Home သတင်း ခရီးစဉ်ကို ‌ကျေနပ်အားရမှုရှိဟု KNU ငြိမ်းချမ်း‌ရေးအဖွဲ့‌ပြော

ခရီးစဉ်ကို ‌ကျေနပ်အားရမှုရှိဟု KNU ငြိမ်းချမ်း‌ရေးအဖွဲ့‌ပြော

1709
ဇန်နဝါရီ ၁၆ရက်။ ၂၀၁၂ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

မြန်မာအစိုးရနှင့် ပစ်ခတ်ရပ်စဲ‌ရေး ပဏာမ သ‌ဘောတူညီမှု ရရှိခဲ့သည့် ကရင်အမျိုးသားအစည်းအရုံး-KNU ၏ ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌ရေးအဖွဲ့က ၎င်းတို့၏ ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေး‌ရေးခရီးစဉ်ကို အားရ‌ကျေနပ်မှုရှိ‌ကြောင်း ‌ပြောကြားလိုက်သည်။

အစိုးရနှင့် ‌တွေ့ဆုံ‌ဆွေး‌နွေးရန် ယခုလ ၁၁ရက်‌နေ့က စတင်၍ ၅ရက်ကြာ ခရီးစဉ်အပြီး ယမန်‌နေ့ ည‌နေက ထိုင်း-မြန်မာနယ်စပ်သို့ ပြန်လည်‌ရောက်ရှိခဲ့ချိန်တွင် ခရီးစဉ်လိုက်ပါသွားသူ KNU ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌ရေး အဖွဲ့(၁၉)ဦးထဲမှ ‌ပြောခွင့်ရသူ ပဒို‌စော‌ဒေးဗစ်‌ထောက ထိုသို့ ‌ပြောဆိုခဲ့ခြင်းဖြစ်သည်။

၎င်းက “အစိုးရဘက်က အဓိက ပစ်ခတ်ရပ်စဲ‌ရေးလုပ်ချင်တယ်။ အဲဒါက သူတို့ရဲ့ တင်ပြချက်ပဲ။ ကျ‌နော်တို့ဘက်ကလည်း အပစ်အခတ်ရပ်စဲ‌ရေး ဖြစ်နိုင်ဖို့အတွက် အချက်(၁၁)ချက်ကို တင်ပြတယ်။ ဒါကို မူအားဖြင့် သူတို့ လက်ခံတယ်။ အဲဒါအပြင် ‌နောက်ထပ်လိုအပ်ရင် ထပ်ဖြည့်နိုင်ဖို့ အခန်းတခန်းကိုလည်း ထပ်ထည့်‌ပေးထားတယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‌ဆွေး‌နွေးပွဲတွင် ပြည်‌ထောင်စု ဝန်ကြီးအဖွဲ့များအပြင် KNU ၏ ဆက်စပ်နယ်‌မြေများဖြစ်သည့် ပဲခူးတိုင်း၊ တနသင်္ာရီတိုင်းနှင့် မွန်ပြည်နယ်မှ တပ်ဘက်၊ အုပ်ချုပ်‌ရေးဘက် ‌ခေါင်း‌ဆောင်များ၏ ‌ရှေ့‌မှောက်တွင် ‌ဆွေး‌နွေးခွင့်ရသည့်အ‌ပေါ် နှစ်ဘက်သ‌ဘောတူညီမှုများကို လည်း သိရှိခွင့်ရသည်ဟု သူက ဆက်‌ပြောသည်။

ခရီးစဉ်အတွင်း ‌နေပြည်‌တော်တွင် ဒု-ဥက္ကဌ စိုင်း‌မောက်ခမ်း‌တွေ့ဆုံခဲ့ကာ ‌မော်လမြိုင်မြို့၌ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအုန်းမြင့်အား သ‌ဘောတူညီမှုနှင့် ပတ်သက်၍ ရှင်းပြခဲ့‌ကြောင်း နှင့် ပဲခူးတိုင်း ဝန်ကြီးချုပ် ဦးဉာဏ်ဝင်းကို ‌တွေ့ဆုံပြီး KNU ၏ ‌ညောင်‌လေးပင်ခရိုင်၊ ‌တောင်ငူခရိုင်ကိစ္စကိုလည်း ‌ဆွေး‌နွေးခဲ့‌ကြောင်းလည်း KNU ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌ရေးအဖွဲ့က ဆိုသည်။

ထို့အပြင် မြန်မာအစိုးရက ဖားအံမြို့တွင် ၎င်းတို့နှင့် လက်မှတ်‌ရေးထိုးပြီး ၂နာရီ‌ကျော်အကြာ၌ အစိုးရဘက်မှ အကျဉ်းသား ၆၅၁ဦး လွှတ်ရန် ထုတ်ပြန်ခဲ့ခြင်းအပါအဝင် ၎င်းတို့အဖွဲ့‌နေပြည်‌တော် အ‌ရောက်တွင် အပစ်ရပ်ရန် အတွက် KNU နယ်‌မြေအတွင်းရှိ မြန်မာစစ်တပ်များကို သမ္မတ ဦးသိန်းစိန်မှ ညွှန်ကြားသည့် စာထုတ်ပြန် ခဲ့မှုများအ‌ပေါ်လည်း ‌ကျေနပ်အားရ‌ကြောင်း KNU ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌ရေးအဖွဲ့က ‌ပြောသည်။

ယခုလ ၁၂ရက်က ဗိုလ်ချုပ်ကြီးမူတူး‌စေးဖိုး ဦး‌ဆောင်သည့် KNU ငြိမ်းချမ်း‌ရေး ‌ဖော်‌ဆောင်‌ရေးအဖွဲ့ ကိုယ်စားလှယ်အဖွဲ့ဝင် ၁၉ဦးနှင့် မီးရထားဝန်ကြီး ဦး‌ဆောင်သည့် မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့တို့က ဘားအံမြို့၊ ဇွဲကပင်ဟိုတယ်၌ ‌တွေ့ဆုံ‌ဆွေး‌နွေးကာ အပစ်အခတ် ရပ်စဲရန်၊ ဆက်ဆံ‌ရေးရုံး ဖွင့်လှစ်ရန်၊ လက်နက်မပါဘဲ တနိုင်ငံလုံး သွားလာရန်နှင့် ကျန်အဆင့် များကို ဆက်လက် ‌ဆွေး‌နွေးသွားရန် စသည့်အချက်များဖြင့် ပြည်နယ်အဆင့် ပဏာမ သ‌ဘောတူညီချက်စာချုပ် ချုပ်ဆိုခဲ့ကြသည်။

“အစိုးရနဲ့ ကျ‌နော်တို့ ပဏာမ ငြိမ်းချမ်း‌ရေးသ‌ဘောတူညီချက်အရ အ‌သေးစိတ်အချက်အလက်‌တွေကို ဆက်‌ဆွေး‌နွေးဖို့ ၄၅ ရက်သတ်မှတ်ဖို့ သ‌ဘောတူညီတယ်။ ဒါ အကြာဆုံးပဲ။ အဆင်ပြင်ရင် ဒီထက်လည်း ‌စောနိုင်တယ်။”ဟု ပဒို‌ဒေးဗစ်‌ထောက ‌ပြောသည်။

အမျိုးသားတန်းတူ‌ရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရန် ၁၉၄၉ခုနှစ်မှစ၍ မြန်မာအစိုးရ အဆက်ဆက်ကို နိုင်ငံ‌ရေးအရ ‌တော်လှန်ခဲ့သည့် KNU သည် လက်ရှိအချိန်ထိ မြန်မာအစိုးရနှင့် တရားဝင် ၆ကြိမ် ‌တွေ့ဆုံပြီး‌နောက် ပထမဆုံးအကြိမ်အဖြစ် ပဏာမ အပစ်အခတ် ရပ်စဲ‌ရေး သ‌ဘောတူညီမှုကို ရရှိလာခဲ့ခြင်း ဖြစ်သည်။