Home သတင်း ပဒိုမန်းငြိမ်း‌မောင် မြန်မာအစိုးရ၏ ဖမ်းဆီးခံရမှုကို ‌ကေအဲန်ယူ လက်ခံ

ပဒိုမန်းငြိမ်း‌မောင် မြန်မာအစိုးရ၏ ဖမ်းဆီးခံရမှုကို ‌ကေအဲန်ယူ လက်ခံ

2356
ဒီဇင်ဘာလ ၁၂ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

‌ကေအဲန်ယူ ဗဟို‌ကော်မတီဝင် ပဒိုမန်းငြိမ်း‌မောင်သည် ယခုလ ၈ရက်‌နေ့က ရန်ကုန်မြို့၊ မဂင်္လာဒုံ တရားရုံးတွင် အမှုဖွင့် စစ် ‌ဆေး‌နေသည် ဟု ပြည်တွင်းထုတ် သတင်းဂျာနယ်တစ်‌စောင် ၏ ‌ရေးသား‌ဖော်ပြမှု သည် ဖြစ်နိုင်‌ကြောင်း ‌ကေအဲန်ယူက ‌ပြောသည်။

‌ကေအဲန်ယူ၏ တွဲဖက်အတွင်း‌ရေးမှူး(၁) ဗိုလ်မှူး‌စောလှ‌ငွေက “ကျ‌နော်တို့ ရတဲ့သတင်းအရနဲ့ အတွင်းက စာနယ်ဇင်း‌တွေ သတင်း‌ရေးသားတဲ့အ‌ပေါ်မှာ အဲဒီ ၂ခုကို တိုက်ကြည့်လို့ရှိရင် ဖြစ်နိုင်‌ချေ ‌တော်‌တော်များတယ်။”ဟု ‌ပြောသည်။

ထို့အပြင် မကြာ‌သေးခင်တုန်းကလည်း အင်းစိန်‌ထောင်တွင်ရှိ‌ကြောင်း စာရွက်စာတန်းထွက်‌ပေါ်ခဲ့သလို စစ်‌ကြော‌ရေးစခန်းတစ် ခုတွင် ‌တွေ့ရှိခဲ့ရသည်ဟု ၎င်း(ပဒိုမန်းငြိမ်း‌မောင်)နှင့် နီးစပ်သူများက သတင်းပို့လာမှုအ‌ပေါ် အ‌ခြေခံပြီး ဖြစ်နိုင်‌ချေ ၉ဝရာခိုင် နှုန်းရှိသည်ဟု ဗိုလ်မှူး‌စောလှ‌ငွေက ဆက်‌ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လက တရုတ်ပြည် ခရီးစဉ်အတွင်း ‌ပျောက်ဆုံးခဲ့သည်ဟု သတင်းထွက်‌နေသူ ပဒိုမန်းငြိမ်း‌မောင်ကို တရုတ် ပြည် ကူမင်း‌လေဆိပ်မှ ရန်ကုန်‌လေဆိပ်သို့ ပြန်လည်ပို့ခံခဲ့ရာတွင် မြန်မာအစိုးရ၏ လူဝင်မှုကြီးကြပ်‌ရေး အက်ဥပ‌ဒေပုဒ်မဖြင့် အမှုဖွင့်အ‌ရေးယူခဲ့ပြီး မဂင်္လာဒုံ တရားရုံးက စက်တင်ဘာလ ၂၇ရက်‌နေ့တွင် အမှု ၂ခုဖြင့် ‌ထောင်ဒဏ် ၁နှစ်ချမှတ်ခဲ့သည်ဟု ယခု ရက်သတ္တပတ်ထုတ် ပန်းသတင်းဂျာနယ်က ‌ဖော်ပြထားသည်။

ပဒိုမန်းငြိမ်း‌မောင်သည် ‌ကေအဲန်ယူ ဗဟို‌ကော်မတီဝင်တစ်ဦးအဖြစ် တာဝန်ထမ်း‌ဆောင်ခဲ့သည်ဟု စုံစမ်းသိရှိရသဖြင့် မြန်မာ အစိုးရ ပြည်ထဲ‌ရေးဝန်ကြီးဌာန၏ သတင်းတပ်ဖွဲ့က မတရားအသင်း အက်ဥပ‌ဒေပုဒ်မ ၁၇(၁)ဖြင့် ယခုလ ၈ရက်‌နေ့တွင် အမှု ဖွင့် စစ်‌ဆေးသည်ဟု အဆိုပါသတင်းဂျာနယ်က ‌ဖော်ပြထားသည်။

ထိုင်းနယ်စပ်တ‌နေရာရှိ ပဒိုမန်းငြိမ်း‌မောင်၏ ဇနီးဖြစ်သူ ‌နော်ဝါးက “သတင်း‌တွေက‌တော့ အမျိုးမျိုးထွက်‌နေတယ်။ ဒါ‌ပေမယ့် အခုထက်ထိ အဆက်အသွယ် မရ‌သေးတဲ့အတွက် ဘာမှ မသိရ‌သေးဘူး။ အထဲက ကျမတို့အမျိုး‌တွေကလည်း ‌ကြောက်‌နေ ကြ‌တော့ ဘာအဆက်အသွယ်မှ မရဘူး။”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

ပဒိုမန်းငြိမ်း‌မောင် အဖမ်းခံရစဉ် ‌ကေအဲန်ယူ၏ ဗဟို‌ကော်မတီဝင်တစ်ဦးအဖြစ် တာဝန်ယူထားသကဲ့သို့ မဟာမိတ်ဆက်ဆံ‌ရေး တာဝန်ခံ တစ်ဦးအဖြစ်လည်း တာဝန်ယူထားသည်။

ပဒိုမန်းငြိမ်း‌မောင်သည် ၁၉၆၇ခုနှစ်တွင် နိုင်ငံ‌ရေးအမှုဖြင့် မြန်မာအစိုးရ၏ ဖမ်းဆီးခြင်းခံခဲ့ရကာ ကိုကိုးကျွန်းအကျဉ်းစခန်းသို့ အပို့ခံခဲ့ရသည်။

ထိုမှတစ်ဆင့် အခြားရဲ‌ဘော် ၂ဦးနှင့်အတူ ပင်လယ်ကို ‌လှေဖြင့် ဖြတ်သန်းကာ ထွက်‌ပြေးလွတ်‌မြောက်လာခဲ့သည့် အ‌တွေ့အ ကြုံများကို ‘မုန်တိုင်းကို ဆန်၍ ပင်လယ်ကို ဖြတ်‌သောအခါ’ ဟူ‌သော စာအုပ်ကို ‘ရဲ‌ဘော်‌ရှောင်း’ က‌လောင်အမည်ဖြင့် ‌ရေးသား ထုတ်‌ဝေခဲ့သည်။