Home သတင်း ရန်ကုန်တိုင်းတွင် ဓာတ်‌ငွေ့ ဂက်စ် ‌ဈေးနှုန်း ၂ဆနီးပါး ထပ်တက်လာ

ရန်ကုန်တိုင်းတွင် ဓာတ်‌ငွေ့ ဂက်စ် ‌ဈေးနှုန်း ၂ဆနီးပါး ထပ်တက်လာ

1994
နိုဝင်ဘာလ ၂၂ရက်။ ‌နော်ဆဲကလယ် (‌ကေအိုင်စီ)

ရန်ကုန်တိုင်းအတွင်းအငှားကားများနှင့်မီးဖို‌ချောင်တွင် အသုံးပြု‌နေသည့်ဓာတ်‌ငွေ့(Gas) ‌ဈေးမှာနိုဝင်ဘာလ လယ်မှစ၍နှစ်ဆနီးပါးခန့် မြင့်တက်သွားသဖြင့် ဓာတ်‌ငွေ့‌ရောင်းဝယ်သူများနှင့် အငှားကား‌မောင်းသူများ အခက်‌တွေ့လျက်ရှိသည်ဟု သိရသည်။

ဒဂုံမြို့သစ် ဓာတ်‌ငွေ့အ‌ရောင်းဆိုင်မှ ဆိုင်ရှင်တစ်ဦးက “‌ဈေးတက်တာက ၁၆ရက်‌နေ့ကပါ။ ဂက်စ်‌ဈေးက အရင်ကဆို ၅,၇၆၄ ကျပ်‌လေ။ အခု‌တော့ ၁၅,၀၀ဝကို တက်သွားတာ။ ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယင်းသို့ ဓာတ်‌ငွေ့ဂက်စ်‌ဈေးနှုန်း မြင့်တက်သည်ကို သတင်းစာ၊ ရုပ်မြင်သံကြားများတွင် အများသိ‌စေရန် ကြိုတင် အသိ‌ပေး ထားခြင်း မရှိဘဲ ‌ဈေးမတက်ခင် သုံးရက်အလိုတွင်သာ ဓာတ်‌ငွေ့အ‌ရောင်းဆိုင်ကြီးများ‌ရှေ့၌ ဆိုင်းပုဒ်ကပ်ထားခြင်းဖြစ်၍ ‌ဈေး တက်သည့်‌နေ့မှသာ လာ‌ရောက်ဝယ်ယူကြသူများအဖို့ အခက်အခဲဖြစ်ကြရသည်ဟုလည်း ၎င်းက ဆက်လက် ‌ပြောဆိုသည်။

“‌ဈေးမတက်ခင် သုံးရက်အလိုက‌တော့ ဆိုင်‌ရှေ့မှာ ဆိုင်းပုဒ်ကပ်ထားတာတယ်။ တချို့က ‌ဈေးတက်တာမသိလို့ ထုတ်တဲ့‌နေ့ မှာ လာဝယ်‌တော့မှ ‌ငွေကို ဟို‌ချေးဒီ‌ချေးနဲ့ ဒုက္ခ‌ရောက်ကြတယ်။ ဘာစာမှလည်း မထုတ်ဘူး။ ‌ဈေးတက်တာ‌မေးလည်း မသိဘူး ဘဲ ‌ပြောတယ်။”ဟု ဆိုသည်။

အစိုးရပိုင် ဓာတ်‌ငွေ့အ‌ရောင်းဆိုင်များတွင် ‌ဈေးနှုန်းနှစ်ဆ မြင့်တက်သွား‌သော်လည်း ပုဂ္ဂလိက ဓာတ်‌ငွေ့ဆိုင်များတွင်မူ ယ‌နေ့ အထိ ယခင် ‌ဈေးနှုန်းများအတိုင်းသာ ‌ရောင်းချ‌ပေး‌နေဆဲဖြစ်သည်ဟု သိရသည်။ ပုဂ္ဂလိကဆိုင်များတွင် ဓာတ်‌ငွေ့တစ်အိုးလျှင် ၂,၂၅ဝကျပ်နှုန်းဖြင့် ‌ပေးဝယ်‌နေရပြီး အပြင်‌ဈေးနှုန်းမှာ ၂,၄၀ဝကျပ် ဖြစ်သည်။

ရန်ကုန်မြို့ခံ အများစုက ဝယ်ယူအသုံးပြု‌နေကြသည့် ဓာတ်‌ငွေ့များမှ စကင်္ာပူနိုင်ငံမှ တင်သွင်းလာခြင်းဖြစ်ပြီး ထိုင်းနိုင်ငံမှ တင် သွင်းလာ‌သော ဓာတ်‌ငွေ့ဗူးများမှာမူ ‌ဈေးနှုန်းမြင့်တက်ခြင်း မရှိ‌ပေ။

ယခုလို ဓာတ်‌ငွေ့‌ဈေးနှုန်း နှစ်ဆတက်လာသည့်အ‌ပေါ် အလုံမြို့နယ်ရှိ အစိုးရပိုင်ဓာတ်‌ငွေ့အ‌ရောင်းဆိုင်သို့ ‌ကေအိုင်စီက ဆက်သွယ်‌မေးမြန်းရာ ဆိုင်မန်‌နေဂျာက ‌နေပြည်‌တော်မှ ‌ဈေးတက်ခိုင်းသဖြင့် တက်ရခြင်းဖြစ်‌ကြောင်း ပြန်လည် ‌ဖြေကြားခဲ့ သည်။

ဓာတ်‌ငွေ့ဂက်စ် အသုံးပြုသည့် ရန်ကုန်မြို့ခံတစ်ဦးက “အခုထိ‌တော့ အပြင်ဆိုင်‌တွေမှာ ‌ဈေးက အရင်အတိုင်းပဲ ဝယ်သုံး‌နေရ ‌သေးတယ်။ ‌နောက်ပိုင်း‌တော့ မသိဘူး။ ဓာတ်‌ငွေ့ထုတ်‌ဈေး တက်တယ်ကြားကတည်းက ဘယ်‌တော့ ‌ရောင်း‌ဈေးတက်မလဲ စိုးရိမ်‌နေရတာ‌လေ။ ကားခ‌တွေကလည်း ‌လော‌လောဆယ် ပုံမှန်ပါပဲ”ဟု ‌ပြောသည်။

ရန်ကုန်မြို့‌ပေါ်တွင် ၂၀၀ဝခုနှစ်မတိုင်ခင်ကတည်းက ဓာတ်‌ငွေ့များကို အနည်းငယ် အသုံးပြုခဲ့ကြ‌သော်လည်း ကားများတွင် ဓာတ်‌ငွေ့များ ထည့်သွင်း‌မောင်းနှင်မှု များလာသည့် ၂၀၀၄ခုနှစ်မှစ၍ အိမ်တိုင်းလိုလိုပင် ဓာတ်‌ငွေ့သုံးစွဲမှု များလာခြင်းဖြစ် သည်။

စွမ်းအင်ဝန်ကြီးဌာနက တိုက်ရိုက် ထုတ်ယူ‌ရောင်းချခွင့်‌ပေးထားသည့် အစိုးရပိုင် ဓာတ်‌ငွေ့(ဂက်စ်)အ‌ရောင်းဆိုင်များမှာ ရန်ကုန်တိုင်းအတွင်း အလုံ၊ ဒဂုံ၊ အင်းစိန်နှင့် သံလျင်မြို့နယ်များ၌ ရှိသည်။

သို့‌သော် ပြည်နယ်‌ဒေသရှိ မြို့နယ်များ၌မူ နီးစပ်ရာ အိမ်နီးချင်း ထိုင်းနိုင်ငံများမှ ဓာတ်‌ငွေ့ဂက်စ်အိုးများကိုသာ ဝယ်ယူအသုံးပြု ‌နေကြခြင်း ဖြစ်သည်။