Home သတင်း ပြန်လည်လွတ်‌မြောက်လာသူ ကရင်နှင့် ရခိုင်အကျဉ်းသား ၃ဦး ကလကတ္တားပြန်‌ရောက်မည်

ပြန်လည်လွတ်‌မြောက်လာသူ ကရင်နှင့် ရခိုင်အကျဉ်းသား ၃ဦး ကလကတ္တားပြန်‌ရောက်မည်

1736
နိုဝင်ဘာလ ၁၈ရက်။ ‌နော်ဆဲကလယ် (‌ကေအိုင်စီ)

အိန္ဒိယနိုင်ငံ၊ ပို့ဘလဲယားကျွန်း အကျဉ်း‌ထောင်တွင် ကျန်ရှိ‌နေ‌သော ကရင်ရဲ‌ဘော် ၁ဦးနှင့် ရခိုင်ရဲ‌ဘော် ၂ဦးတို့သည် ပြီးခဲ့ သည့် အဂင်္ါ‌နေ့က အမှုပြီးပြတ် သဖြင့်ပြန်လည်လွတ်‌မြောက်လာပြီး ၂၁ရက်‌နေ့တွင် ကာလကတ္တားသို့ ‌ရောက်ရှိမည်ဟု သိရ သည်။

“အရင် ၃၁ဦးလွတ်တုန်းက သူတို့ ၃ဦးက ရဲတပ်သားတစ်ဦးနဲ့ စကားများတဲ့အမှု မပြတ်‌သေးဘူး။ အစိုးရက လွှတ်‌ပေမယ့် ဒီမို က‌ရေစီနိုင်ငံ‌တွေရဲ့ သ‌ဘောအတိုင်း တရားရုံးက အမှုမပြတ်လို့ မလွှတ်‌ပေးခဲ့တာပါ။ အမှုကလည်း ‌သေး‌သေး‌လေးပါ။ ရဲထုံး နည်းနဲ့ညစ်ပြီး စွဲထားတာ‌လေ။”ဟု ထိုရဲ‌ဘော်များ လွတ်‌မြောက်ရန်အတွက် ကူညီ‌ဆောင်ရွက်‌ပေး‌နေသူတစ်ဦးက ‌ပြောသည်။

ယခု လွတ်‌မြောက်လာသူများမှာ ရခိုင်ရဲ‌ဘော် လူလူ၊ ‌ဟေးလီနှင့် ကရင်ရဲ‌ဘော် ‌မောင်နိုင်တို့ဖြစ်သည်။ ၎င်းတို့ ၃ဦးသည် ကလ ကတ္တားမှတဆင့် မြို့‌တော်နယူး‌ဒေလီသို့သွား‌ရောက်ကာ UNHCR အစီအစဉ်ဖြင့် ‌နေထိုင်ကြရမည် ဖြစ်သည်။

ရဲ‌ဘော် ၃၄ဦးထဲမှ ပထမအသုတ် လွတ်‌မြောက်လာသူ ၃၁ဦးမှာ ပြီးခဲ့သည့် ‌မေလ ၁၉ရက်‌နေ့က လွတ်‌မြောက်လာခဲ့ပြီး ယခုအ ခါ ဒုက္ခသည်များ‌နေထိုင်ရာ ‌ဒေလီမြို့တွင် အိမ်ငှားရမ်း၍ ‌နေထိုင်လျက်ရှိသည်။

ထိုအထဲမှ KNU ရဲ‌ဘော်တစ်ဦးက “ကျ‌နော်တို့က ကိုယ့်‌ဒေသကို ပြန်ချင်ကြတာပါ။ ဒါ‌ပေမဲ့ အ‌ခြေအ‌နေအရ ‌လော‌လောဆယ် မဖြစ်နိုင်‌သေး‌တော့ ဒီနိုင်ငံမှာပဲ ‌နေရ‌သေးတာ‌ပေါ့‌လေ။ ဒီမှာကလည်း ကျ‌နော်တို့အတွက် ဘယ်မှသွားလာလို့ မရပါဘူး။ လုံခြုံ မှုလည်း သိပ်မရှိပါဘူး။”ဟု ဆိုသည်။

အိန္ဒိယ‌ထောက်လှမ်း‌ရေးမှ အန်ဒမန်ကျွန်းစုရှိရာ လန်း‌ဖော့ကျွန်းတွင် စစ်အ‌ခြေစိုက်စခန်းတစ်ခု တည်‌ဆောက်ရန်အတွက် ကရင့်အမျိုးသားအစည်းအရုံး(KNU)နှင့် ရခိုင်ပြည်အမျိုးသားညီညွှတ်‌ရေးပါတီ(NUPA) အဖွဲ့ဝင်များကို‌ခေါ်ပြီး ‌ခေါင်း‌ဆောင်ဖြစ် သူ ၆ဦးကို လုပ်ကြံသတ်ဖြတ်ကာ ကျန်ရဲ‌ဘော်များကို အိန္ဒိယအစိုးရမှ ၁ဝနှစ်‌ကျော် ဖမ်းဆီးထားခဲ့ခြင်းဖြစ်သည်။