Home သတင်း လွိုင်‌ကော်တွင် ဘိလပ်‌မြေစက်ရုံ‌ဆောက် လုပ်‌ရေး ‌မြေအသိမ်းခံရနိုင်

လွိုင်‌ကော်တွင် ဘိလပ်‌မြေစက်ရုံ‌ဆောက် လုပ်‌ရေး ‌မြေအသိမ်းခံရနိုင်

1475
ဇန်နဝါရီလ ၃ရက်။ (‌ကေအိုင်စီ)

ကရင်နီပြည်နယ်၊ လွိုင်‌ကော်မြို့အ‌ရှေ့‌မြောက်ဘက်တွင် ‌ဒေသအ‌ခြေစိုက် စစ်တပ်နှင့် ကုမ္ပဏီတို့ ပူး‌ပေါင်းပြီး ဘိလပ်‌မြေစက်ရုံ တည်‌ဆောက်ရန်အတွက် ထို‌ဒေသရှိ ‌မြေဧကများကို သိမ်းဆည်းရန်ရှိသည်ဟု ‌ဒေသခံများက ‌ပြောသည်။

အဆိုပါ‌ဒေသအ‌ခြေစိုက် ခလရ(၂၆၁)၊ (၂၅၀)၊ ခမရ(၅၃၁)တို့နှင့် ဇွဲကုမ္ပဏီတို့ ပူး‌ပေါင်းပြီး ပကျဲရွာ‌ဟောင်းတစ်ဝိုက်ရှိ ‌ဒေသခံ ပြည်သူတို့၏ လယ်ယာခြံ‌မြေဧကများကို သိမ်းဆည်းရန် စစ်တပ်မှ ‌ဒေသခံတို့ကို အသိ‌ပေးထားပြီး ဖြစ်‌ကြောင်း လွိုင်‌ကော်‌ဒေ သခံတစ်ဦးက ‌ပြောသည်။

“သိမ်းမယ်လို့‌တော့ အသိ‌ပေးထားပြီးပြီ။ ‌လော‌လောဆယ်မှာ‌တော့ ဘာမှမလုပ်ရ‌သေးဘူး။ ‌ဒေသခံ‌တွေကိုလည်း သိမ်းဖို့ အသိ ‌ပေးထားတာကလွဲပြီး တစုံတရာ ‌ပြောတာမရှိ‌သေးဘူး။”ဟု အဆိုပါ‌ဒေသခံက ‌ပြောသည်။

၎င်း‌မြေဧကများသည် ‌ဒေသခံလူထုအတွက် မှီခိုလုပ်ကိုင်စား‌သောက်ကြသည့် ခြံ‌မြေများဖြစ်ပြီး အနီးအနားတွင် ပကျဲရွာ ‌ဟောင်း၊ ပကျဲ စံပြ‌ကျေးရွာ၊ နွားလဘို့ရွာ၊ ဖက်တီမာရွာ စသည့်ရွာ‌ပေါင်း ၅ရွာခန့် ရှိသည်။

‌ကျေးရွာတရွာလျှင် အိမ်‌ခြေ ၈၀‌ကျော်ရှိပြီး ရွာသူရွာသားများမှာ ‌တောင်ယာစိုက်ပျိုးခြင်း၊ ‌ပြောင်းဖူး၊ နှမ်း၊ ‌မြေပဲ စိုက်ပျိုးခြင်းဖြင့် အသက်‌မွေးဝမ်း‌ကျောင်းပြုကြသူများ ဖြစ်သည်။

“အခုတခါ သိမ်းဖို့က ဘိလပ်‌မြေစက်ရုံ‌ဆောက်ဖို့တဲ့ အရင်ကလည်း အသိမ်းခံရတာရှိတယ်၊ စစ်တပ်က တပ်ရင်း‌ဆောက်ဖို့ဆို ပြီး တခါသိမ်းတယ်၊ စက်မှုဇုန်‌ဆောက်မယ်ဆိုလည်းတခါ၊ ‌နောက်ပြီး‌တော့ ကြက်ဆူစိုက်တုန်းကလည်းတခါ၊ အခု‌နောက်ဆုံး သိမ်းတာ‌ပေါ့။”ဟု ကရင်နီ သတင်းနှင့် ပြန်ကြား‌ရေး တာဝန်ခံ ခူးဒယ်နီယာက ‌ပြောသည်။

ဘိလပ်‌မြေစက်ရုံတည်‌ဆောက်ရန်အတွက် ယခုတခါ ထပ်သိမ်းမည့် ‌မြေဧကစာရင်း အတိအကျကို မသိရ‌သေး‌သော်လည်း ‌သောင်းနှင့်ချီသည့် ‌မြေဧကများ ပါသွားနိုင်‌ကြောင်း ၎င်းက ခန့်မှန်း‌ပြောဆိုသည်။

ခူးဒယ်နီယာက “‌လော‌လောဆယ် ဘာမှ‌တော့ လုပ်ငန်းအ‌ကောင်အထည်‌ဖော်တာ မရှိ‌သေးဘူး။ ‌ဒေသခံ‌တွေကို‌တော့ အသိ ‌ပေးထားတယ်။”ဟု ဆိုသည်။

ထို‌ဒေသအတွင်း ‌နေထိုင်‌နေကြသည့် ‌ဒေသခံပြည်သူများမှာ ‌တောင်ယာ‌မြေစိုက်ပျိုးခြင်းကိုသာ အဓိက လုပ်ကိုင်စား‌သောက် ‌နေကြရသည့်အတွက် ယခုကဲ့သို့ ခြံ‌မြေများ အကြိမ်ကြိမ် အသိမ်းခံရသည့်အ‌ပေါ် စားဝတ်‌နေ‌ရေး အခက်အခဲနှင့် ရင်ဆိုင်‌နေ ကြရသည်။

၂၀၁၁ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီလကလည်း ပရူဆိုမြို့နယ် အ‌ရှေ့‌တောင်ဘက် ၅မိုင်ခန့်အကွာရှိ ‌ကျေးရွာ ၉ရွာမှ စိုက်ပျိုးခြံ‌မြေဧက ၂,၇၀ဝ ဝန်းကျင်ကိုလည်း အမှတ်(၁၄) တပ်မ‌တော် တန်းမြင့် ‌လေ့ကျင့်‌ရေး‌ကျောင်း တည်‌ဆောက်ရန်အတွက်ဆိုကာ သိမ်း ဆည်းမှုများ ရှိခဲ့သည်။