Home သတင်း မြန်မာကို အာဆီယံ ဥက္ကဋ္ဌ တာဝန်‌ပေးမှု ‌စော‌သေး‌ကြောင်း တိုင်းရင်းသားအဖွဲ့ ‌ပြောဆို

မြန်မာကို အာဆီယံ ဥက္ကဋ္ဌ တာဝန်‌ပေးမှု ‌စော‌သေး‌ကြောင်း တိုင်းရင်းသားအဖွဲ့ ‌ပြောဆို

1251

နိုဝင်ဘာလ ၁၈ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

မြန်မာနိုင်ငံကို လာမည့် ၂၀၁၄ခုနှစ် အာဆီယံအဖွဲ့၏ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်‌ပေးရန် အာဆီယံ ‌ခေါင်း‌ဆောင်များက သ‌ဘော တူလိုက်ခြင်းသည် အချိန်‌စော‌သေး‌ကြောင်း လက်နက်ကိုင် တိုင်းရင်းသားတပ်ဖွဲ့များက ‌ပြောသည်။

ယမန်‌နေ့က အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် ကျင်းပပြုလုပ်ခဲ့သည့် ၁၉ကြိမ်‌မြောက် အာဆီယံ ထိပ်သီးအစည်းအ‌ဝေးတွင် အာဆီယံ နိုင်ငံခြား‌ရေးဝန်ကြီးများက သ‌ဘောတူခဲ့ကြ‌သော‌ကြောင့် ယခုလို အတည်ပြုလိုက်ခြင်းဖြစ်သည်ဟု လက်ရှိ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူထားသည့် အင်ဒိုနီးရှားနိုင်ငံခြား‌ရေးဝန်ကြီးက ‌ပြောသည်။

အင်ဒိုနီးရှား နိုင်ငံခြား‌ရေးဝန်ကြီး မစ္စတာ နာတာလီဂါဝါက မြန်မာနိုင်ငံတွင် သိသာသည့် အ‌ပြောင်းအလဲများ ရှိ‌သော‌ကြောင့် ယခု အလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို မြန်မာအစိုးရအ‌နေဖြင့် တာဝန်ယူနိုင်ရန် အ‌ခြေခံ‌ကောင်းများ ဖြစ်လာပြီဆိုသည်အ‌ပေါ် အာဆီယံ ‌ခေါင်း‌ဆောင်အားလုံးက လက်ခံ သ‌ဘောတူကြခြင်းဖြစ်‌ကြောင်း ‌ပြောသည်။

သို့‌သော် မွန်ပြည်သစ်ပါတီ၏ နိုင်ငံခြားဆက်ဆံ‌ရေးတာဝန်ခံ နိုင်ဟံသာဗွန်ခိုင်က “အချိန်နည်းနည်း ‌စောင့်ကြည့်ဖို့လိုတာ‌ပေါ့‌နော်။ နိုင်ငံ‌ရေးအကျဉ်းသား‌တွေ ဘယ်‌လောက် ထပ်လွှတ်မလဲ။ ‌နောက်ပြီး တိုင်းရင်းသား‌တွေကိစ္စ အခု ငြိမ်းချမ်း‌ရေးစကား ‌ပြောတာက ‌တော့ မှန်ပါတယ်။ ဒါ‌ပေမယ့် အ‌ကောင်ထည်‌ဖော်မ‌ဖော်‌စောင့်ကြည့် ဖို့လိုပါတယ်။ သူတို့(အာဆီယံ)က‌တော့ ‌ပြောင်းလဲမှုရှိတယ်လို့ သတ်မှတ်တယ်။ ဒါ‌ပေမယ့် အဖြစ်မှန် ဘယ်‌လောက်ထိ တိုးတက်သလဲ။ အချိန်ယူဖို့လို‌သေးတယ်လို့ မြင်တယ်။”ဟု ‌ပြောသည်။

အာဆီယံနိုင်ငံများက မြန်မာနိုင်ငံတွင် သိသာထင်ရှားသည့် ‌ပြောင်းလဲမှုရှိသည်ဟု ‌ပြောဆိုခြင်းသည် မီဒီယာလွတ်လပ်ခွင့် အနည်း အကျဉ်းနှင့် ‌ဒေါ်‌အောင်ဆန်းစုကြည်လှုပ်ရှားခွင့် အနည်းငယ် ရရှိခြင်းကလွဲပြီး တိုင်းရင်းသားတပ်ဖွဲ့များ ‌တောင်းဆိုထားသည့် တစ်ပြည်လုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲမှသာ ‌ပြောင်းလဲမှုရှိသည်ဟု ဆိုနိုင်‌ကြောင်း သူက ဖြည့်စွက်‌ပြောဆိုသည်။

ကရင်နီအမျိုးသားတိုးတက်‌ရေးပါတီ၏ အတွင်း‌ရေးမှူး ခူဦးရယ်က “ဒီက‌နေ့ ဗမာပြည်မှာ တကယ်ပဲ ‌ပြောင်းလဲမှုရှိတယ်လို့ သုံးသပ် ‌နေကြတယ်။ တကယ့် ပကတိ အ‌ခြေအ‌နေ ကြည့်မယ်ဆိုရင် ဒါ အ‌ပြောင်းအလဲ‌တော့ မဟုတ်ပါဘူး။ တိုင်းရင်းသားနယ်‌မြေ‌တွေမှာ ‌ကြောက်ရွံ့မှု‌အောက်မှာပဲ ‌နေထိုင်ရမြဲ ‌နေထိုင်ရတယ်။ ခုအချိန်မှာ ဥက္ကဌရာထူး ကိစ္စက‌တော့ မဆုံးဖြတ်သင့်‌သေးဘူးလို့ ထင်တယ်။ သူတို့ ဒီလိုဆုံးဖြတ်လိုက်လို့ အစိုးရက လုပ်ချင်တာ လုပ်‌စေတယ်လို့ ကျ‌နော်က မြင်တယ်။”ဟု ‌ပြောသည်။

SSA-ရှမ်းပြည်တပ်မ‌တော် (‌မြောက်ပိုင်း) ‌ပြောခွင့်ရ ဗိုလ်မှူးစိုင်းလက “အခု ဆုံးဖြတ်ချက်က ‌ဒေါ်‌အောင်ဆန်းစုကြည်ကို ‌တွေ့ဆုံ တာရယ်။ ‌နောက် နိုင်ငံ‌ရေးအကျဉ်းသား တချို့တဝက် လွှတ်‌ပေးတာ‌လောက်ပဲ သူတို့ မြင်တယ်။ တကယ်ဆို တိုင်းရင်းသား‌ဒေသ ‌တွေမှာ ဖြစ်ပျက်‌နေတဲ့ ကိစ္စကို သူတို့ မမြင်ဘူး‌လေ။ တိုင်းရင်းသား‌ဒေသ‌တွေ ဖြစ်ပျက်‌နေတဲ့ဟာကို ခုထက်ထိ တိုးတက်မှုဘာမှ မရှိ‌သေးဘူးဆို‌တော သူတို့ မမြင်တဲ့သ‌ဘောပဲ။”ဟု ‌ပြောသည်။

မြန်မာအစိုးရ အာဆီယံဥက္ကဋ္ဌ တာဝန်ရသည်ဖြစ်‌စေ၊ မရသည်ဖြစ်‌စေ ၎င်းတို့ တိုင်းရင်းသားများအ‌နေဖြင့် ရသင့်ရထိုင်သည့် အခွင့် အ‌ရေးများမရ‌သေးသ၍ ဆက်လက်ပြီး တိုက်ပွဲဝင် လုပ်‌ဆောင်သွားရမည်ဖြစ်‌ကြောင်း ဗိုလ်မှူးစိုင်းလက ‌ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ) ဒုဥက္ကဋ္ဌ ‌စော‌ဒေးဗစ်သက‌ဘောကလည်း “‌ခေါင်းအရှုတ်မခံ‌တော့ဘူး။ ‌ပေးရင်လည်း ‌ပေး‌ပေါ့။ ဒါ အများဆုံးဖြတ်ချက်ကိုး။ ဦးသိန်းစိန်အစိုးရရဲ့ ‌နောက်ကွယ်မှာ စစ်တပ်က ကြိုးကိုင်တယ်။ ရမ်းလုပ်လို့က‌တော့ ၂၀၁၄ မတိုင်ခင်မှာ ပြုတ်သွားနိုင်တယ်။ အခုချိန်မှာ ဗမာပြည်အတွင်း‌ရေးက‌တော့ မ‌အေး‌သေးတာ အ‌သေအချာပဲ။”ဟု ‌ပြောသည်။

အ‌မေရိကန် အစိုးရကမူ မြန်မာနိုင်ငံတွင် ပြုပြင်‌ပြောင်းလဲမှုနှင့် နိုင်ငံ‌ရေးအကျဉ်းသားအချို့ကို လွှတ်‌ပေးမှုများရှိ‌သော်လည်း လုံ ‌လောက်သည့် ‌ပြောင်းလဲမှု မရှိ‌သေးဘဲ လူ့အခွင့်အ‌ရေး ချိုး‌ဖောက်မှုများလည်း ဆက်လက် ရှိ‌နေဆဲဖြစ်‌သော‌ကြောင့် အလှည့်ကျ ဥက္ကဋ္ဌ တာဝန်‌ပေးမှုကို ကန့်ကွက်ခဲ့သည်။

ဘာလီကျွန်းတွင် နိုဝင်ဘာလ ၁၇ရက်မှ ၁၉ရက်‌နေ့အထိ ပြုလုပ်သွားမည့် အာဆီယံထိပ်သီးအစည်းအ‌ဝေးပွဲသို့ မြန်မာနှင့် နိုင်ငံတ ကာ သတင်း‌ထောက်‌ပေါင်း ၁,၈၀ဝခန့် တက်‌ရောက် သတင်းယူ‌နေကြသကဲ့သို့ လုံခြုံ‌ရေးလည်း အထူးတိုးမြှင့်ချထားလျှက်ရှိသည်။