Home သတင်း ‌နော်‌ဝေ‌မြောက်ပိုင်း ကရင်နှစ်သစ်ကူးပွဲ ပရိဿတ် ၁၅ဝခန့် ဆင်နွဲ

‌နော်‌ဝေ‌မြောက်ပိုင်း ကရင်နှစ်သစ်ကူးပွဲ ပရိဿတ် ၁၅ဝခန့် ဆင်နွဲ

1669
ဒီဇင်ဘာလ ၂၈ရက်၊ ၂၀၁၁။ (‌ကေအိုင်စီ)

‌နော်‌ဝေနိုင်ငံ‌မြောက်ပိုင်းရှိ ဟာစတပ်(Harstad)‌ဒေသတွင် ၂၇၅၁နှစ်‌မြောက် ကရင်နှစ်သစ်ကူး‌နေ့ကို ဒီဇင်ဘာလ ၂၃ရက်‌နေ့ က ကျင်းပခဲ့ရာ နိုင်ငံခြားသား အပါအဝင် လူပရိဿတ် ၁၅ဝဦးခန့် လာ‌ရောက်ဆင်နွဲခဲ့ကြသည်။

ထိုနှစ်သစ်ကူးပွဲကို Northern Norway Karen Community (NNKC) မှ ဦး‌ဆောင်ကာ မဲ့ခီလာ(Medkila) နှစ်ခြင်းခရစ်ယာန် ဘုရား‌ကျောင်းတွင် ကျင်းပခဲ့ကြပြီး ကရင်အမျိုးသားအလံ‌တော်ကို အ‌လေးပြုခြင်း၊ NNKC ဥက္ကဌ ‌စောဘ‌ရောင်းမှ အဖွင့်အမှာ စကား‌ပြောကြားခြင်း၊ ‌ကေအဲန်ယူဥက္ကဌ၏ နှစ်သစ်ကူးမိန့်ခွန်း၊ ကရင်နှစ်သစ်ကူး‌နေ့ ဖြစ်‌ပေါ်လာပုံနှင့် ကရင်အမျိုးသားအလံ သတ်မှတ်ခဲ့ပုံများကို ရှင်းလင်းဖတ်ကြားခဲ့သည်ဟု သိရသည်။

နှစ်သစ်ကူးပွဲ အခမ်းအနားကို ‌နေ့လည် ၁၁နာရီမှ မွန်းလွဲ ၃း၃ဝနာရီအထိ ‌ဟော‌ပြောပွဲနှင့် ရိုးရာတူရိယာ တီးမှုတ်ခြင်း၊ ‌ဖျော်‌ဖြေ ‌ရေး အစီအစဉ်များ ပြုလုပ်ခဲ့ကြပြီး ပွဲ‌တော်ရက်မတိုင်မီ အားကစားပြိုင်ပွဲများကိုလည်း ကျင်းပခဲ့သည်။

ထို့အပြင် ကရင်လူငယ် ‌မောင်မယ်များက သက်ကြီးရွယ်အိုများအား ဂုဏ်ပြုခဲ့ကြပြီး‌နောက် အဖိုးအဖွားများကိုယ်စား ဖီး‌ဂေ‌ဖော မှလည်း‌ကောင်း၊ ‌နော်‌ဝေနိုင်ငံသား မစ္စတာဘ‌ရောနယ်(Mr. Bjarne) မှလည်း‌ကောင်း ဩဝါဒ အမှာစကား ‌ပြောကြားခဲ့သည်။

ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများမှ ကရင်ဒုက္ခသည်များသည် ၂၀၀၆ခုနှစ်ကတည်း ‌နော်‌ဝေနိုင်ငံသို့ ‌ရောက်ရှိခိုလှုံ‌နေခဲ့ ကြရာ လက်ရှိအချိန်တွင် ‌နော်‌ဝေ‌မြောက်ပိုင်း‌ဒေသ၌ ကရင်လူဦး‌ရေ ၁၅၀‌ကျော်ပါဝင်သည့် အိမ်‌ထောင်စု ၃၈စု ရှိ‌နေပြီး ကရင် နှစ်သစ်ကူးပွဲကို နှစ်စဉ် ကျင်းပပြုလုပ်ခဲ့သည်။