Home သတင်း ‌ရှေ့တန်းမထွက်လိုသည့် တပ်အရာရှိများကိုယ်စား HIV ‌ဝေဒနာရှင်များက အစားထိုး ‌ဆေးခွင့်ယူ‌ပေး

‌ရှေ့တန်းမထွက်လိုသည့် တပ်အရာရှိများကိုယ်စား HIV ‌ဝေဒနာရှင်များက အစားထိုး ‌ဆေးခွင့်ယူ‌ပေး

2809
ဒီဇင်ဘာလ ၂ဝရက်။ ‌နော်ဆဲကလယ် (‌ကေအိုင်စီ)

ရန်ကုန်တိုင်းအတွင်းရှိ မြန်မာအစိုးရစစ်တပ်မှ အရာရှိများသည် ‌ရှေ့တန်းမထွက်လိုသည့်အတွက် HIV ပိုး ကူးစက်ခံရသူများ အား ‌ငွေ‌ပေးကာ မဂင်္လာဒုံ စစ်‌ဆေးရုံသို့ကိုယ်စား‌ဆေးရုံတက်ခိုင်းကာ ‌ဆေးခွင့်များ ယူလျက်ရှိ‌ကြောင်း ကိုယ်စား ‌ဆေးရုံတက် ‌ပေးရသူ တစ်ဦးက ‌ပြောသည်။

“ကျ‌နော့်ကို ပွဲစားက နှစ်သိန်း‌ပေးတယ်။ သူက ဘယ်‌လောက်ရလဲ‌တော့ မသိဘူး။ ‌ဆေးရုံ ၁၅ရက် တက်‌ပေးရတယ်။ ‌သွေးစစ် တယ်။ သလိပ်စစ်တယ်။ ကိုယ်ခံအားစစ်တယ်။ ကျ‌နော်တို့ ပိုးစ‌တွေ့တုန်းကအတိုင်းပဲ လုပ်တာ‌ပေါ့။ ‌ဆေးရုံမှာ‌တော့ ‌ကောင်း ‌ကောင်း‌နေရ၊ စားရတယ်။ နာမည်ကို‌တော့ ဗိုလ်ကြီးနာမည်နဲ့ တက်ရတာ‌လေ။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‌ဆေးရုံတက်ကြရ‌သော HIV ပိုးကူးစက်ခံသူအများစုမှာ ဆင်းရဲ‌သော‌ကြောင့် ထိုသို့လုပ်‌ဆောင်‌နေကြရခြင်းဖြစ်‌ကြောင်း HIV /AIDS လုပ်ငန်းများ လုပ်‌ဆောင်‌နေကြသည့် အဖွဲ့အစည်းများက ‌ပြောသည်။

လက်ရှိ စစ်မက်ဖြစ်ပွား‌နေသည့် ကချင်‌ဒေသသို့ ‌ရှေ့တန်းမသွားလိုသည့်အတွက် HIV ‌ရောဂါသည်အား ‌ငွေ‌ပေးငှားရမ်းကာ ‌ဆေးရုံတက်ခိုင်း‌ကြောင်း အမည်မ‌ဖော်လိုသူ တပ်အသိုင်းအဝိုင်း၏ ‌ဆွေမျိုး‌တော်စပ်သူတစ်ဦးက ‌ကေအိုင်သို့ ယခုလို ရှင်းပြ သည်။

သူက “ကျ‌နော့်ဦး‌လေးက ဒုအရာခံဗိုလ်ပါ။ ကချင်ဘက်ကိုထွက်ရမှာ‌လေ။ သူ့ကို အဖွားတို့က ‌ရှေ့တန်းမလိုက်‌စေချင်ဘူး။ ဒါနဲ့ ပိုးရှိတဲ့သူတစ်‌ယောက်ကို ငှားပြီး ပြီးခဲ့တဲ့လက ဦး‌လေးကိုယ်စား ‌ဆေးရုံတက်ခိုင်းလိုက်တယ်။ ‌ဆေးရုံမှာ ‌ပေးသင့်တဲ့သူ‌တွေ အားလုံးကို ‌ပေးရတယ်။ ခုနှစ်သိန်း‌လောက် ကုန်တယ်။”ဟု သူက ‌ပြောသည်။

ယင်းကဲ့သို့ ‌ဆေးရုံတက်ပါက HIV ပိုးကူးစက်ခံထားရသူများကိုသာမက ‌ဆေးရုံရှိ ဝန်ထမ်းများ၊ ဆရာဝန်များကိုပါ ‌ငွေ‌ပေးရ သည်။ ထိုကိစ္စနှင့် ပတ်သက်၍ မဂင်္လာဒုံ စစ်‌ဆေးရုံသို့ ဆက်သွယ်‌မေးမြန်းရာတွင် ထိုအဖြစ်များမရှိ‌ကြောင်း တာဝန်ခံ ဆရာမ တစ်ဦးက ‌ကေအိုင်စီသို့ ပြန်လည် ‌ဖြေကြားခဲ့သည်။

ထိုသို့ လူစားထိုးကာ ‌ဆေးခွင့်ယူသည့် တပ်အရာရှိ အများစုမှာ ဒုအရာခံဗိုလ်မှ ဗိုလ်ကြီးအဆင့်ထိဖြစ်ပြီး ၎င်းတို့နှင့် နီးစပ်သူ များက ပွဲစားအဖြစ် ပြုလုပ်ကာ ‌ရောဂါသည်လူနာများကို ရှာ‌ဖွေဆက်သွယ်လုပ်‌ဆောင်ခြင်းဖြစ်‌ကြောင်းလည်း သိရသည်။

ပွဲစားနှင့် သိကျွမ်းသူတစ်ဦးက “ကျမသူငယ်ချင်းက ပွဲစား‌လေ။ သူလုပ်‌ပေးတာ အခုဆို ၃‌ယောက်ရှိပြီ။ သူတို့ပွဲစား‌တွေက လူနာရှာ‌ပေးတယ်။ လူနာရရင် ‌ဈေးညှိတယ်။ သူတို့က ၅‌သောင်းစားတယ်။ လူနာ‌တွေက ပိုက်ဆံရ‌တော့ လုပ်တာ‌ပေါ့။”ဟု ဆို သည်။

စစ်တပ်အရာရှိများ ယခုလို လုပ်‌ဆောင်‌နေသည်မှာ မိုးတွင်းကာ ပြီးခဲ့သည့် ၄လခန့်မှစ၍ ယခုအချိန်ထိဖြစ်ပြီး ယင်းသို့ ကိုယ် စား‌ဆေးရုံ ငှားရမ်းတက်မှု ပိုမိုများပြားလာရခြင်းမှာ ကချင်‌ဒေသတွင် ထိုးစစ်များ အရှိန်အဟုန် မြှင့်လာ‌သော‌ကြောင့် ဖြစ်နိုင် ‌ကြောင်း မြန်မာပြည်တွင်းအ‌ခြေစိုက် မူးယစ်‌ဆေးသုံးစွဲသူများအတွက် HIV/AIDS လုပ်ငန်းများ ‌ဆောင်ရွက်‌နေ‌သော လူထုအ ‌ခြေပြုအဖွဲ့မှ အဖွဲ့ဝင်တဦးက သုံးသပ်‌ပြောဆိုသည်။

၂၀၀၉ခုနှစ်တွင် HIV ပိုးကူးစက်ခံရ‌သောသူများကို ခွဲခြားမှုများ နည်းပါးလာပြီး ‌နောက်ပိုင်းတွင် စစ်တပ်မှ အနားယူချင်‌သော ဝန်ထမ်းများ ထိုသို့ လုပ်‌ဆောင်‌နေကြခြင်းဖြစ်‌သော်လည်း လက်ရှိအချိန်ထိ အ‌ရေအတွက် အတိအကျကိုမူ မသိရှိရ‌သေး‌ပေ။