Home သတင်း ကရင်နီ‌ဒေသအတွင်း ဘိန်းစိုက်ပျိုးမှု ပိုများလာ

ကရင်နီ‌ဒေသအတွင်း ဘိန်းစိုက်ပျိုးမှု ပိုများလာ

2286
ဇန်နဝါရီလ ၁၇ရက်၊ ၂၀၁၂။ (‌ကေအိုင်စီ)

ကရင်နီ‌ဒေသအတွင်းရှိ ဖရူဆိုမြို့နယ် အ‌နောက်ဘက်ခြမ်းနှင့် ဒီ‌မောဆိုမြို့နယ် အ‌နောက်ဘက်ခြမ်းရှိ ‌တောင်ယာစိုက်ပျိုး‌မြေ များ‌ပေါ်တွင် ဘိန်းစိုက်ပျိုးမှု တနှစ်ထက်တနှစ် ပိုများလာ‌ကြောင်း ကရင်နီသတင်းနှင့် ပြန်ကြား‌ရေးဌာနက ‌ပြောသည်။

“အရင်ကဆို ဧက ရာဂဏန်း‌လောက်ပဲ စိုက်ကြတယ်။ အခုဆို ‌တော်‌တော်ကို များလာတယ်လို့‌ပြောရမယ်။ အကြမ်းဖျင်း‌ပေါ့။ ဧက သုံး‌ထောင်‌ကျော်ရှိလာ‌နေပြီး။ ခန့်မှန်း‌ခြေ‌ပေါ့‌နော်။ ‌ဒေသခံ ၅ဝ ရာခိုင်နှုန်း‌လောက်က ဘိန်းစိုက်လာကြတယ်။”ဟု ကရင်နီ သတင်းနှင့် ပြန်ကြား‌ရေးဌာနမှ ဆရာဒယ်နီယာက ‌ပြောသည်။

ကရင်နီ‌ဒေသအတွင်းရှိ ဘိန်းစိုက်ပျိုးမှုသည် ၂၀၀၇ ခုနှစ် ‌နောက်ပိုင်း ပိုမိုတိုးချဲ့စိုက်ပျိုးလာကြပြီး ယခုဆိုလျှင် အသက်‌မွေးဝမ်း ‌ကျောင်းလုပ်ငန်းတခုအဖြစ် လုပ်ကိုင်စား‌သောက်လာသည်အထိ ဖြစ်လာ‌နေပြီးဖြစ်‌ကြောင်း ၎င်းက ‌ပြောသည်။

ယခင်က ထို‌ဒေသတွင် ‌ဒေသခံတို့က ‌တောင်ယာစပါးစိုက်ပျိုးခြင်းဖြင့် ‌ပြောင်းဖူး၊ ‌မြေပဲ၊ နှမ်းအစရှိသည့် သီးနှံများကို စိုက်ပျိုးခဲ့ ကြ‌သော်လည်း ယခုဆိုလျှင် သီးနှံထက် ဝင်‌ငွေလည်း‌ကောင်းကာ အထွက်နှုန်းမြန်ဆန်သည့် ဘိန်းကို အစားထိုးစိုက်ပျိုးရန် စိတ်ဝင်စားလာကြခြင်း ဖြစ်သည်။

ဖရူဆို‌ဒေသခံတဦးက “သီးနှံစိုက်တာ လုပ်ရတာလည်း ခက်ခဲတယ်။ ဝင်‌ငွေလည်း သိပ်မ‌ကောင်းဘူး။ ဘိန်းစိုက်မယ်ဆိုရင် အထွက်လည်း မြန်တယ်။ ဝင်‌ငွေက သီးနှံစိုက်တာထက်ကို အဆ‌ပေါင်းများစွာ ဝင်‌ငွေပိုရ‌တော့ လူ‌တွေက စိုက်ဖို့ စိတ်ဝင်စား လာတာ‌ပေါ့။ တဖြည်းဖြည်းလည်း များလာတာ‌ပေါ့။”ဟု ဆိုသည်။

ကရင်နီ‌ဒေသအတွင်းရှိ ဘိန်းစိုက်ပျိုးမှုကို သက်ဆိုင်ရာ ပြည်နယ်အာဏာပိုင်တို့က ဖျက်ဆီးပစ်ရန် ‌ဒေသအ‌ခြေစိုက် တပ်ရင်း များကို ညွှန်ကြားထားမှုရှိ‌သော်လည်း စစ်တပ်တို့က တာဝန်‌ကျေရုံ‌လောက်သာ လုပ်သွားသည့်အတွက် ဘိန်းစိုက်ခင်းများ ပျက်စီးမသွားသည့်အပြင် တိုးချဲ့စိုက်ပျိုးမှုများလည်း ရှိလာသည်ဟု ဆရာဒယ်နီယာက ‌ပြောသည်။

ကုလသမဂ္ဂ မူးယစ်‌ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) ၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် ဘိန်းစိုက်ပျိုးမှု ၅နှစ် ဆက်တိုက် မြင့်တက်လာသည်ဟု ‌ဖော်ပြထားသည်။

ယခုနှစ်ပိုင်းအတွင်း ဘိန်း‌ဈေးနှုန်း မြင့်တက်ခဲ့သဖြင့် တိုင်းရင်းသား‌ဒေသများအတွင်း ဘိန်းစိုက်ပျိုးမှု များပြားလာသည်ဟု လည်း ရှမ်းပြည် မူးယစ်‌ဆေးဝါး ‌စောင့်ကြည့်‌ရေးအဖွဲ့ကလည်း ‌ပြောဆိုထားသည်။