Home ထိပ်တန်းသတင်း တိုင်းရင်းသားအ‌ရေး ထိ‌ရောက်စွာ လုပ်နိုင်ရန် မွန်ပြည်သစ်ပါတီ NDF မှ နှုတ်ထွက်

တိုင်းရင်းသားအ‌ရေး ထိ‌ရောက်စွာ လုပ်နိုင်ရန် မွန်ပြည်သစ်ပါတီ NDF မှ နှုတ်ထွက်

1815
နိုဝင်ဘာလ ၂၁ရက်။ နန်းသူး‌လေ (‌ကေအိုင်စီ)

မွန်ပြည်သစ်ပါတီ(NMSP)အ‌နေဖြင့် တိုင်းရင်းသားအ‌ရေးနှင့် နိုင်ငံ‌ရေးများကို ထိ‌ရောက်စွာ လုပ်ကိုင်လို‌သော‌ကြောင့် အမျိုး သားဒီမိုက‌ရေစီတပ်‌ပေါင်းစု-မဒတ(NDF)အဖွဲ့မှ နိုဝင်ဘာလ ၁၆ရက်‌နေ့က နှုတ်ထွက်လိုက်ပြီးဖြစ်သည်ဟု သိရသည်။

နိုဝင်ဘာလ ၁၄ရက်မှ ၁၆ရက်‌နေ့အထိ ပြုလုပ်ခဲ့သည့် အဌမအကြိမ်‌မြောက် ညီလာခံအပြီးတွင် NMSP က ယင်းသို့ နှုတ်ထွက် လိုက်ခြင်း ဖြစ်သည်။

ဘဝတူ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြင့် ဖွဲ့စည်းထားသည့် NDF နှင့် UNFC တပ်‌ပေါင်းစုနှစ်စု၏ တာဝန်ကို အဖွဲ့အ စည်းတခုအ‌နေဖြင့် ထမ်း‌ဆောင်ရသည်မှာ နိုင်ငံ‌ရေးလုပ်‌ဆောင်ချက်များ ထိ‌ရောက်မှု အားနည်း‌နေသည့် အ‌နေအထား‌ကြောင့် ယခုလို နှုတ်ထွက်ရခြင်း ဖြစ်‌ကြောင်း မွန်ပြည်သစ်ပါတီမှ အ‌ထွေ‌ထွေ အတွင်း‌ရေးမှူး နိုင်ဟံသာက ‌ပြောသည်။

“ကျ‌နော်တို့အ‌နေနဲ့ NDF ကို အပြစ်မြင်လို့ နှုတ်ထွက်ရခြင်း မဟုတ်ပါဘူး။ အဖွဲ့အစည်းတခုအ‌နေနဲ့ တပ်‌ပေါင်းစုနှစ်စုကို လှည့် လုပ်‌နေမယ်ဆိုရင် ထိထိ‌ရောက်‌ရောက် သိပ်မလုပ်နိုင်ဘူး။ ‌နောက်ပြီး လူခွဲ‌ဝေမှုအပိုင်းမှာလည်း အရမ်းအားနည်း‌နေတယ်။ ဒါ ‌ကြောင့် နိုင်ငံ‌ရေးကို တ‌နေရာတည်းက‌နေ ပိုပြီးထိ‌ရောက်မှုရှိ‌အောင် လုပ်ချင်လို့ နှုတ်ထွက်လိုက်ခြင်း ဖြစ်တယ်”ဟု သူက ‌ပြော သည်။

သို့‌သော် NMSP အ‌နေဖြင့် ရာသက်ပန် နှုတ်ထွက်ခြင်းမျိုးမဟုတ်ဘဲ လိုအပ်ပါက ပြန်လည် ပူး‌ပေါင်းလုပ်‌ဆောင်သွားမည်ဖြစ် သည်ဟုလည်း နိုင်ဟံသာ ဆက်လက် ‌ပြောဆိုသည်။

NMSP ၏ ‌ရှေ့လုပ်ငန်းစဉ်အရ UNFC တွင် အဓိကလုပ်‌ဆောင်သွားပြီး တိုင်းရင်းသားအားလုံး စုစည်းမှုဖြင့် ရည်မှန်းချက်ပန်း တိုင်ကို ဆက်‌လျှောက်သွားမည့်အပြင် ဒီမိုက‌ရေစီအင်အားစုများနှင့် အမျိုးသမီးအင်အားစုများနှင့်လည်း ဆက်လက် ပူး‌ပေါင်း လုပ်ကိုင်သွားမည်ဟု ဆိုသည်။

တဆက်တည်းမှာပင် အမျိုးသားဒီမိုက‌ရေစီတပ်‌ပေါင်းစု (NDF)ကလည်း ၎င်းတို့၏ အဌမအကြိမ်‌မြောက် ညီလာခံနှင့် ပတ် သက်၍ နိုဝင်ဘာလ ၁၈ရက်‌နေ့က ‌ကြေညာချက်တစ်‌စောင် ထုတ်ပြန်ခဲ့ပြီး ‌ရှေ့လုပ်ငန်းစဉ်များအဖြစ် ၂၀၀၈ ဖွဲ့စည်းပုံ အ‌ခြေခံ ဥပ‌ဒေနှင့် ၂၀၁ဝ ‌ရွေး‌ကောက်ပွဲရလာဒ်ကို ဆက်လက် ဆန့်ကျင်တိုက်ဖျက်သွားရန်၊ စစ်မှန်၍ တရားမျှတ‌သော ငြိမ်းချမ်း‌ရေးကို ‌ဖော်‌ဆောင်နိုင်ရန်အတွက် တတိုင်းပြည်လုံး အပစ်ခတ်ရပ်စဲ‌ရေးမှတဆင့် အမျိုးသား ပြန်လည်သင့်မြတ်‌ရေးကို တည်‌ဆောက် သွားရန်တို့ကို ထည့်သွင်း‌ဖော်ပြထားသည်။

အဆိုပါညီလာခံတွင် မွန်ပြည်သစ်ပါတီ နှုတ်ထွက်လိုက်ခြင်းအ‌ပေါ် ဦးခွန်အိုးက “NDF အ‌နေနဲ့ကလည်း တိုင်းရင်းသားတပ် ‌ပေါင်းစုတစ်ခုဖြစ်တဲ့ UNFC ကို စစ်‌ရေး၊ နိုင်ငံ‌ရေးအရ တတ်နိုင်တဲ့ဘက်က‌နေပြီး အစွမ်းကုန် ကူညီသွားမယ်ဆိုတဲ့ မူဝါဒလည်း ချမှတ်ထားပါတယ်။ ဒီအ‌ပေါ် NMSP ကလည်း ဟိုဘက်မှာ ကြိုးစားလုပ်ကိုင်သွားဖို့ နှုတ်ထွက်ခွင့်‌တောင်းတာကို ကျ‌နော်တို့အ ‌နေနဲ့ကလည်း ‌ကျေ‌ကျေနပ်နပ်နဲ့ပဲ လက်ခံ‌ပေးလိုက်တာပါပဲ။”ဟု ဆိုသည်။

အမျိုးသားဒီမိုက‌ရေစီတပ်‌ပေါင်းစု(NDF)ကို ၁၉၇၆ခုနှစ်၊ ‌မေလ ၁ဝရက်‌နေ့တွင် KNU၊ NMSP၊ ALP၊ CNF၊ PPLO၊ LDU၊ PSLF၊ WNO စသည့် တိုင်းရင်းသားလက်နက်ကိုင် ၈ဖွဲ့ဖြင့် စတင် ဖွဲ့စည်းခဲ့ပြီး မွန်ပြည်သစ်ပါတီက ၁၉၈၂ခုနှစ်၊ ဇူလိုင်လတွင် ပါဝင် လာခဲ့ခြင်း ဖြစ်သည်။