Home သတင်း KNU နယ်‌မြေအတွင်း အစိုးရစစ်တပ် ရိက္ခာပို့

KNU နယ်‌မြေအတွင်း အစိုးရစစ်တပ် ရိက္ခာပို့

1455
ဇန်နဝါရီလ ၁၆ရက်။ ၂၀၁၂ခုနှစ်။ ‌စောသိန်းမြင့်(‌ကေအိုင်စီ)

နှစ်ဘက် အပစ်အခတ်ရပ်စဲ‌ရေးကာလတွင် အစိုးရစစ်တပ်ဘက်မှ ကရင်အမျိုးသားအစည်း အ ရုံး-KNU နယ်‌မြေအတွင်းရှိ တပ်စခန်းများသို့ ရိက္ခာပစ္စည်းပို့‌ဆောင်မှုများ လုပ်‌ဆောင်‌နေသည်ဟု KNUက ‌ပြော သည်။

KNU တပ်မဟာ(၆)နယ်‌မြေဖြစ်သည့် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ‌ဝေါ်‌လေ၊ ကျိုက်ဒုံ၊ အဇင်း၊ ပိုင်ခလန်စ သည့်‌ဒေသဘက်တွင် အစိုးရစစ်တပ် တပ်မ(၂၂)မှ တစ်နှစ်စာအတွက် ရိက္ခာကို ယခင်လမှစ၍ ယခု အ ချိန်ထိ ကားအစီး‌ပေါင်း ၄၀ဝစီး ပို့‌ဆောင်ထားပြီဖြစ်သည်ဟု KNUတပ်မဟာ(၆)မှ တာဝန်ရှိသူ ဗိုလ်ကြီး ထဲ‌နေက ‌ပြောသည်။

၎င်းက“ ကြာအင်းဆိပ်ကြီးက‌နေ ကျိုက်ဒုံ၊ ကျိုက်ဒုံက‌နေ အဇင်း၊ အဇင်းက ထီးထာ့‌ဘောင်၊ ပိုင်ခလန်အ ထိ ပို့တယ်။ ‌ဝေါ‌လေခီး၊ စုကလိအပါအဝင်‌ပေါ့။ မ‌နေ့က တရက်တည်းဆိုရင် ကားအစီး ၇၀၊ ဒီဇင်ဘာလ က‌နေ အခုချိန်ထိ ဆိုရင် ရိက္ခာကားအစီး‌ပေါင်း ၄၀ဝရှိပြီ”ဟု ‌ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလက တိုးတက်‌သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ‌တော် DKBAနှင့် အစိုးရတို့ အပစ်အခတ်ရပ်စဲမှုအပြီးတွင် DKBA လှုပ်ရှုားနယ်‌မြေများ ဖြစ်သည့် ‌ဝေါ်‌လေ၊ စုကလိဘက်တွင် အစိုးရ စစ်တပ်မှ စစ်ရိက္ခာ ပစ္စည်း ပို့‌ဆောင်မှုများပို၍ လုပ်‌ဆောင်လာ‌ကြောင်း ဗိုလ်ကြီးထဲ‌နေက ‌ပြောသည်။

သို့‌သော် ဘုရားသုံးဆူနှင့် အနန်းကွင်း‌ဒေသဘက်တွင်လည်း ရိက္ခာပစ္စည်းပို့‌ဆောင်ရန်အတွက် အစိုးရစစ် တပ်ဘက်မှ KNUတပ်မဟာ (၆)၏ ဗျူဟာမှူး ဗိုလ်မှူးကြီးဂျိုးစွာအား ပြီးခဲ့သည့်ရက်ပိုင်းက လူလွှတ်ခွင့် ‌တောင်းခဲ့ရာတွင် ‌စော‌သေး‌ကြောင်း ဗိုလ်မှူးကြီးဂျိုးစွာက အ‌ကြောင်းပြန်ခဲ့သည်။

အစိုးရစစ်တပ်များ ယခုလို ရိက္ခာပို့‌ဆောင်ရာတွင် ယခင်လ အပစ်အခတ်မရပ်စဲ‌သေးသည့်အချိန်က KNU တပ်ဖွဲ့၏ ဝင်‌ရောက်ပစ်ခတ်‌နှောက်ယှက်မှုများရှိခဲ့‌သော်လည်း ယခုလ ၁၂ရက်‌နေ့က KNUနှင့် အစိုးရတို့ အပစ်အခတ်ရပ်စဲပြီး‌နောက် ထိုကဲ့သို့ မပြုလုပ်‌တော့‌ကြောင်း KNUက ‌ပြောသည်။

ယခုလ ဇန်နဝါရီလ ၁၂ရက်‌နေ့တွင် KNU ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌ရေး ကိုယ်စားလှယ်အဖွဲ့နှင့် ပြည် ‌ထောင်စုအစိုးရအဆင့် ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌ရေးကိုယ်စားလှယ်တို့ ဘားအံမြို့၌ ‌တွေ့ဆုံရာတွင် အ ပစ်အခတ်ရပ်စဲရန်၊ ဆက်ဆံ‌ရေးရုံး ဖွင့်လှစ်ရန်၊ လက်နက်မပါဘဲ တနိုင်ငံလုံး သွားလာရန်နှင့် ကျန်အ ဆင့်များကို ဆက်လက် ‌ဆွေး‌နွေးသွားရန် စသည့်အချက်များဖြင့် ပြည်နယ်အဆင့် ပဏာမ သ‌ဘောတူညီ ချက်စာချုပ် ချုပ်ဆိုခဲ့သည်။

ထို့‌နောက် ထိုပဏာမသ‌ဘောတူညီချက်နှင့် စပ်လျဉ်း၍ အစိုးရ ကာကွယ်‌ရေး ဦးစီးချုပ်ရုံး -ကကကြည်း မှ ကရင်ပြည်နယ်ရှိ ၎င်းတို့တပ်များအား သတ်မှတ်နယ်‌မြေအတွင်း စစ်‌ရေးလှုပ်ရှားခြင်း၊ လူများကို ‌ပေါ် တာဆွဲခြင်း မပြုလုပ်ရန်နှင့် တစ်ဘက်နှင့်တစ်ဘက် ‌ဆွေး‌နွေးပွဲပျက်ပြား‌စေမည့် အပြုအမူများ လုံးဝ မ လုပ်ကြရန် သက်ဆိုင်ရာ ကြည်းတပ်များအား ညွှန်ကြားထားသလို KNUဘက်ကလည်း ၎င်းနည်းတူ ညွှန် ကြားထားသည်ဟု စစ်ဘက်ဆိုင်ရာ သတင်းအရ သိရသည်။

အလားတူ KNU နယ်‌မြေများဖြစ်ကြသည့် ‌တောင်ငူခရိုင်၊ ‌ညောင်‌လေးပင်ခရိုင်၊ ဖာပွန်ခရိုင်၊ သထုံခရိုင် ဘက်တွင်လည်း ယခင်လမှစ၍ ယခုအချိန်ထိ အစိုးရစစ်တပ်မှ ရိက္ခာပစ္စည်းပို့‌ဆောင်မှုများ လုပ်‌ဆောင် ‌နေ‌ကြောင်း သက်ဆိုင်ရာ KNU အရာရှိများက ‌ပြောသည်။

မြန်မာအစိုးရနှင့် KNUတို့ အပစ်အခတ်ရပ်စဲ‌နေချိန်တွင် အစိုးရစစ်တပ်ဘက်မှ ရိက္ခာပို့‌ဆောင်မှုများ အ ဆက်မပြတ်လုပ် ‌ဆောင်မှုအ‌ပေါ် မြန်မာအစိုးရနှင့် KNU အပစ်အခတ်ရပ်စဲ‌ရေးကိစ္စတွင် သံသယရှိသည် ဟု KNU ‌အောက်‌ခြေတပ်မှူးများက သုံးသပ်သည်။