Home သတင်း KNLA တိုက်ခိုက်မှု‌ကြောင့် အစိုးရစစ်သည် ၆ဦး ထိခိုက်‌သေဆုံး

KNLA တိုက်ခိုက်မှု‌ကြောင့် အစိုးရစစ်သည် ၆ဦး ထိခိုက်‌သေဆုံး

2207
နိုဝင်ဘာလ ၂၄ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့နယ်ခွဲတွင် ယမန်‌နေ့က တပ်အကြိုအပို့ လုပ်‌နေသည့် အစိုးရစစ် တပ်အား ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်(KNLA)မှ အလစ်ဝင်‌ရောက်ပစ်ခတ်မှု‌ကြောင့် စုစု‌ပေါင်း ၆ဦးထိခိုက်ကျ ဆုံးခဲ့သည်။

‌နောက်တန်းသို့ စစ်သင်တန်းပြန်တက်မည့် စစ်သည်များကို ပြန်ပို့သည့် ဘုရားသုံးဆူမြို့အ‌ခြေစိုက် အစိုးရတပ် ခမရ (၅၄၃) တပ်ရင်းအား KNLA တပ်ရင်း(၁၆)တပ်ဖွဲ့ဝင်တချို့က ယမန်‌နေ့ နံနက် ၁ဝနာရီ‌ကျော်၌ တာ‌ဒေ့နှင့် မြိုင်သာယာ‌ကျေးရွာကြား တွင် ၇မိနစ်ခန့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲဖြစ်ပွားရာ အနီးတွင် လှုပ်ရှားသည့် ဒီ‌ကေဘီ‌အေ တပ်မှူးတစ်ဦးက “‌နေပြည်‌တော်မှာ သင်တန်းပြန်တက်ရမယ့် တပ် သား‌တွေကို ပြန်ပို့တဲ့ ဗမာတပ်ဖွဲ့ကို KNLA တပ်ရင်း(၁၆)က အလစ်ဝင်တိုက်‌တော့ ၂‌ယောက် ‌သေတယ်။ ၄‌ယောက်ဒဏ်ရာရ သွားတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

KNLA တပ်ရင်း(၁၆) တပ်ခွဲ(၃) ဒုခွဲမှူး ဗိုလ်ကြီးဘူ့‌ဂေက ၎င်းတိုက်ပွဲနှင့် ပတ်သက်၍ အတည်ပြု‌ပြောကြားခဲ့‌သော်လည်း ထိခိုက်‌သေဆုံးမှု အ‌ခြေအ‌နေကိုမူ မသိရ‌သေး‌ကြောင်း ယခုလို ‌ပြောဆိုသည်။

“ကျ‌နော်တို့လူ‌တွေ သွားတိုက်တာ မှန်ပါတယ်။ ဒါ‌ပေမယ့် သွားတဲ့လူနဲ့ အဆက်အသွယ်ပြတ်သွား‌တော့ ထိခိုက်‌သေဆုံးမှု အ‌ခြေအ‌နေ မသိရ‌သေးဘူး။ ကျ‌နော်တို့ဘက်က‌တော့ အ‌ခြေအ‌နေ‌ကောင်းတယ်”ဟု သူက ‌ပြောသည်။

အဆိုပါ တိုက်ပွဲ‌နေရာမှာ ဘုရားသုံးဆူမြို့၏ အ‌နောက်‌တောင်ဘက် ၁ဝမိုင်ခန့် ကွာ‌ဝေးပြီး တိုးတက်‌သော ဗုဒ္ဓဘာသာ ကရင် အမျိုးသားတပ်မ‌တော်(DKBA)နှင့် မြန်မာအစိုးရတို့ ယာယီ အပစ်အခတ်ရပ်စဲ‌ရေး မယူခင်က KNLA နှင့် DKBA တို့ပူး‌ပေါင်း၍ အစိုးရစစ်တပ်အား မကြာခဏ ချုံခိုတိုက်ခိုက်ရာ ‌နေရာဖြစ်သည်။