Home သတင်း ရိက္ခာပို့ရာလမ်းတွင်‌မော်တာဖြင့် ပစ်ခတ်မှု‌ကြောင့် ‌ဒေသခံများ ထိတ်လန့်

ရိက္ခာပို့ရာလမ်းတွင်‌မော်တာဖြင့် ပစ်ခတ်မှု‌ကြောင့် ‌ဒေသခံများ ထိတ်လန့်

1593
နိုဝင်ဘာလ ၁၆ရက်။ နန်းသူး‌လေ (‌ကေအိုင်စီ)

ပဲခူးတိုင်း-‌ကျောက်ကြီးမြို့နယ်မှ ၎င်းတို့‌ရှေ့တန်းတပ်စခန်းချရာ ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်နှင့် ထိုင်း-မြန်မာနယ်စပ်သို့ ရိက္ခာ ပို့‌ဆောင်‌ပေး‌နေသည့် မြန်မာအစိုးရ စစ်တပ်များသည် ၎င်းတို့ရိက္ခာပို့‌ဆောင်ရာ လမ်းတ‌လျှောက်ရှိ မသကင်္ာဖွယ်ရာ ‌နေရာများ ကို ‌မော်တာဖြင့် ပစ်ခတ်‌သော‌ကြောင့် ‌ဒေသခံများ ထိတ်လန့်‌နေကြသည်ဟု သိရသည်။

၎င်း‌မော်တာလက်နက်ကြီးများကို မြန်မာအစိုးရတပ် တပ်မ(၁၀၁) လက်‌အောက်ခံတပ်ရင်း(၆)ရင်းတို့က အလျဉ်းသင့်သလို ပစ် ခတ်ခဲ့ခြင်းဖြစ်‌သော်လည်း ယခင်နှစ်ထက် ပိုမိုဆိုးရွား‌ကြောင်း ဖာပွန်မြို့နယ်ရှိ ရာပလိုဒဲ ရွာခံတဦးက ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “ကားလမ်းတ‌လျှောက်လုံး စစ်တပ်ချထားတာ။ သူတို့(အစိုးရတပ်) မသကင်္ာတဲ့ ကားလမ်းနံ‌ဘေးနဲ့ မနီးမ‌ဝေး ‌တောင် ယာမှန်သမျှ လက်နက်ကြီးနဲ့ လှမ်းထုတာပဲ။ ‌တောင်ယာလုပ်တဲ့သူ‌တွေလဲ ‌ကြောက်ကြလို့ တချို့ဆို‌တောင်ယာ‌တွေကို မရိတ် သိမ်းနိုင်‌တော့ဘူး။ လက်နက်ကြီး‌တွေ သူတို့ရွာ‌တွေကို လာထိမှာစိုးလို့ မသွားရဲမလာရဲ ဖြစ်‌နေကြတယ်။”ဟု ‌ပြောသည်။

ပြီးခဲ့သည့် ‌အောက်တိုဘာလဆန်းပိုင်းမှ စတင်ပြီး အစိုးရစစ်တပ် ‌ခြေလျင်တပ်ရင်း ခလရ(၂၃၅)၊ (၂၅၄)၊ (၂၅၈)၊ (၂၅၅)၊ (၂၅၉)နှင့် ‌ခြေမြန်တပ်ရင်း ခမရ(၄၃၉)တို့က ၎င်းတို့စခန်းချရာ ‌နေရာများသို့ ဆန်၊ ဆား၊ ပဲ၊ နို့ဆီ စသည့်ရိက္ခာများကို ကား၊ မြင်းများဖြင့် တာဝန်ယူ ပို့‌ဆောင်ခဲ့ခြင်းဖြစ်သည်။

အစိုးရ ရိက္ခာပို့‌ဆောင်‌နေသည့် တပ်စခန်းများမှာ ‌ကျောက်ကြီးမြို့နယ်ရှိ ဘင်းပြာ၊ ကာတယ်၊ ‌ဆောမီလူ၊ ခိုဖလ‌လေးခို၊ မူသယ် စခန်းများနှင့် ဖာပွန်မြို့နယ်ရှိ ကစယ်တကွီး၊ ‌ပေါ်‌ခေးခို၊ ဖလာ့ခို၊ ကူခွါးခို၊ ‌ကော်‌သွေးစိုး၊ ‌မော်ဖူး၊ လယ်က‌လေးစိုး၊ ‌ဆောထာ့ စသည့်စခန်းဖြစ်သည်ဟု သိရသည်။

အစိုးရတပ်သည် တပ်ရိက္ခာများ ပို့‌ဆောင်သည့်ကာလအတွင်း လက်နက်ကြီးများ ပစ်ခတ်မှု ပြုလုပ်လာသည့်‌နေ့မှစ၍ ဖာပွန် မြို့နယ်ရှိ စာသင်‌ကျောင်းအချို့ကိုလည်း ဖွင့်လိုက်ပိတ်လိုက်လုပ်‌နေကြရပြီး က‌လေးငယ်များမှာ ‌ကောင်းမွန်စွာ စာသင်ကြား နိုင်ခြင်း မရှိ‌ကြောင်း ဖာပွန်‌ဒေသတွင် လှုပ်ရှား‌နေသည့် ကရင်‌ကျောင်းဆရာလုပ်သားများအဖွဲ့-Karen Teacher Working Group(KTWG) က ‌ပြောသည်။

KTWG မှ ‌စောအယ်ဒိုဝါးက “အခု ရိက္ခာသယ်တာလည်း မပြီး‌သေးဘူး။ ဘယ်‌တော့ပြီးမလဲ အတိအကျ မသိနိုင်‌သေးဘူး။ ‌လော‌လောဆယ် သူတို့ ရိက္ခာပို့တဲ့ ကားလမ်း‌ဘေးက ရွာက စာသင်‌ကျောင်း‌တွေ ဖွင့်လိုက် ပိတ်လိုက် လုပ်‌နေရတယ်။ ဘယ် နှစ်‌ကျောင်းလဲဆိုတာ‌တော့ ကျ‌နော်တို့ စုံစမ်း‌နေဆဲပဲ။”ဟု ‌ပြောဆိုသည်။

‌ကျောက်ကြီးမြို့နယ်မှ ကျွဲခြံ၊ ‌ချောမီလူ၊ ‌အောင်စိုး မိုး၊ မူသယ်(ရွာပျက်)၊ ဖွာ့‌ဝေါ်(ရွာပျက်)နှင့် ဖာပွန်မြို့နယ်မှ ယူဝါးဒဲ၊ ဖယ် လယ်ဒဲ၊ သူးဘီးဒဲ၊ သာသွီးဒဲ၊ ‌ဝေ‌နော်ဒဲ၊ ဟီဖိုးဒဲ၊ တာအိုဒဲ၊ ပ‌တေဒဲ၊ ပဒဲဒဲ၊ ‌တေးမူဒဲ၊ ‌ကော်ဝဲဒဲ၊ ‌ဘောလိုဒဲ၊ ကူ‌ဒေး၊ သဒါးဒဲ၊ တ‌ခေါ့ တို‌ဘော၊ ဝါ‌လော်မူဒဲ၊ လာအဲဒဲ၊ ယာပလိုဒဲ၊ ‌ပေါမူဒဲ၊ သက်ထီး စသည့်ရွာများမှာ အစိုးရတပ် ရိက္ခာပို့ရာ ကားလမ်း‌ဘေးတစ် ‌လျှောက်ရှိ ‌ကျေးရွာများ ဖြစ်သည်။