော်။ ‌ဆေးသုံးစွဲ ဖို့ ပိုက်ဆံမရှိရင် မိဘဆီကို ပြန်‌တောင်းတယ်။ ‌တောင်းလို့ မရရင် ခိုးတယ်။ ရန်ပွဲ‌တွေလည်း ခဏခဏပဲ”ဟု ‌ပြောသည်။

ခလယ်တံခွန်တိုင် တိုက်နယ်တွင် လူငယ်လူရွယ်ဦး‌ရေ ၁‌သောင်း‌ကျော်ရှိသည့်အနက် ထက်ဝက်‌ကျော်မှာ စိတ်ကြွ‌ဆေးပြား သုံးစွဲ ‌နေကြသူများဖြစ်သည်ဟု အမည်မ‌ဖော်လိုသည့် အဆိုပါရွာသားက ဆက်‌ပြောသည်။

စိတ်ကြွ‌ဆေး သုံးစွဲ‌နေသူတစ်ဦးက “ဒီ‌ကောင်(‌ဆေး)သုံးရင် စိတ်က အမြဲတမ်း ရွှင်လန်း‌ပေါ့ပါးတက်ကြွတယ်။ ထိုင်းမှိုင်းမှုလည်း မရှိဘူး။ အလုပ်လုပ်ရင် ခံနိုင်ရည်ရှိတယ်။ ထမင်းစားမမြိန်၊ အိပ်မ‌ပျော်တာကလွဲရင်‌ပေါ့”ဟု ‌ပြောသည်။

ထို‌ဒေသတွင် ‌နေ့စား အလုပ်သမားတစ်ဦး၏ ဝင်‌ငွေမှာ တရက်လျှင် အများဆုံး ၃,၀၀ဝကျပ်သာရှိပြီး စိတ်ကြွ‌ဆေးတစ်ပြားလျှင် မြန်မာ‌ငွေကျပ် ၂,၅၀ဝမှ ၃,၀၀ဝအထိ ‌ဈေးနှုန်းရှိ‌နေသည့်အတွက် မိသားစု စားဝတ်‌နေ‌ရေး အကြပ်အတည်းများနှင့် ရင်ဆိုင်‌နေရ သည်။

အသက် ၂၄နှစ်အရွယ် စိတ်ကြွ‌ဆေး သုံးစွဲ‌နေသူ၏ ဇနီးသည်တစ်ဦးက “အိမ်မှာဖွင့်ထားတဲ့ ‌ဈေးဆိုင်က ‌ရောင်းလို့ရတဲ့ပိုက်ဆံ‌တွေ ဟာ မိသားစုအတွက်‌တောင်မှ အနိုင်နိုင်ပဲ။ ‌ယောက်ျားက မြင်း‌ဆေး‌သောက်ဖို့အတွက် ပိုက်ဆံသုံးယူ‌နေ‌တော့ မိဘအ‌မွေ‌တွေ လည်း ကုန်ခါနီးဖြစ်‌နေပြီ။ ကျမ စိတ်‌သောက အ‌တော်‌ရောက်တယ်။ ဖြစ်နိုင်ရင် ဒီ‌ဆေးကို ဆက်မသုံး‌စေချင်ဘူး။”ဟု ‌ပြောသည်။

ယင်းသို့ ခလယ်တံခွန်တိုင် တိုက်နယ်ရှိ လူငယ်လူရွယ်များ စိတ်ကြွ‌ဆေး သုံးစွဲမှုများ‌နေ‌သော်လည်း သက်ဆိုင်ရာ အာဏာပိုင်များ က တစုံတရာ ဝင်‌ရောက်‌ဖြေရှင်း‌ပေးခြင်း မရှိသလို ကရင်အမျိုးသားအစည်းအရုံး(KNU)ဘက်ကလည်း ထိ‌ရောက်သည့် ပိတ်ပင် တားဆီးမှုများ မလုပ်‌ဆောင်နိုင်‌ကြောင်း အထက်ပါ ခလယ်တံခွန်တိုင်ရွာသားများက ‌ပြောဆို‌နေကြသည်။

၎င်းက “ဒီ‌ဆေးသုံးရင် ဖမ်းဆီးမယ်လို့ ‌ကေအဲန်ယူက ‌ပြောတယ်။ ဒါ‌ပေမယ့် ခလယ်တံခွန်တိုင်ဘက်မှာ အစိုးရစစ်တပ်၊ နယ်ခြား ‌စောင့်တပ်တပ်ဖွဲ့‌တွေပဲ ရှိတယ်။ ‌ကေအဲန်ယူ‌တွေ ဝင်လို့မရပါဘူး။ အစိုးရဘက်က မသိသလို ‌နေ‌နေတဲ့အခါကျ‌တော့ အ‌ခြေအ‌နေ က တရက်ထက်တရက် ပိုဆိုးလာတယ်”ဟု ‌ပြောသည်။

ဖားပြဂွင်ရှိ ‌ကေအဲန်ယူ သစ်‌တောဌာန တာဝန်ရှိတစ်ဦးက “အခု သုံးတဲ့လူ‌တွေက ခိုး‌ကြောင်ခိုးဝှက် သုံးတဲ့လူ‌တွေပဲ။ သုံးတာ‌တွေ့ လို့က‌တော့ အကုန်လုံး ဖမ်းမှာပဲ။ မြင်း‌ဆေးနဲ့ပတ်သက်လာရင် ငြိမ်းအဖွဲ့လား၊ ဘာအဖွဲ့လား အကုန်လုံးဖမ်းတာပဲ”ဟု ‌ပြောသည်။

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးနှင့် ‌ကော့ကရိတ်မြို့နယ်များတွင် လွန်ခဲ့သည့် ၂၀၀ဝခုနှစ်ကတည်းက စိတ်ကြွ‌ဆေးပြားကို လူငယ်များ စတင် သုံးစွဲလာခဲ့ကြပြီး ယခုအချိန်တွင် သုံးစွဲမှု အ‌ခြေအ‌နေမှာ ပိုဆိုးလာခြင်းဖြစ်သည်။ အလားတူ လှိုင်းဘွဲနှင့် ဘား အံမြို့နယ်ဘက်တွင်လည်း လူငယ်အများစုမှာ စိတ်ကြွ‌ဆေး သုံးစွဲလျှက်ရှိသည်။