Home သတင်း ‌ကျောင်းသားများစုံညီပွဲ‌တော်ကို မတက်မ‌နေရဟု ကျိုက်ဒုံ ပညာ‌ရေးမှူး ညွှန်ကြားချက်ထုတ်

‌ကျောင်းသားများစုံညီပွဲ‌တော်ကို မတက်မ‌နေရဟု ကျိုက်ဒုံ ပညာ‌ရေးမှူး ညွှန်ကြားချက်ထုတ်

2704
ဒီဇင်ဘာလ ၂၁ရက်။ ‌စောခါးစူးညား၊ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ကျိုက်ဒုံတိုက်နယ် ပညာ‌ရေးမှူး ‌ဒေါ်စန်းစန်းတင်က ယခုလ ၂၇ရက်‌နေ့၌ ကျိုက်ဒုံအထက်တန်း‌ကျောင်းတွင် ကျင်းပပြုလုပ်မည့် ‌ကျောင်းသားများစုံညီပွဲ‌တော်သို့ နယ်‌မြေခံ ‌ကျောင်းဆရာ၊ ဆရာမနှင့် ‌ကျောင်း သား‌ကျောင်းသူများကို မသွားမ‌နေရ စနစ်ဖြင့် ညွှန်ကြားချက် ထုတ်ထား‌ကြောင်း ‌ဒေသခံများက ‌ပြောသည်။

၎င်း‌ကြေညာချက်ကို ယခုရက်ပိုင်းအတွင်း ထုတ်ပြန်ထားခြင်းဖြစ်ပြီး ကျိုက်ဒုံမြို့ အထက‌ကျောင်း အပါအဝင် ‌ကျေးရွာ‌ပေါင်း ၁၀‌ကျော်မှ အလယ်တန်းနှင့် မူလတန်း‌ကျောင်းများသည် ‌ကျောင်းသားများစုံညီပွဲ‌တော် တက်‌ရောက်ရမည်ဖြစ်ပြီး မတက် ‌ရောက်နိုင်ပါက ‌ကျောင်းဆရာ၊ ဆရာမများ၏ လစာ‌ငွေကို ဖြတ်‌တောက်ထားမည်ဟု ‌ပြောဆို‌ကြောင်း ကျိုက်ဒုံမြို့နယ်ခွဲမှ ‌ကျောင်းဆရာတစ်ဦးက ‌ပြောသည်။

သူက “ကျ‌နော်တို့‌ကျောင်းဆရာနဲ့ ‌ကျောင်းသားမိဘ‌တွေကို ဒီလို အကြပ်ကိုင်‌တော့ ‌တော်‌တော်ဒုက္ခ‌ရောက်တယ်။ မသွားရင် ကျ‌နော်တို့ ‌ကျောင်းဆရာ၊ ဆရာမ လစာ‌တွေကို ဖြတ်မယ်လို့ သူ(‌ဒေါ်စန်းစန်းတင်)က ‌ပြောတယ်။ မတတ်နိုင်‌ပေမယ့် ‌ပြောတဲ့ အတိုင်း လုပ်ရမှာ‌ပေါ့။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

လက်ရှိ ‌ကျောင်းဆရာ၊ ဆရာမများ၏ လစာသည် အထက်တန်း၊ အလယ်တန်းနှင့် မူလတန်း အဆင့်အထိ ကျပ်သုံး‌သောင်းမှ ငါး‌သောင်းအထိ ဖြစ်သည်။

ထို့အပြင် ‌ကျောင်းသားများစုံညီပွဲ‌တော် တက်‌ရောက်ရန် သတ်မှတ်ထားသည့် ‌ကျောင်းသား‌ကျောင်းသူ ယူနီ‌ဖောင်းဝတ်စုံများ ကို မဝယ်မ‌နေရစနစ်ဖြင့် ‌ဒေါ်စန်းစန်းတင်က ပြုလုပ်ထားပြီး သွား‌ရေးလာ‌ရေး၊ အစားအ‌သောက်နှင့် တည်းခိုရာ‌နေရာ စသည့် ကုန်ကျသည့်‌ငွေများကိုလည်း သက်ဆိုင်ရာ ရွာများမှ ‌ကျောင်းဆရာ၊ ဆရာမကသာ စီစဉ်‌ဆောင်ရွက်ရမည်ဟု အဆိုပါ‌ကျောင်း ဆရာက ဆက်‌ပြောသည်။

‌ဒေသခံ ‌ကျောင်းသားမိဘတဦးက “ဝယ်ရမယ့် ဝက်စုံ‌တွေက အပြင်မှာဝယ်ရင် နှစ်‌ထောင်‌ကျော်‌လောက် ရှိတဲ့ဟာကို ‌ကျောင်း မှာဝယ်ရမှာက သုံး‌ထောင်‌ကျော်တယ်။ ‌နောက် သွား‌ရေးလာ‌ရေးနဲ့ အစားအ‌သောက်အတွက် ‌ငွေထည့်ရတာ ရွာတရွာကို ၆သိန်းက‌နေ ၇သိန်းအထိ ကုန်တယ်။ ကျ‌နော်တို့‌တွေ‌တော့ ဒုက္ခ‌ရောက်ကြတယ်။”ဟု ‌ပြောသည်။

၎င်းစုံညီပွဲ‌တော်တွင် အစွန်း၊ လမ်းဖား၊ ‌ကော့ဆိုင်၊ ကြိတ်၊ ကွင်းက‌လေး၊ အဇင်း၊ မိနန်းအ၊ မိတန်၊ ‌နောင်တမံနှင့် ‌နောင်လုံ စသည့်ရွာများမှ ‌ကျောင်းဆရာ ဆရာမ၊ ‌ကျောင်းသား‌ကျောင်းသူများ တက်‌ရောက်ရမည်ဖြစ်ပြီး ‌အေးချမ်းသည့် ရာသီဖြစ်သည့် အတွက် သွားလာ‌ရေးနှင့် တည်းခို‌ရေးတွင် အခက်အခဲများ ရှိနိုင်‌ကြောင်း ‌ဒေသခံပညာ‌ရေးဝန်ထမ်းများက ‌ပြောသည်။

‌ကျောင်းသားများ စုံညီပွဲ‌တော်ကျင်းပမည့် ကျိုက်ဒုံမြို့နှင့် အ‌ဝေးဆုံးရွာမှာ အစွန်းရွာဖြစ်ပြီး ဖြင့် ကားဖြင့် ၇နာရီခရီးခန့် သွားရ သည်ဟု ‌ကျောင်းသားမိဘများက ‌ပြောသည်။

‌ဒေါ်စန်းစန်းတင်သည် ပညာ‌ရေးမှူးအဖြစ် ကျိုက်ဒုံတိုက်နယ်တွင် ၁ဝနှစ်‌ကျော် တာဝန်ထမ်း‌ဆောင်လျှက်ရှိပြီး လာမည့် ၂၀၁၂ ခုနှစ်တွင် အငြိမ်းစားယူ‌တော့မည်ဖြစ်သည်။ သူမသည် တာဝန်ထမ်း‌ဆောင်သည့် ကာလအတွင်း အ‌ကြောင်းပြချက် အမျိုးမျိုး ဖြင့် ‌ကျောင်းဆရာ ဆရာမများ၏ လစာ‌ငွေအချို့ကို ‌ခေါင်းပုံဖြတ်မှုများ ရှိခဲ့သည်ဟု ‌ဒေသခံ‌ကျောင်းဆရာများ၏ ‌ပြောပြချက် အရ သိရသည်။