Home ထိပ်တန်းသတင်း ၉နိုင်ငံမှ ကရင်များ KNU နှင့် မြန်မာအစိုးရ ‌တွေ့ဆုံ‌ဆွေး‌နွေးမှုအ‌ပေါ် ဆန္ဒထုတ်‌ဖော်

၉နိုင်ငံမှ ကရင်များ KNU နှင့် မြန်မာအစိုးရ ‌တွေ့ဆုံ‌ဆွေး‌နွေးမှုအ‌ပေါ် ဆန္ဒထုတ်‌ဖော်

1856
ဇန်နဝါရီ ၁၂ရက်။ ၂၀၁၂ခုနှစ်၊ ‌စောခါးစူးညား (‌ကေအိုင်စီ)

ကရင်အမျိုးသားအစည်းအရုံး-KNU နှင့် မြန်မာအစိုးရ ကိုယ်စားလှယ်တို့ ကရင်ပြည်နယ် ဘားအံမြို့၌ ယ‌နေ့ ‌တွေ့ဆုံ‌ဆွေး ‌နွေးပွဲအ‌ပေါ် နိုင်ငံ ၉နိုင်ငံမှ ပြည်ပ‌ရောက်ကရင်များက သက်ဆိုင်ရာ မြန်မာသံရုံးအသီးသီး‌ရှေ့တွင် ငြိမ်းချမ်း‌ရေး ရိုးရာဝတ် ပြု ဆု‌တောင်းအခမ်းအနားဖြင့် ဆန္ဒထုတ်‌ဖော်ခဲ့ကြသည်။

ဗြိတိန်၊ အ‌မေရိကန်ပြည်‌ထောင်စု၊ က‌နေဒါ၊ ဩစ‌တြေးလျ၊ ထိုင်းနိုင်ငံ၊ ဂျပန်၊ မ‌လေးရှား၊ ‌နော်‌ဝေနှင့် နယ်သာလန် စသည့် နိုင်ငံများသို့ ‌ရောက်ရှိ‌နေသည့် ကရင်များက ၎င်းတို့‌ရောက်အ‌ခြေချရာနိုင်ငံများရှိ မြန်မာသံရုံးများ‌ရှေ့တွင် ယ‌နေ့ ‌ကြေညာ ချက် ထုတ်ပြန်ကာ ဆန္ဒထုတ်‌ဖော်ခဲ့ခြင်းဖြစ်သည်။

မ‌လေးရှားနိုင်ငံ အ‌ခြေစိုက် မ‌လေးရှားနိုင်ငံကရင်အဖွဲ့-MKO မှ အတွင်း‌ရေးမှူးချုပ် ‌စောဒဲနစ်‌စောထူးက “ကျ‌နော်တို့ မ‌လေး ရှားမှာ ရှိတဲ့ ကရင် အပါအဝင် ကချင်၊ ကရင်နီ၊ သျှမ်းတို့ တိုင်းရင်းသား‌တွေ စု‌ပေါင်းပြီး KNU ခရီးစဉ် ‌အောင်မြင်ဖို့ ‌ဟော ‌ပြောပွဲနဲ့ ဝတ်ပြုဆု‌တောင်းမှု‌တွေ လုပ်တယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

မ‌လေးရှားနိုင်ငံတွင်လည်း လက်ရှိ နိုင်ငံ‌ရေးအ‌ခြေအ‌နေမ‌ကောင်းသည့်အ‌ပေါ် မြန်မာ့သံရုံး‌ရှေ့သို့ သွား၍ ဆန္ဒထုတ်‌ဖော် ဆု‌တောင်းမှုများ မပြုလုပ်နိုင်ခဲ့‌သော်လည်း ဆု‌တောင်းပွဲကို ကွာလာလမ်ပူ(Kuala Lumpur)မြို့ရှိ MKO ရုံးတွင် ‌အောင်မြင် စွာ ပြုလုပ်နိုင်ခဲ့‌ကြောင်းနှင့် ပရိဿတ်ဦး‌ရေ ၇၀‌ကျော် တက်‌ရောက်ခဲ့‌ကြောင်း သူက ဆက်‌ပြောသည်။

ထိုင်းနိုင်ငံအ‌ခြေစိုက် ပြည်ပ‌ရောက်ကရင်ဒုက္ခသည်များ လူမှုအဖွဲ့အစည်း-OKRSO မှ ‌စောစိပ်ပ‌လောင်ကလည်း “ကျ‌နော် တို့‌ခေါင်း‌ဆောင်‌တွေ ခရီးစဉ်‌အောင်မြင်‌ရေးအတွက် ဝတ်ပြုဆု‌တောင်းပြီး ‌ရေကြည်‌သောက်ကြတယ်။ ‌ရေကြည်ဟာ ‌အေးမြ တဲ့ အသွင်‌ဆောင်တယ်‌လေ။”ဟု ‌ပြောဆိုသည်။

ထို့အပြင် တက်‌ရောက်လာသည့် OKRSO ‌ကျောင်းသူ‌ကျောင်းများနှင့် ဘန်‌ကောက်မြို့‌ရောက် ကရင်အလုပ်သမားများကို KNU သည် မြန်မာအစိုးရနှင့် ‌တွေ့ဆုံခဲ့အကြိမ် မည်မျှရှိ‌ကြောင်းနှင့် KNU ၏ သမိုင်း အကျဉ်းချုပ်အ‌ကြောင်းကို ရှင်းပြခဲ့ သည်ဟု သူက ‌ပြောသည်။

ယ‌နေ့ မြန်မာအစိုးရနှင့် ‌တွေ့ဆုံရာတွင် သ‌ဘောတူညီများရရှိပါက အပစ်အခတ်ရပ်စဲတခုတည်းသာ မဟုတ်ဘဲ နိုင်ငံ‌ရေးပဋိပက္ခ ‌ဆွေး‌နွေး‌ဖြေရှင်း‌ရေးပါ သ‌ဘောတူရန် လို‌ကြောင်း ပြည်ပ‌ရောက်ကရင်အဖွဲ့များ၏ ‌ကြေညာချက်တွင် ပါရှိသည်။

၎င်းထုတ်ပြန်ချက်တွင် တနိုင်ငံလုံး အတိုင်းအတာ အပစ်ခတ်ရပ်စဲ‌ရေး၊ တိုင်းရင်းသား အခွင့်အ‌ရေးနှင့် ရိုးရာယဉ်‌ကျေးမှုအ တွက် အာမခံချက်ရှိတဲ့ နိုင်ငံ‌ရေး‌ဆွေး‌နွေးအ‌ဖြေရှာ‌ရေး၊ တိုင်းရင်းသားအားလုံးကို တိုက်ခိုက်မှုများ ရပ်တန့်‌ရေး၊ တိုင်းရင်း သားနယ်‌မြေများရှိ အစိုးရတပ်အင်အားများ ရုပ်သိမ်း‌ရေး၊ လူ့အခွင့်အ‌ရေး ချိုး‌ဖောက်မှုများ ရပ်တန့်‌ရေးနှင့် KNU ‌ခေါင်း ‌ဆောင် မန်းငြိမ်း‌မောင် အပါအဝင် နိုင်ငံ‌ရေးအကျဉ်းသားများအား လွှတ်‌ပေး‌ရေးအချက်များကို ‌တောင်းဆိုထားသည်။

ဩစ‌တြေးလျားနိုင်ငံ၊ ကန်ဘာရာမြို့ရှိ မြန်မာသံရုံးနှင့် ဩစ‌တြေးလျား နိုင်ငံခြား‌ရေးဝန်ကြီးရုံး‌ရှေ့၌လည်း ကရင်၊ မွန်၊ ကချင် တိုင်းရင်းသားများ အပါအဝင် NLD, JACDA အဖွဲ့ စုစု‌ပေါင်း လူ ၂၀ဝနီးပါး လာ‌ရောက်ဆန္ဒထုတ်‌ဖော်ရာတွင် တနိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်ခတ်ရပ်စဲ‌ရေး၊ နိုင်ငံ‌ရေး‌ဆွေး‌နွေးမှု ဖြစ်‌ပေါ်လာ‌ရေး၊ နိုင်ငံ‌ရေးအကျဉ်းသား လွတ် ‌မြောက်‌ရေး အပါအဝင် အချက်ငါးချက်ကို ‌ကြွေး‌ကြော်‌တောင်းဆိုခဲ့ကြသည်။

ထိုဆန္ဒထုတ်‌ဖော်ပွဲတွင် ပါဝင်သည့် ကချင်မ‌လေး လုလုမွန်က “‌ကေအဲန်ယူနဲ့ မြန်မာအစိုးရ ‌တွေ့ဆုံမှုဟာ သပ်လျှိူဖြိုခွဲမှု လို့ပဲ မြင်တယ်။ ကချင်‌တွေက တတိုင်းပြည်လုံး အပစ်ရပ်၊ နိုင်ငံ‌ရေး‌ဆွေး‌နွေးမှုကိုပဲ ‌မျှော်လင့်တယ်။”ဟု ဆိုသည်။

KNU သည် မြန်မာအစိုးရ အဆက်ဆက်ကို ၆၃နှစ်ကြာ ဆန့်ကျင်‌တော်လှန်ခဲ့ပြီး ၁၉၄၉ခုနှစ် ဧပြီတွင်တကြိမ်၊ ၁၉၆ဝခုနှစ် ‌ဖေ‌ဖော်ဝါရီတွင် တကြိမ်၊ ၁၉၆၃ခုနှစ် ဩဂုတ်တွင်တကြိမ်၊ ၁၉၉၅ခုနှစ် ဒီဇင်ဘာတွင်တကြိမ်နှင့် ၂၀၀၄ခုနှစ်တွင်တကြိမ် တရားဝင် ‌တွေ့ဆုံခဲ့ပြီး ဖြစ်သည်။