Home သတင်း ရပ်ကွက်တွင်း စစ်‌ဆေးမှု ပိုများလာ

ရပ်ကွက်တွင်း စစ်‌ဆေးမှု ပိုများလာ

1767
စက်တင်ဘာ ၂၃ရက်။ ‌ကေအိုင်စီ

ကရင်ပြည်နယ် မြဝတီမြို့ရှိ ရပ်ကွက်တိုင်းတွင် ယခုလဆန်းပိုင်းမှစ၍ လက်ရှိအချိန်ထိ ညစဉ် ကင်းလှည့်လည်စစ်‌ဆေးမှုများ ပိုမိုများပြားလာသည်ဟု မြဝတီမြို့ခံများက ‌ပြောသည်။

အဆိုပါကင်းလှည့်စစ်‌ဆေးမှုကို ရပ်ကွက်မှူးများနှင့် ရပ်ကွက်လုံခြုံ‌ရေး တာဝန်ရှိသူများက ညဘက် (၉)နာရီအချိန်မှစ၍ အ လှည့်ကျစနစ်ဖြင့် ညစဉ် လုပ်‌ဆောင်သွားကြသည်ဟုလည်း သိရသည်။

ထိုသို့ဖြစ်ရခြင်းမှာ ယခင်လမကုန်ခင်က “ပြည်သူများ ဆင်းရဲတွင်းက လွတ်ကင်းလိုရင် စစ်အစိုးရကို ဆန့်ကျင်ကြ”ဟူ‌သော စာသား‌ရေးသားထားသည့် စာရွက်များကို လူစည်ကားရာ‌နေရာအချို့တွင် လာ‌ရောက်ကပ်သွားသည့်အ‌ပေါ် ‌နောက်ထပ် လှုပ် ရှားမှု ထပ်မံ မဖြစ်‌ပေါ်‌စေရန်အတွက် လုပ်‌ဆောင်ခြင်းဖြစ်‌ကြောင်း မြဝတီမြို့ ရပ်ကွက်(၃)တွင် ‌နေထိုင်သူတဦးက ‌ပြောသည်။

၎င်းအပြင် ယခုလသည် ပြီးခဲ့သည့်နှစ် စက်တင်ဘာလက ဖြစ်ပွားခဲ့သည့် ‌ရွှေဝါ‌ရောင်သံဃာ့လှုပ်ရှားမှု၏ နှစ်ပတ်လည်အချိန် ဖြစ်‌သော‌ကြောင့် ယခုလို လှည့်လည်မှုများ ပြုလုပ်ရခြင်းဖြစ်သည်ဟု မြို့ခံများက သုံးသပ်‌နေကြသည်။

ထိုလုပ်‌ဆောင်ချက်များအပြင် ဝါတွင်းကာလ သံဃာ့‌တော်များ၏ အ‌ရေအတွက်ကို ‌ကောက်ယူထားပြီး လစဉ် သံဃာ့ဦး‌ရေ အ တိုးအ‌လျှော့ကို သက်ဆိုင်ရာ အာဏာပိုင်များက စိစစ်‌စောင့်ကြည့်လျှက်ရှိသည်ဟုလည်း မြို့ခံကုန်သည်တဦးက ယခုလို ‌ပြော သည်။

အမည်မ‌ဖော်လိုသူမြို့ခံတဦးက “ပြီးခဲ့တဲ့အပတ်က စအဖ ရုံးကို ဖုန်းဝင်လာတယ်။ ဒီလမှာ သံဃာစာရင်း‌တွေက များလှချည် လား။ ဘာ‌ကြောင့်များလာရတာလဲ ‌မေးလာတယ်။ ဝါတွင်းဆိုတာ သံဃာ‌တော်‌တွေ အတိုး၊ အ‌လျှော့ မရှိရဘူးလို့ သူတို့(အာ ဏာပိုင်)‌တွေက သတ်မှတ်ထားကြတာကိုး။ အခု ဒီလထဲမှာ သံဃာဦး‌ရေက ဝါမဝင်ခင်က ‌ကောက်ယူထားတဲ့ စာရင်းထက်ပို ‌နေတာကို သူတို့က သံသယ ဖြစ်‌နေတယ်”ဟု ဆိုသည်။

မြဝတီမြို့တွင် ‌မေတ္တာလင်းမြိုင်၊ ‌အောင်‌မြေ‌ရွှေဘုံသာ အပါအဝင် ရပ်ကွက်‌ပေါင်း (၇)ခုရှိပြီး ယင်းသို့ကင်းလှည့်စစ်‌ဆေးမှုများ ကို ‌ကော့ကရိတ်မြို့တွင်လည်း အလားတူ လုပ်‌ဆောင်လျှက်ရှိသည်ဟု ‌ကော့ကရိတ်မြို့သူတဦးက ဆိုသည်။